သင်သိရဲ့လား ( ၁၁ )


“ကမ္ဘာပေါ်မှာ သန်းနဲ့ချီပြီးရောင်းချခဲ့ရတဲ့ စာအုပ်တွေအကြောင်း သင်သိရဲ့လား”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူပရိသတ်ကြီးအတွက် စာပေနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအချက်တွေကို တင်ပြချင်ပါတယ်ခင်ဗျ။ အဲ့ဒါကတော့ သမိုင်းတလျှောက်မှာ သိပ်ကို ရောင်းအားကောင်းခဲ့တဲ့၊ သန်းနဲ့ချီပြီး ရိုက်နှိပ်ထုတ်ဝေ ရောင်းချခဲ့ရတဲ့ စာအုပ်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးသွားမှာပါ။ 

၁။ သန်းနဲ့ချီပြီး ရောင်းချခဲ့ရတဲ့ စာအုပ်တွေအနက် ထိပ်ဆုံးမှာရှိနေတဲ့စာအုပ်ကတော့ စပိန်စာရေးဆရာ Miguel de Cervantes ရေးတဲ့ Don Quixote ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ စပိန်စာပေသမိုင်းမှာ အထင်ရှားဆုံး စာအုပ်ဖြစ်ပြီး ၁၆၀၅ ခုနှစ်မှာ ပထမတွဲ စတင်ထွက်ရှိခဲ့ပြီး ဆယ်နှစ်အကြာ ၁၆၁၅ ခုနှစ်မှာတော့ ဒုတိယတွဲ ထွက်ရှိခဲ့ပါတယ်။ ဒီစာအုပ်ဟာ ယခုချိန်အထိ သန်းပေါင်း ( ၅၀၀ ) ကျော် ထုတ်ဝေရောင်းချခဲ့ရပြီးပါပြီ။ 

၂။ သန်းပေါင်း ( ၂၀၀ ) ကျော် ရောင်းချထားရတဲ့ စာအုပ်ကတော့ အင်္ဂလိပ်ဂန္ထဝင် ဝတ္ထုစာရေးဆရာကြီး Charles Dickens ရဲ့ ပြင်သစ်တော်လှန်ရေးကာလကို အခြေခံထားတဲ့ သမိုင်းနောက်ခံဝတ္ထု “A Tale of Two Cities” ဆိုတဲ့ စာအုပ်ပါပဲ။ သူကတော့ ၁၈၅၉ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ 

၃။ ၁၉၄၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်ဝတ္ထု “Le Petit Prine” ( The Little Prince ) ကတော့ သန်း ( ၂၀၀ ) ကျော် ထုတ်ဝေရောင်းချတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်စာရေးဆရာ Antoine de Saint-Exupery ရေးသားတာပဲ ဖြစ်ပြီး ၁၉၄၃ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ 

၎။ နောက်တစ်အုပ်ကတော့ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးအဖြစ်ပါ အောင်မြင်နေဆဲဖြစ်တဲ့ “The Lord of the Rings” ဆိုတဲ့ ဝတ္ထုကြီးပါပဲ။ ဒီဝတ္ထုကို အင်္ဂလိပ်စာရေးဆရာ J. R. R. Tolkien ရေးတာဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တယ်။ သန်းပေါင်း ( ၁၅၀ ) ကျော် ရောင်းချထားရပြီးဖြစ်တဲ့ နာမည်ကြီး စာအုပ်လည်း ဖြစ်ပါတယ်။ 

၅။ သန်းပေါင်း ( ၁၁၀ ) နီးပါးရောင်းချထားရတဲ့ စာအုပ်ကတော့ အများသိပြီးဖြစ်တဲ့ ဟယ်ရီပေါ်တာဝတ္ထုစီးရီးထဲက ပထမဆုံးစာအုပ်ပါပဲ။ ရုပ်ရုပ်ဇာတ်လမ်းအဖြစ် ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ ဒီဝတ္ထုစီးရီးထဲက ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ စာအုပ်ကတော့ “Harry Potter and the Philosopher’s Stone” ဆိုတဲ့ စာအုပ်ပါပဲ။ သူက ၁၉၉၇ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

၆။ တရုတ်စာပေသမိုင်းရဲ့ ဂန္ထဝင်ဝတ္ထုကြီးလေးခုအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ “Dream of the Red Chamber” ဆိုတဲ့ စာအုပ်ကလည်း သန်း ( ၁၀၀ ) ကျော်ရောင်းချထားရတဲ့ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံးစာရင်းဝင် စာအုပ်တစ်အုပ်လည်း ဖြစ်ပါသတဲ့။ တရုတ်စာရေးဆရာ Cao Xuequin ဆိုသူက ရေးသားပြီး ၁၈ ရာစု၊ ချင်မင်းဆက်လက်ထက်မှာ ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

၇။ နာမည်ကျော် ဂန္ထဝင်အင်္ဂလိပ်စာရေးဆရာ Agatha Christie ရဲ့ “And Then There Were None” ဆိုတဲ့စာအုပ်ကတော့ သန်း ( ၁၀၀ ) ကျော်ရောင်းချထားရပြီး ၁၉၃၉ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ 

Ref; timeshighereducation.com
…..
“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts