သင်သိရဲ့လား (၂ )


သင်သိပါသလား ? 

မင်းသား Daniel Radcliffe ဟာ သူရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားသစ် "Jungle" (2017) မှာ Amazon တောနက်ကြီးထဲမှာ တစ်ကိုယ်တည်း ရုန်းကန်ခဲ့ရတဲ့ သူတစ်ဦးအဖြစ် ပီပြင်ဖို့အတွက် 
ကိုယ်အလေးချိန် ၁၄ ပေါင် (14 pounds) ထိ လျှော့ချခဲ့ပါတယ်။

Daniel ဟာ ရက်သတ္တပတ် (၂) ပတ်လုံးမှာ ကြက်ရင်အုံတစ်တုံးနဲ့ အရိုးနွှင်ထားတဲ့ငါးဖြူကိုသာ စားသုံးခဲ့ပြီး အဆုံးသတ်ရိုက်ကူးမယ့် ၂ ရက်မှာဆို ဘာကိုမှမစားခဲ့ဘူးလို့ သိရပါတယ်။
ဒါမှသာ အစာရေစာပြတ်လတ်ပြီး ဒုက္ခရောက်နေတဲ့သူတစ်ဦးနဲ့ တူမှာဖြစ်ပါသတဲ့ ...

အသက် ၂၈ နှစ်အရွယ် မင်းသားက ယခုလို ဆိုးရွားတဲ့ စားသောက်မှုပုံစံကြောင့် အတော်လေး ပြဿနာတက်ခဲ့သေးတယ်လို့ ဝန်ခံခဲ့ပါသေးတယ်။

Ref: dailymail

Related Posts