သင်သိရဲ့လား ( ၂၉ )


“စက်တင်ဘာလမှာ မွေးဖွားတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် ( ၅ ) ဦး”

၁။ Jack Ma – သူ့ကို Alibaba ဆိုတဲ့ Online Shopping Website ကို ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးကြီး တစ်ဦးအဖြစ် ကမ္ဘာ့စီးပွားရေးလောကမှာရော လူငယ်တွေကြားမှာပါ သိကြတယ်။ ၁၉၆၄ ခုနှစ် ၊ စက်တင်ဘာ ( ၁၀ ) ရက်နေ့မှာ တရုတ်ပြည်မှာ မွေးတယ်။ အခုဆိုသူက အသက် ၅၄ နှစ်ပဲ ရှိသေးပေမဲ့ ပြီးခဲ့တဲ့လအထိ သူ့ရဲ့ အသားတင် ငွေကြေးကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ ၃၈.၆ ဘီလီယံ ရှိနေပြီပဲ ဖြစ်ပါတယ်။ 

၂။ Colonel Sanders - အခုဆို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ဆိုင်ခွဲအများအပြားရှိနေပြီ ဖြစ်တဲ့ KFC ကို ဝန်ဇင်းပရိသတ်ကြီး သိပြီးသား ဖြစ်ပါတယ်။ Kentucky Fried Chicken ( KFC ) ကို တည်ထောင်ခဲ့သူကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီး Colonel Sanders ပဲပေါ့။ သူ့ကို စက်တင်ဘာလ ( ၉ ) ရက်နေ့ ၊ ၁၈၉၀ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ ၁၉၅၂ ခုနှစ် ၊ သူ့အသက် ၆၀ ကျော်လောက်မှ စတင်အကောင်အထည် ပေါ်ခဲ့တဲ့ KFC ဟာ အခုဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၈,၈၇၅ ( တစ်သောင်းကိုးထောင်ခန့် ) ရှိတဲ့အထိ နာမည်ကြီးအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ 

၃။ Lee Kuan Yew - လီကွမ်ယုဆိုတဲ့ နာမည်ကို အားလုံးလည်း ရင်းနှီးပြီး ဖြစ်ပါလိမ့်မယ်။ သူဟာ စင်္ကာပူနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ ချမ်းသာတဲ့နိုင်ငံအဖြစ် ၊ အာရှကျားတစ်ကောင်ဖြစ်အောင် ဦးစီးဆောင်ရွက်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးပဲပေါ့။ သူ့ကို စက်ဘာလ ( ၁၆ ) ရက်နေ့ ၊ ၁၉၂၃ ခုနှစ်မှာ မွေးတယ်။ စင်္ကာပူနိုင်ငံရဲ့ ဖခင်ကြီးလို့ ဆိုရတဲ့အထိ လီကွမ်ယုရဲ့ အမြော်အမြင်ကြီးမှု ၊ ဇွဲလုံ့လထက်သန်မှု ၊ စည်းစနစ်ကြီးမှုနဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်မှု အရည်အသွေးတို့ကို အခုချိန်ထိ အတုယူနေရဆဲ ဖြစ်ပါတယ်။ 

၎။ Leo Tolstoy - ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေဖြစ်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး ( War and Peace ) ၊ အင်နာကာရနီနာ ( Anna Karenina ) တို့ကို အနုပညာမြောက်စွာ ရေးဖွဲ့ခဲ့တဲ့ ရုရှားစာရေးဆရာကြီး လီယိုတောလ်စတွိုင်းရဲ့ မွေးနေ့ဟာ စက်တင်ဘာ ၉ ရက်နေ့ပဲ ဖြစ်ပါတယ်။ သူ့ကို ၁၈၂၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့အသက် ၈၂ နှစ်၊ ၁၉၁၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

၅။ Confucius - ဘီစီ ၅၁၁ ခုနှစ်မှာမွေးတဲ့ တရုတ်ပညာရှိကြီး ကွန်ဖျူးရှပ်ဟာ ဂေါတမဗုဒ္ဓနဲ့ ခေတ်ပြိုင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကွန်ဖျူးရှပ်ရဲ့ စာပေအယူအဆ နဲ့ ဘာသာရေးအယူအဆတွေဟာ အာရှတိုက်မှာသာမက ဥရောပတိုက်အထိ လွှမ်းမိုးခဲ့ပါတယ်။ အကျယ်ပြန့်ဆုံးကတော့ သူ့ရဲ့ ဘဝဒဿနတွေပဲ ဖြစ်ပြီး အရှေ့တိုင်းဒဿနပညာ သင်ကြားရင် ကွန်ဖျူးရှပ်ဟာ မပါမဖြစ် ပုဂ္ဂိုလ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးဖွားတဲ့ ရက် ၊ လ ကိုတော့ အတိအကျ မသိသလို ကမ္ဘာ့စွယ်စုံကျမ်း ( en.wikipeida.org ) မှာလည်း ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ www.thefamouspeople.com ရဲ့ ဖော်ပြချက်အရတော့ ကွန်ဖျူးရှပ်ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ မွေးတယ်လို့ ဆိုပါတယ်။ 

Ref; www.thefamouspeople.com

“ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ စာချစ်သူတို့အတွက် ဗဟုသုတတစ်ခုခု ရသွားတယ်ဆိုရင် ပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts