သင်သိရဲ့လား ( ၁၀ )


“ကမ္ဘာပေါ်က စာဖတ်အများဆုံး နိုင်ငံတွေကို သင်သိရဲ့လား”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …..

ကျွန်တော်တို့ Wun Zinn Digest ရဲ့ “သင်သိရဲ့လား” ကဏ္ဍကနေ ယနေ့မှာ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ “ကမ္ဘာပေါ်က စာဖတ်အများဆုံးနိုင်ငံတွေ” ပါပဲ။ စာမဖတ်တဲ့လူမျိုးဟာ မတိုးတက်ပါဘူး၊ ဒီလိုပဲ … စာမဖတ်တဲ့လူတွေစုနေတဲ့နိုင်ငံဟာလည်း တိုးတက်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ဝန်ဇင်းစာချစ်သူတွေ သိရှိပြီး ဖြစ်ပါတယ်။ ဒီတော့ အခုဖော်ပြမယ့် စာအဖတ်ဆုံးနိုင်ငံတွေစာရင်းကို ကြည့်ရှုရင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကြားက ကွာဟချက်တွေကို လေ့လာလိုက်ရအောင်လားခင်ဗျာ။

၁။ အိန္ဒိယနိုင်ငံသားတွေရဲ့ တစ်ပတ်တာ ပျှမ်းမျှစာဖတ်ချိန်ဟာ ( ၁၀ ) နာရီအထက်မှာ ရှိပါတယ်တဲ့။
၂။ ထိုင်းနိုင်ငံသားတွေရဲ့ တစ်ပတ်တာ ပျှမ်းမျှစာဖတ်ချိန်ကတော့ ( ၉ ) နာရီအထက်ပါတဲ့။
၃။ တရုတ်နိုင်ငံသားတွေကတော့ တစ်ပတ်ကို ပျှမ်းမျှ ( ၈ ) နာရီ စာဖတ်ကြပါသတဲ့။
၎။ တစ်ပတ်တာ ပျှမ်းမျှစာဖတ်ချိန် ( ၇ ) နာရီအထက် ရှိတဲ့နိုင်ငံတွေကတော့ ဖိလစ်ပိုင်နဲ့ အီဂျစ်နိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။
၅။ ဆွီဒင်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဟန်ဂေရီ နဲ့ ဆောဒီအာရေဗျနိုင်ငံတွေကတော့ ( ၆ ) နာရီအထက်ဖြစ်သတဲ့။
၆။ ဒီလို ( ၆ ) နာရီအထက် တစ်ပတ်တာပျှမ်းမျှစာဖတ်ချိန်ရှိတဲ့ နိုင်ငံတွေမှာ ဟောင်ကောင်၊ ပိုလန်၊ ဗင်နီဇွဲလား၊ တောင်အာဖရိက၊ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
၇။ တစ်ပတ်ကို ပျှမ်းမျှစာဖတ်ချိန် ( ၅ ) နာရီဝန်းကျင်ရှိတဲ့ နိုင်ငံတွေကတော့ အာဂျစ်တီးနား၊ တူရကီ၊ စပိန်၊ ကနေဒါ၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ မက္ကစီကို၊ ဘရာဇီး၊ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
……
အခုတင်ပြခဲ့တဲ့ နိုင်ငံတွေက နိုင်ငံသားတွေရဲ့ စာဖတ်ချိန်ဟာ တစ်ရက်ကို တစ်နာရီဝန်းကျင်ရှိတဲ့ “ကမ္ဘာပေါ်က စာဖတ်အများဆုံး နိုင်ငံ” စာရင်းမှာ ပါဝင်တဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

Ref: Market Research World 

ကဲ … ဝန်ဇင်းစာချစ်သူတို့ရော တစ်ရက်မှာ ဘယ်နှစ်နာရီလောက် စာဖတ်လေ့ရှိကြသလဲဗျ ?

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ….





Related Posts