“အနုပညာကြေးအမြင့်ဆုံး ဟောလိဝုဒ်သရုပ်ဆောင် ( ၅ ) ဦး” [Article Entertainment-14]


“အနုပညာကြေးအမြင့်ဆုံး ဟောလိဝုဒ်သရုပ်ဆောင် ( ၅ ) ဦး” 

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဒီနေ့အတွက် Wun Zin Digest ရဲ့ ‘Entertainment’ ကဏ္ဍမှ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ရုပ်ရှင်ချစ်သူတွေအတွက် စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်ခင်ဗျ။ အဲ့ဒါကတော့ အနုပညာကြေးအမြင့်ဆုံး ဟောလိဝုဒ်သရုပ်ဆောင် ( ၅ ) ဦးစာရင်းကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးမှာ ဖော်ပြထားတဲ့ စာရင်းတွေထဲက ထိပ်ဆုံးငါးဦးကို ကောက်နုတ်ဖော်ပြပေးမှာပဲ ဖြစ်ပြီး အဲ့ဒီ ( ၅ ) ဦးထဲမှာ အာရှသရုပ်ဆောင်ဖြစ်တဲ့ မင်းသားကြီး ဂျက်ကီချန်းကိုလဲ တွေ့ရမှာ ဖြစ်ပါတယ်။ 

ကဲ … အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင် ( ၅ ) ဦးစာရင်းထဲ ဘယ်သူတွေပါမလဲ ကြည့်ရအောင်။ 

၁။ Mark Wahlberg - စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေသူကတော့ အမေရိကန်သရုပ်ဆောင်မင်းသား မာ့ခ်ဝေးလ်ဘာ့ဂ်ပါပဲ။ သူက နာမည်ကြီး အမေရိကန်သရုပ်ဆောင်မင်းသားတစ်လက် ဖြစ်တဲ့အပြင် သီချင်းလည်းရေးတဲ့ ရက်ပ်ပါအဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အရင်တုန်းက မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလမ်းပေါ် လျှောက်လှမ်းခဲ့ဖူးပြီး လက်ရှိမှာတော့  ရုပ်ရှင်တစ်ကားအတွက် အနုပညာကြေးကို အမေရိကန်ဒေါ်လာ ၆၈ သန်းထိ ရရှိတဲ့ ကမ္ဘာကျော်မင်းသားအဖြစ် အောင်မြင်နေပြီ ဖြစ်ပါတယ်။ အသက် ( ၄၇ ) နှစ်ရှိပြီဖြစ်တဲ့သူဟာ အခုချိန်ထိ ရုပ်ရှင်ကားကြီးပေါင်း ( ၅၀ ) ကျော်ကို ရိုက်ကူးခဲ့ပြီး Ted, Transformers Series, Planet of the Apes, The Gambler, Deepwater Horizon, Lone Survivor, Shooter, Prisoners နဲ့ The Departed စတဲ့ရုပ်ရှင်တွေကတော့ သူ့ရဲ့ နာမည်ကြီးရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ 

၂။ Dwayne Douglas Johnson - သူကတော့ ရုပ်ရှင်တစ်ကားအတွက် အမေရိကန်ဒေါ်လာ ၆၅ သန်းရရှိတဲ့ ကမ္ဘာကျော် အမေရိကန်မင်းသားပဲ ဖြစ်ပြီး နပန်းသမားအဖြစ် ကျော်ကြားခဲ့တုန်းက နာမည်ဖြစ်တဲ့ “The Rock” မင်းသားအဖြစ်လည်း လူသိများကြပါတယ်။ အနည်းဆုံး ရုပ်ရှင်ကားကြီး ( ၄၀ ) ကျော် ရိုက်ကူးပြီးတဲ့သူဟာ အခုချိန်မှာတော့ အသက် ( ၄၆ ) နှစ်ပဲ ရှိပါသေးတယ်။ အင်စတာဂရမ်မှာ Followers အများဆုံးထဲက ( ၉ ) ယောက်မြောက်ဖြစ်ပြီး လူဦးရေ သန်းပေါင်း ( ၁၈၀ ) က Follow ထားတာပဲ ဖြစ်ပါတယ်။ The Scorpian King, G.I Joe: Retaliation, Central Intelligence, The Others Guys, Jumanji: Welcome to the Jungle, Moana, Pain and Gain, The Fast and the Furious series နဲ့ The Rundown စတဲ့ရုပ်ရှင်ကားတွေကတော့ သူ့ရဲ့ နာမည်ကြီးရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ 

၃။ Vin Diesel - တတိယမြောက် အနုပညာကြေးအမြင့်ဆုံး မင်းသားကတော့ Fast & Furious ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ ကမ္ဘာသိကျော်ကြားတဲ့ မင်းသား ဗင်ဒီဇယ်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားအတွက် အနုပညာကြေးကို အမေရိကန်ဒေါ်လာ ၅၄ ဒဿမ ၅ သန်းအထိ ရရှိပြီး အက်ရှင်ကားတွေနဲ့ သူ့ကို လူသိများကြပါတယ်။ ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးသူအဖြစ်လည်း လုပ်ကိုင်တဲ့ အမေရိကန်မင်းသား ဗင်ဒီဇယ်ဟာ အခုချိန်မှာတော့ အသက် ( ၅၀ ) ရှိနေပြီဖြစ်ပြီး The Fast & the Furious series တွေမှာ ခေါင်းဆောင်မင်းသားနဲ့ နာမည်ကြီး ရုပ်ရှင်တွေကတော့ Pitch Black, Riddick, Find me Guilty, Boiler Room, Saving Private Ryan, The Iron Giant တို့ပဲ ဖြစ်ပါတယ်။ 

၎။ Adam Sandler - တေးစီးရီးများစွာ ထုတ်ခဲ့သူ နာမည်ကြီးအဆိုတော်လည်းဖြစ်၊ ဟာသသရုပ်ဆောင်လည်းဖြစ်တဲ့ အမေရိကန်မင်းသား အဒမ်ကတော့ ရုပ်ရှင်တစ်ကားအတွက် အနုပညာကြေးကို အမေရိကန်ဒေါ်လာ ၅၀ ဒဿမ ၅ သန်းအထိ ရရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ သူဟာ Saturday Night Live ရုပ်သံစီးရီးမှာ စတင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဟောလိဝုဒ်ဇာတ်ကားများစွာမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူ့ကိုမြင်ရင် နာမည်ကြီးဟာသသရုပ်ဆောင်အဖြစ် လူသိများကြပြီး Click, Little Nicky, Big Daddy, 50 First Dates, Reign Over Me, Billy Madison, The Waterboy, Punch Drunk Love, The Wedding Singer နဲ့ Happy Gilmore တို့က သူ့ရဲ့ နာမည်ကြီး ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ 

၅။ Jackie Chan - ဂျက်ကီချန်းကတော့ အထွေအထူး ညွှန်းစရာမလို၊ ပြည်သူ့အချစ်တော် အက်ရှင်ဟာသမင်းသားကြီးပဲ ဖြစ်ပါတယ်။ အနုပညာကြေးအမြင့်ဆုံး ရရှိတဲ့ သရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးက ငါးဦးမြောက်နေရာမှာ ရှိနေပြီး ရုပ်ရှင်တစ်ကားအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်းအထိ ရရှိတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဒရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စတန့်မင်းသား၊ ကိုယ်ခံပညာရှင်တစ်ဦးအပြင် အဆိုတော်လည်းဖြစ်တဲ့ ဂျက်ကီချန်းဟာ အခုချိန်မှာတော့ အသက် ၆၄ နှစ်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားပေါင်း ( ၁၀၀ ) ကျော်ကို ရိုက်ကူးခဲ့ပြီးလည်း ဖြစ်ပါတယ်။ Operation Condor ( Armour of God 2 ), Wheels on Meals, Mr. Nice Guy, Who Am I?, Rumble in the Bronx, Project A, Supercop, Drunken Master, Police Story series စတဲ့ ရုပ်ရှင်တွေကတော့ ဂျက်ကီချန်းရဲ့ နာမည်ကြီးရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ 

Ref; www.forbes.com
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် ပို့စ်ကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ပြောချင်လိုတဲ့ စကားများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts