“ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ တက်တူးနောက်ကွယ်က လျှို့ဝှက်ချက်" [Article Entertainment-10]


“ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ တက်တူးနောက်ကွယ်က လျှို့ဝှက်ချက်”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ တက်တူးတွေနဲ့ ပတ်သက်လို့ပါပဲ။ ယနေ့ခေတ်မှာ တက်တူးတွေကို အရေပြားပေါ်မှာ အလှဆင်ရုံသက်သက်အဖြစ်သာ မဟုတ်တော့ဘဲ  ကိုယ်သတ်မှတ်ထားတဲ့ ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်အလိုက် ရေးထိုးတာ၊ အကြောင်းတစ်စုံတရာနဲ့ ပတ်သက်ပြီး အမှတ်ရတဲ့အနေနဲ့ ရေးထိုးတာ စတဲ့ အကြောင်းအရင်းမျိုးစုံနဲ့ တက်တူးတွေကို ရေးထိုးလာကြပါတယ်။ ဒီလို တက်တူးတွေကို နာမည်ကျော်အနုပညာရှင်တွေဆီမှာလည်း တွေ့ရပါတယ်။ သူတို့ထိုးထားတဲ့ တက်တူးတွေရဲ့ နောက်ကွယ်က အကြောင်းအရင်း၊ အဓိပ္ပါယ်တွေကရော ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်လားခင်ဗျ။ 

၁။ Emma Stone
နာမည်ကြီး La La Land ရုပ်ရှင်ဇာတ်ကားနဲ့ The Amazing Spider Man ရုပ်ရှင်ဇာတ်ကားတို့ရဲ့ မင်းသမီး အမ်မာစတုန်းရဲ့ တက်တူးကတော့ သူမရဲ့ ဘယ်ဘက်လက်ဖျံ လက်ကောက်ဝတ်နားက ‘ငှက်ခြေထောက်’ ပုံလေးပါပဲ။ နာမည်ကျော် ဘီတဲလ် ( Betale ) အဖွဲ့ရဲ့ “Blackbird” သီချင်းထဲက blackbird ကိုယူပြီး တက်တူးထိုးထားတာပါတဲ့။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က သူမရဲ့မိခင်ဟာ ကင်ဆာရောဂါကနေ ပြန်လည်သက်သာလာခဲ့တဲ့ အဖြစ်အပျက်ကို အမှတ်ရတဲ့အနေနဲ့ ဒီတက်တူးကို ရွေးချယ်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

၂။ Rihanna
ကမ္ဘာကျော်အဆိုတော် ရီဟားနားကတော့ ရင်ဘတ်ညာဘက်ခြမ်း အပေါ်နားမှာ ရေးထိုးတားတဲ့ စာတန်းပါပဲ။ အီဂျစ်နတ်ဘုရားမကို ကိုယ်စားပြုတဲ့ စာတန်းပဲ ဖြစ်ပါတယ်။ သူမရဲ့ မိခင်ကို အောက်မေ့သတိရတဲ့အနေနဲ့ ရေးထိုးထားတာပါတဲ့။ သူမရဲ့ အမေက လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်သွားတာပါ။ 

၃။ Selena Gomez
ပရိသတ်ကြီးရဲ့ အချစ်တော်ဖြစ်တဲ့ ဆယ်လီနာဂိုးမက်(ဇ်) ရဲ့ တက်တူးကတော့ ညာဘက်လက်ပြင်မှာ ထိုးတားတဲ့ စာတန်းလေးပါပဲ။ ဒီစာတန်းက အာရေဗျဘာသာစကားနဲ့ ရေးထိုးထားတာပါ။ အဓိပ္ပါယ်ကတော့ “သင့်ကိုယ်သင် အရင်ချစ်မြတ်နိုးပါ” တဲ့။ 

၎။ Lily Collins 
The English Teacher, The Mortal Instruments နဲ့ The Blind Side စတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ နာမည်ကြီးမင်းသမီး လီလီကောလင်းရဲ့ တက်တူးကတော့ သူမရဲ့ ဂုတ်ပိုးဘက်မှာ ထိုးထားတဲ့ စာတန်းပါပဲ။ 	“ကြာပန်းပေါ်က အမျိုးသမီး” လို့ အဓိပ္ပါယ်ရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက သွားရောက်ဖျော်ဖြေခဲ့တဲ့ ကိုရီးယားခရီးစဉ်ကို မှတ်မှတ်ရရဖြစ်တဲ့အနေနဲ့ ရေးထိုးတားတာပါတဲ့။ 

၅။ Jessica Alba
နာမည်ကြီးသိပ္ပံရုပ်ရှင်ဖြစ်တဲ့ Fantastic Four ဇာတ်လမ်းတွေအပြင် Paranoid, The Spoils of Babylon ရုပ်ရှင်ကားတွေရဲ့ နာမည်ကြီးမင်းသမီး၊ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ဂျက်ဆီကာအယ်လ်ဘာရဲ့ တက်တူးကတော့ ညာဘက်လက်ကောက်ဝတ်မှာ ရေးထိုးထားတဲ့ သင်္ကေတလေးပါပဲ။ သက္ကတဘာသာနဲ့ ရေးထိုးထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ ‘ကြာပန်း’ လို့ အမည်ရသတဲ့။ လက်ရှိမှာတော့ EX အဆင့်ဖြစ်သွားပြီဖြစ်တဲ့ တစ်ချိန်က သူမရဲ့ ချစ်သူနဲ့ ပြတ်စဲတုန်းက ဒီတက်တူးကို ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။ 

Ref; businessinsider
………….
“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts