“သင်အားကျသွားမယ့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား ( ၁၀ ) ဦး” [Article Entertainment-24]


“သင်အားကျသွားမယ့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား ( ၁၀ ) ဦး”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျ …

ကမ္ဘာပေါ်မှာရှိတဲ့ ချမ်းသာကြွယ်ဝမှု အမြင့်ဆုံး လူပုဂ္ဂိုလ်စာရင်းထဲမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတင် မကဘဲ ကမ္ဘာကျော် ဘောလုံးသမားတွေကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ် ထင်ပါတယ်။ အများအားဖြင့် ဘောလုံးသမားတစ်ဦး နာမည်ကျော်လာပြီဆိုတာနဲ့ သူရဲ့ နောက်ကနေ ကြွယ်ဝချမ်းသာမှုက အလိုလို ကပ်ပါလာတော့တာပဲ ဖြစ်ပါတယ်။ ကဲ … ဘောလုံးသမားတွေထဲမှာ ဘယ်သူတွေကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်တွေ ဖြစ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်။ 

၁။ Cristiano Ronaldo - ရီးယဲလ်မက်ထရစ်အသင်းရဲ့ ရွှေကြယ်ပွင့်ဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အသားတင် ပိုင်ဆိုင်မှု ငွေကြေးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀ ရှိပါတယ်။ 

၂။ Lionel Messi - အာဂျစ်တီးနား ကမ္ဘာကျော် ဘောလုံးသမား မက်ဆီမှာတော့ သန်းပေါင်း ၄၀၀ ကျော် ကြွယ်ဝချမ်းသာပါသတဲ့။ 

၃။ Zlatan Ibrahimovic – တကယ့်ပွဲကြီးတွေဖြစ်တဲ့ ဂျူဗင်တပ်၊ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့မှာ ကစားခဲ့တဲ့ ဆွီဒင်ဘောလုံးသမား မိုဗစ်ကတော့ အခုဆို အမေရိကန်ဘောလုံးကလပ်ဖြစ်တဲ့ LA Galaxy မှာ ရှိနေပြီး အဲ့ဒီကနေ ကန်ဒေါ်လာ ၁၅၆ သန်း ရရှိနေပါတယ်။ 

၎။ Wayne Rooney - အင်္ဂလိပ်လူမျိုး ကမ္ဘာကျော် ဘောလုံးသမား ရိုးနီကတော့ ကန်ဒေါ်လာ ၁၄၅ သန်း ပိုင်ဆိုင်ပါတယ်။ မန်ချက်မှာ ကစားခဲ့ဖူးတဲ့သူဟာ ပြီးခဲ့တဲ့ နှစ်မှာတော့ အဲဗာတန်ကို ရွေ့သွားပြီပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာ တစ်ပတ်ကို ယူရို တစ်သိန်းခွဲဝင်ငွေရှိပါသတဲ့။ 

၅။ Neymar - ဘရာဇီးလူမျိုး နေမာကတော့ ဘောပွဲဝါသနာမပါသူတွေတောင် သိကြတဲ့ စတားတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာကျော်ဖိုးဘီးမဂ္ဂဇင်းရဲ့ ဖော်ပြချက်အရဆိုရင် နေမာဟာ ကန်ဒေါ်လာ သန်းပေါင်း ၁၄၀ လောက် အသားတင်ဝင်ငွေ ရှိပါတယ်။ 

၆။ Gareth Bale - စပိန်အသင်းရဲ့ လက်စွဲတော်လို့ ပြောရမယ့် ဂါးရတ်ဘေးလ်ကတော့ သန်း ၁၁၀ အသားတင် ပိုင်ဆိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်မက်ထရစ်ကို ပြောင်းရွှေ့တုန်းကဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော်နဲ့ ကမ္ဘာ့စံချိန် ဝင်ခဲ့ပါတယ်။
 
၇။ Eden Hazard - ဧဒင်ကတော့ အင်္ဂလိပ်ကလပ်ကို ရွေ့သွားတယ်။ ၂၀၁၂ တုန်းက ချဲလ်ဆီးမှာ ပြောင်းရွှေ့ကြေး ကန်ဒေါ်လာ ၃၂ သန်းနဲ့ပါ။ ဘယ်လ်ဂျီယံ စတားတစ်ဦးဖြစ်တဲ့ ဧဒင်ကို ကမ္ဘာကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Nike နဲ့ Lotus Bakeries တို့က စပွန်ဆာချိတ်ထားပါတယ်။ သူ့မှာတော့ အသားတင်ဝင်ငွေက ကန်ဒေါ်လာ သန်း ၁၀၀ ပါ။
 
၈။ Sergio Aguero – အာဂျစ်တီးနား ဂိုးသွင်းမင်းသားဖြစ်တဲ့ ဆာဂျီယိုကတော့ အသားတင်ဝင်ငွေ သန်း ၅၀ ရှိပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်တုန်းက ဖိုးဘီးမဂ္ဂဇင်းရဲ့ မှတ်တမ်းအရ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီ့ထက် နောက်တစ်ဆလောက် ဝင်ငွေရှိနေပြီလို့ ဆိုပါတယ်။ 

၉။ Luis Suarez - လစ်ဗာပူးလ်မှာ နွှဲခဲ့ဖူးတဲ့ လူးဝစ်ကတော့ သန်း ၄၀ ကျော်နဲ့ ဘာစီလိုနာကို ၂၀၁၄ တုန်းက ပြောင်းသွားပါတယ်။ သူ့ကိုလည်း Adidas, Gatorade, GOME စတဲ့ နာမည်ကြီးတွေအပြင် မလေးရှားခရီးသွားလုပ်ငန်းတို့ကပါ ချိတ်ထားကြပါတယ်။ 

၁၀။ James Rodriguez - ရီးယဲလ်နဲ့ စာချုပ်ချုပ်ထားတဲ့ ဂျိမ်းစ်ကတော့ ကန်ဒေါ်လာ ၃၀ ဟာ သူ့ရဲ့ အသားတင် ဝင်ငွေပါပဲ။ ၂၀၁၇ မှာတော့ ဘရိုင်ယန်မျူးနစ်က ငှားခဲ့ပါတယ်။ Adidas, Neste နဲ့ Clear ခေါင်းလျှော်ရည် ကုမ္ပဏီတို့က စပွန်ဆာချိတ်ထားပါတယ်။ 

Ref; ww.africanindy.com

…….

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦးနော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts