“နာမည်ကြားလိုက်ရုံနဲ့ WOW ဖြစ်သွားမယ့် Single အနုပညာရှင်များ” [Article Entertainment-17]


“နာမည်ကြားလိုက်ရုံနဲ့ WOW ဖြစ်သွားမယ့် Single အနုပညာရှင်များ”

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများထဲမှာ Single တွေများ ရှိမလားခင်ဗျ၊ တကယ်လို့ ရှိတယ်ဆိုရင်တော့ Single ဖြစ်ရတာကို ကြံဖန်ပြီး ဂုဏ်ယူလို့ရပါပြီ၊ ဘာလို့လဲဆိုတော့ တကယ့် နာမည်ကျော် အနုပညာရှင်အချို့ဟာလည်း Single တွေပဲ ဖြစ်နေကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Wun Zinn Digest ရဲ့ ‘ဖျော်ဖြေရေးကဏ္ဍ’ ( Entertainment ) မှ ဒီတစ်ပတ်အတွက် တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ နာမည်ကြားလိုက်ရုံနဲ့ WOW ဖြစ်သွားမယ့် Single အနုပညာရှင်များပဲ ဖြစ်ပါတယ်ခင်ဗျ။ ဘယ်သူတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လားခင်ဗျာ … ။

၁။ Angelina Jolie - ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသမီး၊ လူသားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သူ၊ ကလေးခြောက်ယောက်မိခင် ဖြစ်တဲ့ အန်ဂျလီနာဂျိုလီဟာ ဘက်စုံ အကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့၊ အများက သတ်မှတ်ထားတဲ့ ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ၂၀၁၇ ခုနှစ်မှာ သူမရဲ့ ခင်ပွန်းဖြစ်သူ ဘရက်ပစ် ( Brad Pitt ) နဲ့ လမ်းခွဲပြီးတဲ့နောက် ခုဆိုရင်တော့ ဂျိုလီဟာ Single တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘရက်ပစ်မတိုင်ခင် ဂျိုလီမှာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပြီး သူတို့ကတော့ Billy Bob Thornton နဲ့ Jonny Lee Miller တို့ပဲ ဖြစ်ပါတယ်။ 

၂။ Emma Watson - ဟောလိဝုဒ်ရဲ့ ငွေကြယ်ပွင့်ဖြစ်သူ ဟယ်ရီပေါ်တာမင်းသမီးလေး အီမာဝက်တ်ဆန်ကလည်း Single ပဲ ဖြစ်ပါတယ်တဲ့။ သူမရဲ့ အချစ်ခရီးလမ်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို ချပြခဲပေမဲ့ ပြီးခဲ့တဲ့နှစ်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ သူမနဲ့ နည်းပညာ စီးပွားရေးလုပ်ငန်းရှင် ဝီလျံမက်ခ်နိုက် ( William Mack Knight ) တို့ရဲ့ လမ်းခွဲသတင်းဟာ ထွက်ပေါ်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းစရာ အချစ်ရေးဟာ အီမာရဲ့ ဘဝလမ်းကြောင်းကိုတော့ ထိခိုက်ခြင်း မရှိခဲ့ပါဘူး။ သူမဟာ ဝင်ငွေအမြင့်ဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီး Beauty and the Beast မှာ အဓိကဇာတ်ဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သလို အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ်၊ ဒါ့အပြင် ဥရောပသမဂ္ဂရဲ့ Goodwill Ambassador အဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ 

၃။ Loenardo DiCaprio - လတ်တလောမှာ သူလည်း Single ဖြစ်နေပါတယ်။ ကမ္ဘာကျော်မင်းသား လီယိုနာဒိုရဲ့ အချစ်ရေးဟာ မကြာခဏဆိုသလို သတင်းမီဒီယာ စာမျက်နှာတွေထက်မှာ ရှင်းလင်းရလေ့ရှိပါတယ်။ အော်စကာဆုရှင်ကြီး လီယိုနာဒိုဟာ နှစ်အနည်းငယ်အတွင်းမှာ ရုပ်ရှင်မင်းသမီးများ အပါအဝင် မော်ဒယ်အတော်များများနဲ့ပါ ဇာတ်လမ်းရှိခဲ့သူတစ်ယောက်ပါပဲ။ Blake Lovely, Gisele Bundchen, Bar Rafaeil, Nina Adgal တို့ကတော့ သတင်းစာမျက်နှာတွေထိ ပါလာခဲ့သူတွေပေါ့။ လီယိုနာဒိုတစ်ယောက် ဘယ်လိုပဲ အတွဲများများ တကယ်တမ်းမှာတော့ မိန်းကလေးတစ်ယောက်နဲ့ ဘဝကို အခြေချနေထိုင်ဖို့ မစီစဉ်သေးပါဘူး။ သူ့ရဲ့ အနုပညာလမ်းကြောင်းမှာတော့ သူဟာ အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်အဖြစ် အခြေခိုင်မာနေသလို တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး စည်းရုံးလှုံ့ဆော်သူတစ်ယောက်အဖြစ်လည်း စိတ်အားထက်သန်စွာ ဆောင်ရွက်နေပါတယ်။ 

၎။ Jennifer Aniston - ၂၀၀၀ ပြည့်နှစ်မှ  မင်းသား ဘရက်ပစ် ( Brad Pitt ) နဲ့ လက်ထပ်ပြီး နောက်ပိုင်းမှာတော့ ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ အလှမိဖုရားတစ်ပါးဖြစ်သူ ဂျနီဖာအန်စ်တန်ရဲ့ ရိုဆန်ဆန် အချစ်ရေးသတင်းတွေက သတင်းမီဒီယာထက်မှာ ပါဝင်လာခဲပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးကွဲမှုနဲ့ ဘရက်ပစ်ရဲ့ နောက်ထပ်အချစ်ရေးက အင်ဂျလီနာဂျိုလီနဲ့ ပေါင်းဖက်ဖို့ ဖြစ်နေခဲ့တာဟာ မီဒီယာထက်မှာတော့ ဂျနီဖာအတွက်တော့ အပြောများတဲ့ ဒရမ်မာဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့တာပေါ့။ မမျှော်လင့်စွာဘဲ သူမရဲ့ အိမ်ထောင်ရေး ကွဲပြဲမှုဟာ ဂျက်စတင်သောရိုး ( Justin Theroux ) နဲ့ သတင်းထွက်လာချိန်မှာတော့ အနုပညာအသိုင်းအဝိုင်းကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဂျနီဖာကတော့ သူမဟာ Single တစ်ယောက်၊ Happy Single တစ်ယောက်အဖြစ် နေပျော်တယ်ဆိုတာကို အချိန်နဲ့ သက်သေပြသွားပါတယ်။ သူမမှာ လက်ရှိ တွဲနေတဲ့သူ မရှိပါဘူး။

၅။ Brad Pitt - Brad Pitt နဲ့ Angelina Jolie တို့အတွဲဟာ သိပ်ကိုလိုက်ဖက်ကြလွန်းလို့ နာမည်နှစ်ခုပေါင်းပြီး ‘Brangelina’ လို့တောင် သတ်မှတ်ခေါ်ဆိုကြတဲ့ အထိပါပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူတို့နှစ်ဦးဟာ မနှစ်က လမ်းခွဲခဲ့ကြတယ်။ နှစ်ယောက်သား ( ၁၀ ) နှစ်ကျော် အတူလက်တွဲခဲ့ပြီးကာမှ ဝမ်းနည်းဖွယ်ဇာတ်လမ်းနဲ့ အဆုံးသတ်ခဲ့တာပေါ့။ ဘရက်ပစ်ဟာ ဂျိုလီနဲ့မတိုင်ခင် Jennifer Aniston နဲ့ ငါးနှစ်ကြာ ချစ်ခရီးလမ်းကို လျှောက်လှမ်းခဲ့ပါသေးတယ်။ Single တစ်ယောက်ဖြစ်သွားတဲ့ ဘရက်ပစ်ကတော့ ဇာတ်လမ်းဟောင်းတွေဖြစ်တဲ့ Sienna Miller နဲ့ Kate Hudson တို့နဲ့ ပြန်တွဲမယ့်အစား လက်ရှိမှာ သူ့ကျန်းမာရေးသူ အာရုံစိုက်တယ်၊ အရက်ဖြတ်နေတယ်၊ အနုပညာအလုပ်တွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။ 

Ref; www.eharmony.co.uk

ကဲ … ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ ၊ ဟောလိဝုဒ်လောကတွင်းက အချစ်ဇာတ်လမ်းတွေကတော့ အတော်လည်း ရှုပ်ပနော့၊ ဒါပေမဲ့ ဘယ်လောက်ပဲ နှစ်ရှည်လများ လက်တွဲပြီးကာမှ သဘောထားချင်း မတိုက်ဆိုင်တော့လို့ လမ်းခွဲခဲ့သည့်တိုင် အတင်းအဖျင်း ပုပ်ချခြင်းမလုပ်၊ ဂုဏ်သိက္ခာရှိရှိ လမ်းခွဲခဲ့ကြပြီး ကိုယ့်အလုပ်ကို ထိခိုက်မခံ၊ အာရုံစိုက်ပြီး ပုံမှန်လုပ်ဆောင်သွားနေနိုင်တာကတော အတုယူစရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ 

ဒီတော့ … ခုလို နာမည်ကြီးတွေတောင် Single ဘဝနဲ့ ကောင်းကောင်းမွန်မွန် ရပ်တည်နေကြတယ်ဆိုတော့ စာချစ်သူတို့ထဲက သူများ RS တွေကို အားကျနေတဲ့ Single တွေအနေနဲ့လည်း ကိုယ့်ရဲ့ Single ဖြစ်တည်မှုကို ဆက်လက်ထိန်းသိမ်းလိုက်ကြပါလို့ အားပေးရင်း ဒီတစ်ပတ်အတွက် ဖျောဖြေရေးကဏ္ဍ အစီအစဉ်ကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ 
………….
ဝန်ဇင်းသတင်းစကား ။      ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာရှင် Celebrities များအကြောင်းနဲ့ ရုပ်ရှင် ဂီတ သတင်းများကို Wun Zinn Digest ရဲ့ ‘ဖျော်ဖြေရေးကဏ္ဍ’ ( Entertainment ) ကဏ္ဍမှ အပတ်စဉ် အင်္ဂါနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းပါးလိုက်ပါရစေခင်ဗျာ။
………….
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရေစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts