“စာရေးဆရာတွေဖြစ်ကြတဲ့ နာမည်ကျော် ဟောလိဝုဒ်အနုပညာရှင် ( ၁၀ ) ဦး” [Article Entertainment-16]


“စာရေးဆရာတွေဖြစ်ကြတဲ့ နာမည်ကျော် ဟောလိဝုဒ်အနုပညာရှင် ( ၁၀ ) ဦး”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းပရိသတ်ကြီးအနေနဲ့ နိုင်ငံခြားရုပ်ရှင်တွေမှာ သရုပ်ဆောင်ကြတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေကို သိရှိရင်းနှီးကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အများစုရင်းနှီးတာတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေက သရုပ်ဆောင်၊ အဆိုတော်တွေပဲ ဖြစ်တယ်၊ ဒီထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါတတ်ကြတာကို သတိထားမိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သတိမထားမိတဲ့အချက်ကတော့ ဒီ ဟောလိဝုဒ်အနုပညာရှင်တွေထဲမှာ စာရေးဆရာတွေလည်း ဖြစ်ကြတဲ့ အနုပညာရှင်တွေ ပါဝင်နေတယ်ဆိုတာပါပဲ။ သူတို့ကတော့ … 

၁။ Chris Colfer 
ဂီတအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် ဒရမ်မာဟာသရုပ်သံဇာတ်လမ်းတွဲမှာ Kurt Hummel နေရာက သရုပ်ဆောင်တဲ့ ခရစ်ကော်လ်ဖာဟာ စာရေးဆရာအဖြစ်လည်း လူသိများတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူရဲ့ Struck by Lightning စာအုပ်ဟာ ရုပ်ရှင်အဖြစ်တောင် ရိုက်ကူးထားတဲ့အပြင် The Land of Stories နဲ့ The Curvy Tree စတဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။

၂။ Steve Martin 
အမေရိကန်သရုပ်ဆောင်ဖြစ်တဲ့ စတိဗ်မာတင်ကတော့ ဟာသဇာတ်မြူးတွေနဲ့ နာမည်ကြီးသူဖြစ်ပါတယ်။ The Smothers Brothers Comedy Hour စာအုပ်နဲ့ စတင်နာမည်ရလာပြီး အက်ဆေး၊ ကလေးစာပေတွေ၊ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဝတ္ထုရှည်တွေကို ရေးသားခဲ့သူပဲ ဖြစ်ပါတယ်။ The Jerk, Pure Drivel, The Pleasure of My Company, An Object of Beauty နဲ့ Shopgirl တို့ဟာ သူ့ရဲ့ နာမည်ကျော် ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ 

၃။ Madonna
စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်တဲ့အပြင် နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ မက်ဒိုးနားကတော့ ပေါ့ဘုရင်မလို့ တင်စားခံရတဲ့အထိ အောင်မြင်ကျော်ကြားတဲ့  အမေရိကန်အဆိုကျော်ပဲ ဖြစ်ပါတယ်။ သူမကဟာ ကလေးစာပေ အများအပြားကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ၊ ဟောလိဝုဒ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ စာရိတ္တနဲ့ ကိုယ်ကျင့်တရား၊ ကောင်းမွန်တဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာစေတဲ့ ပုံပြင်တွေ၊ စာစုတွေများစွာရေးသားခဲ့တဲ့အထဲက အထင်ရှားဆုံးလက်ရာကတော့ The English Roses ဆိုတဲ့ စာအုပ်ပါပဲ။ 

၎။ Nicole Richie 
သရုပ်ဆောင်လည်းဖြစ်တဲ့အပြင် ဖက်ရှင်ဒီဇိုင်နာလည်းဖြစ်သူ နီကိုးလ်ကတော့ The Truth About Diamonds, Priceless နဲ့ Untitled တို့ကို ရေးသားခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
 
၅။ Hilary Duff 
အမေရိကန်သရုပ်ဆောင် ဟီလယ်ရီဒပ်ဖ်ကတော့ အဆိုတော်ဆိုလည်းဟုတ်၊ တေးစပ်သူလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်တဲ့ ဟောလိဝုဒ်အနုပညာရှင်ပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် သူမဟာ New York Times Best Seller series ထဲမှာ ပါဝင်ခဲ့တဲ့ Elixir ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲ့ဒီစာအုပ်ဟာ Devoted, True ဆိုတဲ့ စာအုပ်တွေကိုလည်း စီးရီးအဖြစ် ထွက်ရှိခဲ့ပါတယ်။ 

၆။ Tyra Banks 
အမေရိကန် တယ်လီဗင်းရှင်းရုပ်သံတွေမှာ ပါဝင်ခဲ့တဲ့ မော်ဒယ်လုပ်ခဲ့ဖူးသူ၊ အဆိုတော်လည်းဖြစ်တဲ့ အနုပညာရှင် သရုပ်ဆောင် တိုင်ရာဘန့်ကတော့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Modelland ဆိုတဲ့စာအုပ်နဲ့ စာရေးသူအဖြစ် နာမည်ရလာတာပဲဖြစ်ပြီး ဒီစာအုပ်အပြင် သူမဟာ Tyra’s Beauty Inside & Out and Perfect is Boring: 10 Things My Crazy, Fierce Mama Taught Me About Beauty, Booty နဲ့ Being a Boss စတဲ့ စာအုပ်တွေကိုလည်း ရေးသားထားပါသေးတယ်။ 

၇။ Carrie Fisher 
နာမည်ကြီး အမေရိကန်သရုပ်ဆောင်ဖြစ်တဲ့ ကာရီဖစ်ရှာဟာ ဟာသဇာတ်ပြောဆရာမအဖြစ်လည်း အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်သူပါ။ သူမဟာ စာရေးဆရာမဆိုလည်း ဟုတ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး Star Wars ဇာတ်လမ်းထဲက မင်းသမီးလီယာ ( Princess Leia ) ဟာ သူမပဲပေါ့။ Postcards from the Edge ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်ဆန် ဝတ္ထုက သူမရဲ့ ပထမဆုံးလက်ရာပါ။ Wishful Drinking, The Princess Diarist စတဲ့ ဝတ္ထုတွေကိုလည်း ရေးသားထားတဲ့သူမဟာ ဟောလိဝုဒ်အနုပညာရှင် စာရေးဆရာမတစ်ဦးပဲ ဖြစ်ပါတယ်။ 

၈။ Britney Spears
အထွေအထူးညွှန်းစရာမလိုတဲ့ ဘရစ်တနီစပီးယားကတော့ စာလည်းရေးတဲ့ ဟောလိဝုဒ်အနုပညာရှင် စာရေးဆရာတစ်ဦးပဲ ဖြစ်ပါသတဲ့။ သူမ ရုန်းကန်ဖြတ်သန်းခဲ့တဲ့ ဘဝအခက်အခဲ အတွေ့အကြုံတွေကို ထည့်သွင်းရေးဖွဲ့ထားတဲ့ A Mother’s Gift နဲ့ Britney Spear’s Heart to Heart ဆိုတဲ့ စာအုပ်တွေကို ရေးသားထားတဲ့သူပဲ ဖြစ်ပါတယ်။ 

၉။ James Franco
Spider Man ဇာတ်ကားတွေမှာ ပီတာပက်ကားရဲ့ သူငယ်ချင်းအဖြစ် ကျွန်တော်တို့နဲ့ ရင်းနှီးခဲ့သူ နာမည်ကြီး သရုပ်ဆောင် ဂျိမ်းစ်ဖရန်ကိုကတော့ Palo Alto ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ရေးသားထွက်ရှိခဲ့ဖူးတဲ့ စာရေးဆရာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဆက်ကျော်သက် အတွေ့အကြုံတွေကို ရေးသားထားတယ်လို့ သိရပါတယ်။ ဒီစာအုပ်အပြင် A California Childhood, Bungalow 89, Actors Anonymous နဲ့ Rebel ဆိုတဲ့ စာအုပ်တွေကိုလည်း ရေးသားခဲ့တဲ့ မင်းသားပဲ ဖြစ်တယ်ဗျ။ 

၁၀။ Matt Damon
ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် မတ်ဒေမွန်ကတော့ Good Will Hunting ဆိုတဲ့ ဇာတ်ညွှန်းကို သူ့ ငယ်သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် Ben Affleck နဲ့ ပူးတွဲရေးသားခဲ့ဖူးပါတယ်။ ဒီဇာတ်ညွှန်းနဲ့ ရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့ပြီး ဝီလ်နဲ့ ဘန်တို့အတွက် အကောင်းဆုံးဇာတ်ညွှန်း အော်စကာဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ 

Ref; paperclipsmagazine
…………
“ဟောလိဝုဒ်အနုပညာရှင်တွေနဲ့ သူတို့အကြောင်းကို စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းရဲ့ entertainment ကဏ္ဍနဲ့ပတ်သက်ပြီး အကြံပြုလိုသည်များကို ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  

Related Posts