‘သြဂုတ်လမှာ မွေးဖွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် ( ၈ ) ဦးအကြောင်း’ [Article Entertainment-20]


‘သြဂုတ်လမှာ မွေးဖွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် ( ၈ ) ဦးအကြောင်း’ 

မင်္ဂလာပါညနေခင်းပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ …. ။ 

ဒီနေ့အတွက် Wun Zinn Digest ရဲ့ ဖျော်ဖြေရေးကဏ္ဍ ( Entertainment ) မှ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ‘သြဂုတ်လမှာ မွေးဖွားတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် ( ၈ ) ဦးအကြောင်း’ ပဲ ဖြစ်ပါတယ်ခင်ဗျ။ ယခုလဟာ ရှစ်လပိုင်း ( August ) ဖြစ်သလို ဒီပို့စ်မှာ ဖော်ပြသွားမယ့် ကမ္ဘာကျော်ပုဂ္ဂိုလ်များကလည်း ( ၈ ) ဦးပဲ ဖြစ်ပါတယ်။ ကဲ … ဒီတော့၊ အခုလို သြဂုတ်လအတွင်းမှာ ကမ္ဘာကျော်ပုဂ္ဂိုလ် ဘယ်သူတွေများ မွေးဖွားခဲ့ကြတာလဲဆိုတာ ကြည့်လိုက်ရအောင်လားခင်ဗျ။ 

၁။ Michael Jackson - ကမ္ဘာကျော် ပေါ့ပ်ဘုရင် ( King of Pop ) ဖြစ်တဲ့ အမေရိကန်နိုင်ငံသား မိုက်ကယ်ဂျက်ဆင်ဟာ ၁၉၅၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ မွေးတဲ့ ပါရမီရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ အသက် ၅၀ အရွယ်၊ ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် ကွယ်လွန်ခြင်းဖြစ်တယ်လို့တော့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂။ Barack Obama – အမေရိကန်နိုင်ငံရဲ့ ( ၄၄ ) ယောက်မြောက် သမ္မတဖြစ်သူ ဘားရတ်အိုဘားမားက သြဂုတ်လ ၄ ရက်နေ့မှာ မွေးဖွားပါတယ်။ ခုနှစ်ကတော့ ၁၉၆၁ ခုနှစ်ဖြစ်ပြီး အခုဆိုရင်တော့ သူဟာ အသက် ၅၆ နှစ် ရှိပါပြီ။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး နိုင်ငံရေးခံယူချက်ကတော့ ဒီမိုကရက်တစ်ဝါဒပဲ ဖြစ်ပါတယ်။ 

၃။ Warren Buffett - သူဟာ အခုဆို အသက် ၈၇ နှစ် ရှိပြီပေါ့။ စီးပွားရေးလောကရဲ့ ဘုရင်တစ်ပါးလို့ ဆိုရမယ့် ဘတ်ဖက်(ထ) က သြဂုတ်လ ၃၀ ရက်နေ့၊ ၁၉၃၀ မှာ မွေးတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နက်ဘရက်စကာပြည်နယ်ရဲ့ အိုမာဟာမြို့မှာ မွေးဖွားခဲ့ပါတယ်။ လိုအပ်ချက် အရပ်ရပ်အတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံကျော်ထိ လှူဒါန်းထားဖူးတဲ့ ကမ္ဘာ့ ဒုတိယလှူဒါန်းမှု အမြင့်ဆုံး ပရဟိတ ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ Fobes မဂ္ဂဇင်းကြီးရဲ့ ဖော်ပြချက်အရ ၂၀၁၈ ခုနှစ်ထိ သူ့ရဲ့ ပိုင်ဆိုင်မှု ပမာဏဟာ ကန်ဒေါ်လာ ၈၁ ဒသမ ၉ ဘီလျံအထိ ရှိတဲ့ တတိယအဆင့် ဘီလျံနာတစ်ဦးပါပဲ။ 

၎။ Chris Hemsworth - သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ မွေးဖွားတဲ့ အော်ဇီနိုင်ငံသားဖြစ်ပြီး ဟောလိဝုဒ် အနုပညာလောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဟမ်း(စ်)ဝေါ့သ်ကို Marvel ရဲ့ ဇာတ်ကောင် Thor အဖြစ် လူသိများကြပါတယ်။ သူဟာ ၁၉၈၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ မွေးဖွားပြီး ဒီလ ၁၁ ရက်နေ့မှာတော့ အသက် ၃၄ နှစ်ပြည့်မှာပါ။ 

၅။ Mother Teresa - လူတစ်သန်းမှာ တစ်ယောက်ရှိခဲလှတဲ့ မေတ္တာဝါဒီ၊ မေတ္တာရှင် အမျိုးသမီးကြီး မာသာထရီဇာက သြဂုတ်လ ၂၆ ရက်နေ့၊ ၁၉၁၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ရိုမန်ကတ်သလစ် ဘာသာဝင်ဖြစ်ပြီး ကမ္ဘာကို မေတ္တာတရားဖြင့် လှုပ်နှိုးနိုင်ခဲ့တဲ့ မဟာလူသားတစ်ဦးပဲ ဖြစ်ပြီး ဆင်းရဲသားများ၊ အစွန့်ပစ်ခံ မိဘမဲ့ ကလေးများနှင့် ရောဂါသည်များဘက်က ရပ်တည် ဖေးကူညီခဲ့တဲ့ အနှိုင်းမဲ့ မေတ္တာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော သူမကို ငြိမ်းချမ်းရေးနိုဗယ်ဆု အပါအဝင် အခြားသော ဂုဏ်ထူးဆောင် ဆုများကို ချီးမြှင့်ခဲ့ပေမယ့် မာသာထရီဇာဟာ သူမ၏ ကိုယ်ပိုင်အဖြစ် မှတ်ယူခြင်းမရှိဘ ဆု၊ ငွေကြေးများကို ဆင်းရဲသားများရဲ့ အမည်ခံပြီး ၄င်းတို့အတွက်သာ ပြန်လည် အသုံးပြုခဲ့တယ်။ အသက် ၈၇ နှစ်အရွယ်၊ ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ကွယ်လွန်ခဲ့ပါတယ်။ 

၆။ Jennifer Lawrence – ညှို့အားပြင်းပြင်းနဲ့ ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသမီး ဂျနီဖာလောရင့်ကတော့ ၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ မွေးပြီး အခုမှ  အသက် ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်မှာတော့ အနုပညာကြေး အမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်မင်းသမီးတွေအနက် တစ်ဦး အပါအဝင်ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာတော့ Time မဂ္ဂဇင်းကြီးက ဖော်ပြတဲ့ ကမ္ဘာ့ သြဇာအရှိဆုံး လူ ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တဲ့ အပြင် ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တို့မှာတော့ Frobes မဂ္ဂဇင်းကြီးရဲ့ ဆယ်လီ ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။ အသက် ၁၄ နှစ်ကစလို့ အနုပညာလောထဲ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကားကြီး အများအပြားကို ရိုက်ကူးပြီးဖြစ်တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ 

၇။ Whitney Houston - ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ မွေးဖွားပြီး ကမ္ဘာကျော် အဆိုတော်လည်းဖြစ်၊ မင်းသမီးလည်းဖြစ်၊ ရုပ်ရှင်ထုတ်လုပ်သူဆိုလည်း ဟုတ်၊ မော်ဒယ်အဖြစ်လည်း ဆောင်ရွက်ခဲ့တဲ့ အနုပညာ လောကရဲ့ ကြယ်တစ်ပွင့် ဖြစ်ခဲ့ဖူးသူ ဟောင်စတန်ကတော့ ငယ်ငယ်ရွယ်ရွယ် အသက် ၄၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ သူမဟာ အများဆုံး ဆုချီးမြှင့်ခြင်းခံရတဲ့ အမျိုးသမီး သရုပ်ဆောင်တစ်ဦးအဖြစ် ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး ကမ္ဘာအနှံ့ အယ်လ်ဘမ်ပေါင်း သန်း ၂၀၀ ကျော် ရောင်းချခဲ့ရတဲ့ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ 

၈။ Demi Lovato - အသက်ငယ်ငယ်လေးနဲ့ ကမ္ဘာကျော် အဆိုတော်တစ်ယောက်လည်းဖြစ် ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်တဲ့ ဒမီလိုဗာတိုကတော့ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့ဆိုရင် အသက် ၂၅ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားတဲ့ သူမဟာ ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေကို စိတ်ဝင်တစားရှိခဲ့တာ ဖြစ်ပြီး အသက် ( ၇ ) နှစ်ကစလို့ Piano တီးခြင်းကို သင်ယူခဲ့ပြီး Guitar ကိုတော့ အသက် ( ၁၀ ) နှစ်လောက်မှ စတင် တီးခတ်ခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီအရွယ်မှာပဲ သီချင်းဆိုခြင်းနဲ့ အကပညာကို သင်ကြားခဲ့ပါတယ်။ သူမဟာ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Prison Break ( 2006 ) မှာတော့ ဧည့်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့တာပါ။ 

Ref; thefamouspeople.com
………….

ဝန်ဇင်းသတင်းစကား ။      ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာရှင် Celebrities များအကြောင်းနဲ့ ရုပ်ရှင် ဂီတ သတင်းများကို Wun Zinn Digest ရဲ့ ‘ဖျော်ဖြေရေးကဏ္ဍ’ ( Entertainment ) ကဏ္ဍမှ အပတ်စဉ် အင်္ဂါနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းပါးလိုက်ပါရစေခင်ဗျာ။

…………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရေစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts