“သင်မသိသေးသော ဒိုင်ယာနာမင်းသမီးရဲ့ အတွင်းရေး”[Article Entertainment-13]


“သင်မသိသေးသော ဒိုင်ယာနာမင်းသမီးရဲ့ အတွင်းရေး”

၁။ မင်းသမီးဒိုင်ယာနာဟာ သူ့အကြောင်းသူ ကတ်ဆက်တိပ်ခွေထဲမှာ အသံသွင်းထားလေ့ရှိတယ်။ ဒီနေ့ခေတ်မှာ ဒိုင်ယာနာမင်းသမီးအကြောင်း စာအုပ်၊ ဆောင်းပါး၊ စာနယ်ဇင်းတွေကတစ်ဆင့် ကျွန်တော်တို့ သိရှိကြရတာဟာ သူမရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိလို့ဆိုရမယ့် အသံသွင်းတိပ်ခွေတွေကြောင့်လို့ အဓိကဆိုရမှာဖြစ်ပါတယ်။ ဥပမာဆိုရရင် ချားလ်စ်မင်းသားနဲ့ အိမ်ထောင်ရေးဇာတ်လမ်းအကြောင်းတွေကို သူမရဲ့ အသံသွင်းတိပ်ခွေတွေကြောင့်သာ အပြည့်အဝသိရှိရတာပဲ ဖြစ်ပါတယ်။
 
၂။ ဒိုင်ယာနာရဲ့ အစ်မက ချားလ်စ်မင်းသားနဲ့ date လုပ်ခဲ့ဖူးပါတယ်။ တစ်ကြိမ်ပါပဲ။ ဒိုင်ယာနာနဲ့ ချားလ်စ်တို့ ပြန်လည်အဆင်မပြေခင်မှာ တော်ဝင်မင်းသားချားလ်စ်က ဒိုင်ယာနာ့အစ်မ ဆာရာနဲ့ date လုပ်ခဲ့တာပါ။ 

၃။ ဒိုင်ယာနာ့အဖွားဟာ မင်းသမီးကြီးအတွက် အလုပ်လုပ်ပေးခဲ့ရဖူးတယ်။ ဘုရင်မကြီးအဲလိဇဘက်ဟာ  ပြည်သူ့မျက်နှာဖုံးအဖြစ် တစ်ကမ္ဘာလုံးက သိရှိရင်းနှီးခဲ့ကြပေမဲ့ သူမနောက်ကွယ်က အကြောင်းတွေကိုတော့ လူသိနည်းကြပါတယ်။ အဲ့ဒီထဲက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒိုင်ယာနာ့အဖွား ရုသ်ဖယ်မွိုင်းနဲ့ မင်းသမီကြီးအဲလိဇဘက်တို့ဟာ အနီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ မင်းသမီးကြီးရဲ့ ညာလက်ရုံးအဖြစ် သူမရဲ့ လူမှုရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ လက်ထောက်တစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ရဖူးပါတယ်။ 

၎။ ဒိုင်ယာမင်းသမီးက မီးဖိုချောင်ထဲမှာ အိပ်ဖူးတယ်။ တော်ဝင်မိသားစုရဲ့ ဓလေ့ထုံးစံကို ချိုးဖောက်၊ အစဉ်အလာကို ဥပေက္ခာပြုပြီးတော့ မီးဖိုချောင်ထဲမှာ အိပ်ခဲ့ဖူးတာပါ၊ ထမင်းစာခန်းတော့ မဟုတ်ပါဘူး။ 

၅။ ဒိုင်ယာနာဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်။ သူမရဲ့ အသံသွင်းတိပ်ခွေထဲကတစ်ဆင့် ပြန်ကြားသိရတာပါ။ “ကျွန်မအရမ်းကို စိတ်ဓာတ်ကျနေခဲ့တယ်။ လက်ကောက်ဝတ်ဖို့ ဘရိတ်ဓားနဲ့လှီးဖို့ ကြိုးစားခဲ့သေးတယ်” လို့ သူမက ဖွင့်ဟပြောကြားခဲ့တာပါ။

Ref; tribune.com
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း မင်းသမီးဒိုင်ယာနာအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကိုအားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ဒိုင်ယာနာမင်းသမီးအကြောင်း သိချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမေးမြန်းခဲ့နိုင်ပါတယ်ခင်ဗျ” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts