“ချစ်သက်တမ်းအကြာရှည်ဆုံး အနုပညာရှင်စုံတွဲတွေ” [Article Entertainment-9]


“ချစ်သက်တမ်းအကြာရှည်ဆုံး အနုပညာရှင်စုံတွဲတွေ”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ကျွန်တော်တို့ Wun Zinn Digest ရဲ့ Entertainment ကဏ္ဍကနေ ယနေ့မှာတင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ ဟောလိဝုဒ်အနုပညာရှင်တွေထဲက “ချစ်သက်တမ်းအကြာရှည်ဆုံး အနုပညာရှင်စုံတွဲတွေ” ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဟောလိဝုဒ် အနုပညာလောကမှာဆိုရင် ပေါင်းကြ၊ ကွဲကြ၊ ခွဲခွာခြင်းနဲ့ ဆုံးတဲ့ ဇာတ်သိမ်းခန်းအများစုကို သတင်းစာမျက်နှာထက်မှာ မကြာခဏ တွေ့မြင် ဖတ်ရှုနေကြရတယ်။ တကယ်တော့ ဟောလိဝုဒ်လောကမှာ ဒီလိုချည်း အမြဲတစေ ဖြစ်ပျက်နေတာတော့ မဟုတ်ပါဘူး။ ချစ်သူရည်းစား သက်တမ်းမှာရော အိမ်ထောင်ရေးသက်တမ်းမှာပါ ခိုင်ခိုင်မြဲမြဲရှိတဲ့ ရုပ်ရှင်သရုပ်စုံတွဲတွေ၊ အဆိုတော်စုံတွဲတွေလည်း ရှိကြပါတယ်။ ဒီလို ချစ်သက်တမ်းကြာရှည် ခိုင်မြဲတဲ့ ဟောလိဝုဒ်စုံတွဲတွေထဲက အချို့ကို ခုလို ဖော်ပြလိုက်ပါတယ်ခင်ဗျ။ 

1.	David နဲ့ Victoria Beckham 
သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းဟာ ၁၉၉၇ ခုနှစ်က စတင်ခဲ့ပြီး ခုထိခိုင်မာမြဲမြံနေတဲ့ အိမ်ထောင်တစ်ခုလည်း ဖြစ်ပါတယ်။ 

2.	Will Smith နဲ့ Jada Pinkett
ကမ္ဘာကျော် လူမည်းသရုပ်ဆောင် ဝီလ်စမစ်ဟာ သူ့ရဲ့ ချစ်သူလောင်းကို The Fresh Prince of Bel-Air ဆိုတဲ့ ရုပ်ရှင်ကားရိုက်ရာမှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ခဲ့တာ ခုဆို နှစ်ပေါင်း ( ၂၀ ) တောင် ရှိပြီတဲ့ဗျ။ 

3.	Blake Lively နဲ့ Ryan Reynolds 
Green Lantern ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ နာမည်ကြီးမင်းသား Blake Lively နဲ့ Ryan Reynolds တို့ဟာ အဲ့ဒီဇာတ်ကားမှာပဲ တွေ့ဆုံခဲ့ကြပြီး ချစ်ကြိုက်ခဲ့ကြတာပါ။ အဲ့​​ဒီ​နောက်​​မှာ​တော့  ၂၀၁၀ ကစလို့ ဘဝထူ​ထောင်​ခဲ့ကြတာ ခုဆို သမီးကလေးနှစ်ယောက်ရဲ့ မိဘတွေနေရာတောင် ရောက်နေကြပါပြီ။ 

4.	Beyonce’ နဲ့ Jay-Z
အဆိုတော်လောကမှာတော့ ဒီကမ္ဘာကျော်နှစ်ယောက်က တကယ့် သစ္စာရှိရှိနဲ့ ခိုင်မာတဲ့ချစ်ခြင်းတွေနဲ့ ဖွဲ့နှောင်ထားတဲ့ စုံတွဲပဲဖြစ်ပါတယ်။ ဘီယွန်စေးဟာ သူမရဲ့ ညာလက်ရုံးလည်းဖြစ်၊ ယောကျာ်းလည်းဖြစ်၊ လက်တွဲဖော်လည်းဖြစ်တဲ့ ဂျေဇက်နဲ့ ၂၀၀၂ ခုနှစ်ကစလို့ date လုပ်ခဲ့ကြတာပါ။ အဆိုတော်စုံတွဲတွေအနက် ခုထိ ကွဲကွာခြင်းမရှိ မြဲမြံတဲ့ စုံတွဲပဲဖြစ်ပါတယ်။ 

Ref; www.glamourmagazine.co.uk

“ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts