“အလှပဆုံးလို့ သတ်မှတ်ထားကြတဲ့ အာရှသူတွေကို မမြင်ဖူးရင် ဒီမှာကြည့်” [Article Entertainment-19]


“အလှပဆုံးလို့ သတ်မှတ်ထားကြတဲ့ အာရှသူတွေကို မမြင်ဖူးရင် ဒီမှာကြည့်”

ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါဗျ …

ဒီနေ့မှာ တင်ဆက်မယ့် အကြောင်းအရာကတော့ လွှတ်ကောင်းဗျာ။ ( ဟဲဟဲ … ) ခေါင်းစဉ်မှာပဲ ကြည့်လေဗျာ။ အလှဆုံး အာရှသူတွေဆိုမှာတော့ ဒီပို့စ်ဟာ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် RS ဖြစ်ဖြစ် Single ဖြစ်ဖြစ် ဘယ်သူပဲ ဖတ်ဖတ်၊ ဖတ်ရတာ စိတ်ချမ်းသာမယ့် ပို့စ်လေးပေါ့ဗျာ။ အဲ့ … တစ်ခုတော့ ရှိတယ်ဗျ၊ FA နဲ့ Single တွေ ဒီပို့စ်ကို ဖတ်၊ ပုံလေးတွေကြည့်ပြီး ကိုယ့်အဖြစ်ကိုယ် ဝမ်းနည်းသွားမယ်ဆိုရင်တော့ မတတ်နိုင်ဘူးရယ်၊ မိန်းကလေးတွေလည်း ဒီပို့စ်မှာပါတဲ့ ပုံတွေကိုကြည့်ပြီး မနာလို ဖြစ်သွားမယ်ဆိုရင်တော့ မတတ်နိုင်ဘူးဗျာ။ ကဲ … အလှဆုံးလို့ဆိုတဲ့ အာရှသူတွေက ဘယ်သူတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်!

၁။ Aishwarya Rai Bachchan - သျှီဝရလို့ အသံထွက်ရင် သင့်တော်မလားပဲခင်ဗျ။ Aishwarya ဟာ အိန္ဒိယသူတစ်ဦးပါပဲ။ Miss India နဲ့ Miss World ကနေ တက်လာတဲ့ သူပေါ့။ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးတွေထဲက တစ်ဦးပဲပေါ့ဗျာ။ နှစ်စဉ်နှစ်တိုင်း အလှဆုံးဆယ်ဦး စာရင်းဝင်ဖြစ်တဲ့ သူမဟာ ဘောလိဝုဒ်မင်းသမီးတောင် ဖြစ်နေပြီ။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ဖူးပြီး သူမရဲ့ နာမည်က အနောက်ဥရောပထိ ပေါက်ရောက်တယ်ခင်ဗျ။ 

၂။ Marian Rivera – ဒုတိယတစ်ယောက်ကတော့ ဖိလစ်ပိုင်မော်ဒယ်၊ ဖိလင်ပိုင်မင်းသမီး Marian ပါပဲ။ ဖိလစ်ပိုင်ရဲ့ အလှဘုရင်မတစ်ဦးပေါ့ဗျာ။ Maryma, Temptation of Wife, Dyesebel နဲ့ Amaya စတဲ့ ရုပ်ရှင်တွေနဲ့အတူ လူသိများကြတယ်။ သူမဟာ ကမ္ဘာကျော် အနုပညာ ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ FHM မှာ ဖော်ပြနေကြ sexy အကျဆုံး အမျိုးသမီးစာရင်းမှာ အမြဲလိုလို ထိပ်တန်းစာရင်းဝင်တစ်ယောက်။ ၂၀၀၈ နဲ့ ၂၀၁၃ ခုနှစ်မှာတော့ လူတစ်ရာရှိတဲ့ စာရင်းထဲမှာ နံပါတ်တစ်နေရာက မဆင်းခဲ့ဘူး။ 

၃။ Priyanka Chopra - ပရီယန်ကာချိုပရာ၊ သူကတော့ တကယ်ကို ညှို့အားပြင်းတဲ့ အလှပိုင်ရှင်တစ်ဦးပေါ့ဗျာ။ ဘောလိဝုဒ်ရုပ်ရှင်တွေမှာသာမက ဟောလိဝုဒ်ကားတွေမှာလည်း မကြာခဏ တွေ့ရတတ်တယ်။ အိန္ဒိယမင်းသမီး အာရှသူဖြစ်ပေမဲ့ အနောက်နိုင်ငံတွေထိ နာမည်ပေါက်တယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော်မင်းသား The Rock ပါဝင်ထားတဲ့ ဒရမ်မာအက်ရှင်ကား ‘Baywatch’ မှာတောင် ဗီလိန်နေရာက သရုပ်ဆောင်ထားသေးတယ်။

၎။ Song Hye Kyo - အထွေအထူး ပြောစရာတောင်မလိုဘူးထင်ပါတယ်။ ကျွန်တော်တို့နဲ့ သိပ်ကို ရင်းနှီးလှတဲ့ ( ရုပ်ရှင်ကနေတစ်ဆင့်ပြောတာပါ ) သူမဟာ အခြားဘယ်သူမှ မဟုတ်ဘူး။ ‘အွန်စော’ ပဲပေါ့။ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ပြီတော့ “ချစ်စံအိမ်” စတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွေကတစ်ဆင့် မြန်မာရုပ်ရှင်ချစ်ပရိသတ်ကြီးကို ညှို့ယူဖမ်းစားသွားတဲ့ ‘ဆောင်းဟေကို’ ဟာ ကျွန်တော်တို့ရင်ထဲမှာတော့ ‘အွန်စော’ ပေါ့ဗျာ။ အွန်စောက ဒီနှစ်မှာဆိုရင် သြဇာအကြီးဆုံး ကိုရီးယားဆယ်လီစာရင်းထဲမှာ ( ၇ ) ယောက်မြောက်အဖြစ် သတ်မှတ်ခံရတယ်လို့ ကမ္ဘာကျော် Fobes မဂ္ဂဇင်းကြီးမှာ ဖော်ပြထားတယ်။ ခုဆို အသက် ( ၃၅ ) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဆယ်နှစ်လောက်ငယ်ပြီး ( ၂၅ ) နှစ်ပဲ ရှိသေးတယ်လို့ ထင်စရာပါလေ နော့။ 

၅။ Fan Bingbing - တရုတ်မင်းသမီး ဖန်ပင်းပင်းကိုလည်း မြန်မာရုပ်ရှင်ချစ်သူတွေ သိပြီးသားပါ။ အာရှသူတွေထဲမှာ hot အဖြစ်ဆုံးတစ်ယောက်လို့ ဆိုကြပါတယ်။ တရုတ်အနုပညာလောကရဲ့ ထင်ထင်ရှားရှား ငွေကြယ်တစ်ပွင့်ပေါ့။ မင်းသမီးလည်းဖြစ်တယ်၊ ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်တယ်၊ ဒါ့အပြင် အဆိုတော်လည်း ဖြစ်သေးတယ်ဗျ။ ‘ရွှေမင်းသမီးရဲ့ချစ်ပုံပြင်’  ( My Fair Princess ) ဇာတ်လမ်းတွဲကစလို့ သူမဟာ အနုပညာနယ်ပယ်မှာ စတင်ကျော်ကြားလာခဲ့တယ်။ နာမည်ကြီး X – Men မှာတောင် သရုပ်ဆောင်ခဲ့သေးတယ်။ ပြီးတော့ ကိုရီးယားဇာတ်ကား ‘My Way’ နဲ့ ပြင်သစ်ရုပ်ရှင် ‘Stretch’ တို့မှာလည်း သရုပ်ဆောင်ထားပါ့ဗျာ။ ‘Cell Phone’ ကတော့ ဖန်ပင်းပင်းရဲ့ အနုပညာမှတ်တိုင်တစ်ခုပေါ့။ ( Cell Phone ကို မကြည့်ဖူးသေးရင် ကြည့်လိုက်ပါဦးဗျ၊ တကယ်မိုက်တယ် ) 

Ref; www.trendrr.net
………….
ဝန်ဇင်းသတင်းစကား ။      ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာရှင် Celebrities များအကြောင်းနဲ့ ရုပ်ရှင် ဂီတ သတင်းများကို Wun Zinn Digest ရဲ့ ‘ဖျော်ဖြေရေးကဏ္ဍ’ ( Entertainment ) ကဏ္ဍမှ အပတ်စဉ် အင်္ဂါနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းပါးလိုက်ပါရစေခင်ဗျာ။
…………
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရေစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts