“လှုပ်လှုပ်ရှားရှား အနုပညာသတင်းများ” [Article Entertainment-18]


“လှုပ်လှုပ်ရှားရှား အနုပညာသတင်းများ”

မင်္ဂလာပါညနေခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “ဖျော်ဖြေရေးကဏ္ဍ” ( Entertainment ) အစီအစဉ်မှ လတ်တလော အနုပညာသတင်းများအကြောင်း ကောက်နုတ်တင်ဆက်ပေးသွားဖို့ ရှိပါတယ်ခင်ဗျ။ “လှုပ်လှုပ်ရှားရှား အနုပညာသတင်းများ” အဖြစ် ဖော်ပြပေးသွားမှာဖြစ်ပြီး အနုပညာရှင်များ၊ တစ်ပတ်အတွင်း သီချင်းကောင်းများနှင့် ရုပ်ရှင်များ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ကဲ … ဒီနေ့အတွက် ဘယ်လိုအကြောင်းအရာတွေ ဖတ်ရှုရမလဲ၊ ကြည့်ရှုလိုက်ရအောင်လားခင်ဗျာ။ 

၁။ ဖွေးဖွေးကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ အိတ် - နာမည်ကြီးရုပ်ရှင်မင်းသမီး အကယ်ဒမီဖွေးဖွေးကိုယ်တိုင် ဒီဇိုင်းရေးဆွဲဖန်တီးထားတဲ့ Phway Phway X Yangoods Limited Edition collections အိတ်တွေကို ဇူလိုင် ၂၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ကိုင်အိတ်များမှာ သူမကိုယ်တိုင် ဒီဇိုင်းဆွဲ၊ သူမကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသော အရောင် ( ၃ ) ရောင် ရွေးချယ်ရရှိနိုင်မှာဖြစ်ပါတယ်။ 
အဆိုပါ လက်ကိုင်အိတ်တွေကို လက်မှုအနုပညာလက်ရာ ဖန်တီးမှုများကို ရောင်းချလေ့ရှိတဲ့ Yangoods နှင့် ပူးပေါင်းကာ ဖွေးဖွေး၏ အနုပညာလက်ရာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ပုံစံခွဲ ( ၅ ) မျိုးလောက် ထုတ်လုပ်သွားမှာဖြစ်ပြီး မဟူရာကျောက်အရောင်၊ သန္တာကျောက်အရောင်၊ Pink Diamond အရောင် .. စသည့် အရောင် ( ၃ ) မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
 
၂။ တစ်ပတ်အတွင်း သီချင်ကောင်း ( ၅ ) ပုဒ် - Billboard List မှာ ဖော်ပြထားတဲ့ တစ်ပတ်အတွင်း စာရင်းထိပ်ဆုံးမှာရှိနေတဲ့ သီချင်း ( ၅ ) ပုဒ်ကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒီသီချင်းတွေကတော့ -

1.	Bazzi ရဲ့ ‘Mine’
2.	Ariana Grande ရဲ့ ‘No Tears Left To Cry’
3.	Post Malone ရဲ့ ‘Psycho’ ( Ty Dolla $ign မှ featuring ဆိုထား )
4.	Marshmello နဲ့ Anne-Marie တို့ရဲ့ ‘Friends’ 
5.	Taylor Swift ရဲ့ ‘Delicate’ …. စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ သီချင်းချစ်သူတွေ ရှိတယ်ဆိုရင်လည်း ခုလို လူကြိုက်များနေတဲ့ သီချင်းတွေကို နားထောင်ကြဖို့ မမေ့ပါနဲ့ဦးဗျ။ 

၃။ တစ်ပတ်အတွင်း ထိပ်ဆုံးစာရင်းဝင် ရုပ်ရှင်ကားများ - ရုပ်ရှင်နဲ့ပတ်သက်ပြီး နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ imbd.com မှာ ဖော်ပြထားတဲ့ တစ်ပတ်အတွင်း ရုပ်ရှင်ကားကောင်းများစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ရုပ်ရှင်ကားများကတော့ -

1.	Hotel Transylvania 3: Summer Vacation
2.	Ant-Man and the Wasp
3.	Skyscraper	
4.	Incredibles 2 
5.	Jurassic World: Fallen Kingdom … စတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးလည်း ဒီရုပ်ရှင်တွေကို ကြည့်ရှုလိုက်ကြဖို့ မမေ့နဲ့နော်။ 

၎။ လီဒုန်ဝူနဲ့ ဆူဇီတို့ လမ်းခွဲ - ကိုရီးယားငွေကြယ်ပွင့်တွေ ဖြစ်ကြတဲ့ မင်းသား လီဒုန်ဝူ ( Lee Dong Wook ) နဲ့ အဆိုတော် / သရုပ်ဆောင်မင်းသမီး ဆူဇီ ( Suzy ) တို့ လမ်းခွဲလိုက်ကြပြီဖြစ်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ လွန်ခဲ့တဲ့လေးလလောက်မှစပြီး Relationship အဖြစ် အတည်ပြုလိုက်တဲ့ သူတို့နှစ်ဦးရဲ့ Relationship ဟာ ခုချိန်မှာတော့ ပြီးဆုံးခဲ့ပြီလို့ ဆိုရတော့မလို ဖြစ်နေပါတယ်။ လီရဲ့ အေဂျင်စီဖြစ်တဲ့ Starship Entertainment အပါအဝင် ဆူဇီရဲ့ အေဂျင်စီ JYP Entertainment နှစ်ခုစလုံးကတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်တဲ့အကြောင်း သတင်းတွေမှာ အတည်ပြုပြောကြားထားတာ တွေ့ရပါတယ်။ JYP ကတော့ - “အလုပ်တွေများနေတာကြောင့် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြတာ” ပါလို့ ဆိုပါတယ်။

လီဒုန်ဝူဟာ ၁၉၉၉ ခုနှစ်ကစလို့ မင်းသားအဖြစ် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ “My Girl” မှတစ်ဆင့် လူသိများ ကျော်ကြားလာခဲ့ပါတယ်။ ၂၀၁၆ - ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ “Guardian: The Lonely and Great God” မှာတော့ လီဒုန်ဝူရဲ့ အနုပညာသတင်းဟာ ပြည်ပထိ ပေါက်ရောက် နာမည်ကျော်ခဲ့ပါတယ်။ 

ဆူဇီကတော့ ၂၀၁၀ ခုနှစ်အထိ JYP Entertainment လက်အောက်ရှိ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ “Miss A” ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ပွဲဦးထွက်အဖြစ် အထက်တန်းကျောင်းသူဘဝ လူငယ်ဒရမ်မာဇာတ်လမ်းဖြစ်တဲ့ “Dream High” မှတစ်ဆင့် နာမည်ရလာပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာတော့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “Yes ? No ?” ထွက်ရှိခဲ့သလို ဒီနှစ် ဇန်နဝါရီလထဲမှာလည်း “Faces of Love” ဆိုတဲ့ သူမရဲ့ ဒုတိယအခွေ ထွက်ရှိထားပါတယ်။ 

Ref; Eleven News, SBS News, Billboard, IMBD
…………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောကြားချင်သည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts