နာမည်ကျော်အနုပညာရှင်တွေပြောတဲ့ သူတို့အကြိုက်ဆုံးစာအုပ်တွေအကြောင်း [Article Entertainment-22]


"နာမည်ကျော်အနုပညာရှင်တွေပြောတဲ့ သူတို့အကြိုက်ဆုံးစာအုပ်တွေအကြောင်း"

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ကျွန်တော်တို့ဝန်ဇင်းရဲ့ Entertainment ကဏ္ဍကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ “နာမည်ကျော် အနုပညာရှင်တွေပြောတဲ့ သူတို့အကြိုက်ဆုံးစာအုပ်တွေ” ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေလည်း စာဖတ်ကြတယ်။ ကမ္ဘာပေါ်မှာ စာမဖတ်တဲ့လူမျိုးက မတိုးတက်ပါဘူး။ တိုးတက်အောင်မြင်တဲ့လူတိုင်းက စာဖတ်ကြပါတယ်။ အဲ့ဒီလိုပဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေလည်း စာဖတ်ကြတယ်။ သူတို့တွေထဲက ဝန်ဇင်းပရိသတ်ကြီးနဲ့ ရင်းနှီးပြီးဖြစ်မယ့် အနုပညာရှင်တွေရဲ့ အကြိုက်ဆုံးစာအုပ်တွေက ဘာတွေဖြစ်မလဲ ကြည့်ရအောင်ပါ ….

၁။ James Franco - သူ့ရဲ့အကြိုက်ဆုံး အနှစ်သက်ဆုံးစာအုပ်ကတော့ William Faulkner ရေးတဲ့ “As I Lay Dying” ဆိုတဲ့ စာအုပ်ပါပဲတဲ့။ “ကျွန်တော် အထက်တန်းကျောင်းတန်းကျောင်းမှာ ပြဿနာတက်တုန်းက ဒီစာအုပ်ကို အဖေက ပေးဖတ်ခဲ့တာ။ အဲ့ဒီနောက် ကျွန်တော် အိမ်တွင်းအောင်းနေခဲ့တယ်။ ပြီးတော့ အဲ့ဒီစာအုပ်နဲ့အတူ ကျွန်တော် စာဖတ်ဝါသနာပါသွားတော့တာပဲ”။

၂။ Zoe Saldana - သူမအနှစ်သက်ဆုံးစာအုပ်ကတော့ “Lucy” ဆိုတဲ့ စာအုပ်ပါတဲ့။ စာရေးသူကတော့ Jamaica Kincaid ပါပဲ။ “ကျွန်မက နိုင်ငံရေးဆန်ဆန်တွေ၊ သမိုင်းတွေ၊ လူမှုရေးကိစ္စတွေ၊ ပြီးတော့ ကျားမခွဲခြားမှုတွေအကြောင်းပါရင် ဖတ်လေ့ရှိတာမဟုတ်ဘူး။ ဒါပေမယ့် ဒီစာအုပ်က ကျွန်မရဲ့အမြင်တွေကို အဲ့ဒီအကြောင်းတွေဘက် ဆွဲခေါ်ရင်း ကျွန်မရဲ့ဘဝက ဘယ်လိုလဲ၊ ကျွန်မက ဘယ်လိုလူမျိုးလဲဆိုတာ တွေ့ရှိသွားစေတယ်။ ကိုယ့်ကိုယ်ကို ပြန်မြင်မိသွားစေတယ် ပြောရမှာပေါ့နော်” 

၃။ Daniel Radcliffe - “The Maser and Margartia” ဆိုတဲ့စာအုပ်ကတော့ သူ့ရဲ့ အနှစ်သက်ဆုံးစာအုပ်ပါတဲ့။ စာရေးသူက Mikhail Bulgakov ဖြစ်ပါတယ်။ “ကျွန်တော် Louis de Bernières's ရဲ့ သုံးအုပ်တွဲဝတ္ထုကြီး ဖတ်နေတုန်းမှာပဲ ဒီစာအုပ်ကို မြင်တော့ ကိုယ်ကြိုက်မယ်လို့ထင်ပြီး Amazon နေဝယ်လိုက်တာ၊ ခုတော့ ဒါ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးစာအုပ် ဖြစ်နေပြီ”

၎။ Rachel McAdams - David Sedaris ရဲ့ “When You Are Engulfed in Flames” ကတော့ သူမရဲ့ အနှစ်သက်ဆုံးစာအုပ် ဖြစ်ပါသတဲ့။ “စာရေးဆရာတစ်ယောက်အနေနဲ့ စာဖတ်သူကို  လုံးဝခံစားသွားရအောင် ရေးသားနိုင်တဲ့စာမျိုးကို ကျွန်မတွေ့ရခဲပါတယ်။ ဒါပေမဲ့ အဲ့ဒါက Sedaris ရဲ့ ဒီစာအုပ်ကို မဖတ်ခင်အထိပေါ့လေ။ ဒီစာအုပ်ကတော့ ကျွန်မကို မျက်ရည် ပိုးပိုးပေါက်ပေါက်ကျစေခဲ့တဲ့ စာအုပ်ပါပဲ” ။

၅။ Jon Hamm - သူကတော့ Tom Stoppard ရေးတဲ့ “Arcadia” ကို အကြိုက်ဆုံးပါတဲ့။ “ပြဇာတ်တွေဖတ်ရတာ ကျွန်တော်သဘာကျပါတယ်၊ ကျွန်တော့်ကို ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာစေတဲ့ အကြောင်းတစ်ချက်လည်း ဖြစ်တာပေါ့။ ဒီစာအုပ်ကတော့ ရူပဗေဒနဲ့ သင်္ချာပညာရပ်တွေရဲ့ တိကျသေချာတဲ့ သီအိုရီသဘောတရားတွေအကြောင်း ရေးထားတာ။ အချစ်ပြဇာတ်လည်း ဖြစ်တယ်၊ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပါပဲ”

၆။ Halle Berry - သူမကတော့ J. California Cooper ရေးတဲ့ “Some Love, Some Pain, Sometime” ဆိုတဲ့စာအုပ်ကို အကြိုက်ဆုံးပါတဲ့။ “ကျွန်မရဲ့ သူငယ်ချင်းကောင်းလည်းဖြစ်၊ ငါးတန်းသင်တဲ့ဆရာမလည်းဖြစ်တဲ့ လူမည်းအမျိုးသမီးတစ်ဦးရှိခဲ့တယ်။ တစ်ရက်တော့ သူပြောတယ်။ ဆရာမဆီနေ သမီးအတွက် အကြံဉာဏ်တောင်းနေမယ့်အစား J. California Cooper ရဲ့ အဲ့ဒီစာအုပ်လေးကို ဖတ်ကြည့်ပါလားတဲ့၊ အဲ့ဒီနောက် ဒီစာအုပ်လေးက ကျွန်မရဲ့ အကြိုက်ဆုံးတစ်အုပ် ဖြစ်သွားတော့တယ်”

၇။ Jennifer Lawrence - သူမရဲ့ အနှစ်သက်ဆုံး၊ အကြိုက်ဆုံးစာအုပ်ကတော့ J.D. Salinger ရေးတဲ့ “Raise High the Roof Beam, Carpenters and Seymour” ဆိုတဲ့ စာအုပ်ပါတဲ့။ သူမ အသက် ၁၄ နှစ်တုန်းက အလုပ်စလုပ်ဖို့အတွက် နယူးရော့ခ်မြို့ကို ခရီးထွက်ခဲ့တယ်။ “အဲ့ဒီမှာ ဒီစာအုပ်ကို စဖတ်မိတာပဲ။ နယူးရော့ခ်မိသားစုတစ်စုရဲ့ အကြောင်းကို ရေးဖွဲ့ပြသွားတာ ကျွန်မရဲ့ နှလုံးသားထဲကနေ ခုထိမထွက်ဘူး”။

၈။ Scarlett Johnsson - သူမရဲ့ အကြိုက်ဆုံးစာအုပ်ကတော့ Truman Capote ရေးတဲ့ “Summer Crossing” ဆိုတဲ့ စာအုပ်ပါပဲတဲ့။ ဒီစာအုပ် လူနှစ်ယောက်ရဲ့ လေးနက်တဲ့ ချစ်ခြင်းအကြောင်းကို ရေးဖွဲ့ပြထားတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်ခင်ဗျ။
………

Ref; www.oprah.com

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ….. ။



Related Posts