ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သော စာရေးဆရာ (၉) ဦး …


ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သော စာရေးဆရာ (၉) ဦး …

၁။ စာရေးဆရာကြီးမင်းဆွေ - ဒုတိယကမ္ဘာစစ် မဖြစ်မီကတည်းက ထင်ရှားခဲ့တဲ့ မြန်မာစာရေးဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ နာမည်ကြီး ဝတ္ထုတွေဖြစ်တဲ့ ဒါး (၁၉၄၂)၊ လင် (၁၉၅၁)၊ မ နိုင်ငံ (၁၉၅၂) စတာတွေကို ရေးခဲ့သူပါ။ အသက် ၃၉ နှစ် ( ၁၉၄၉ ခု၊ ဇူလိုင် ၂၆ ရက် ) မှာ နေအိမ်ကနေ ထွက်ခွာသွားပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ ကြာ၊ ယနေ့အထိ စာရေးဆရာမင်းဆွေ ပျောက်ဆုံးမှုက ပဟေဠိအဖြစ် ကျန်ရစ်နေဆဲပါပဲ။ 

၂။ Agatha Christie – ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။ စုံထောက်ဝတ္ထုတွေနဲ့ နာမည်ကျော်ကြားသူပါ။ ပြင်းထန်တဲ့ အိမ်ထောင်ရေးသောကကို ခံစားနေရချိန် ၁၉၂၆ ခုနှစ်မှာ (၁၀) ရက်လောက် သူမ ပျောက်ဆုံးသွားပါတယ်။ ဒီလို ရုတ်တရက် ပျောက်ဆုံးသွားမှုဟာ စာပေအသိုင်းအဝိုင်းမှာ ဆူညံသွားတဲ့အပြင် ကမ္ဘာကလည်း အာရုံစိုက်ခဲ့ကြပါတယ်။ English Home Secretary ဖြစ်သူ ဝီလျံနဲ့ စာရေးဆရာကြီး ဆာ အာသာ ကိုနင်ဒွိုင်းလ်တို့ပါ အာသာခရစ္စတီး ရှာပုံတော်ထဲ ပါဝင်ခဲ့ကြပါတယ်။ 

၃။ Solomon Northrup - ၁၈၀၈ ခုနှစ်မှာ မွေးတယ်။ သူက အမေရိကန်လူမည်း။ ‘Twelve Years A Slave’ ဆိုတာ သူ့ရဲ့ နာမည်ကြီး စာအုပ်ပါပဲ။ ၂၀၁၃ ခုနှစ်မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ သူက ၁၈၄၁ မှာ ပြန်ပေးဆွဲခံရပြီး ကျွန်အဖြစ်ရောင်းစားခံရသူ။ ၁၈၅၃ ခုနှစ်အထိ ၁၂ နှစ်ကြာ ကျွန်ပြုခံခဲ့ရတာပါ။ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းပြီးနောက် နိုင်ငံရေးသမား ဖြစ်လာတယ်။ နိုင်ငံရေးဒီဘိတ်တွေ ကျင်းပရင်း (ကနေဒါနိုင်ငံမှာ) ပျောက်ဆုံးသွားခဲ့တယ်။ ခုချိန်ထိ တိကျတဲ့ အဖြေ ထွက်မလာပါဘူး။ 

၎။ Connie Converse - ၁၉၅၀ ခုနှစ်များဆီက အမေရိကန် အဆိုတော် ၊ သီချင်းရေးဆရာမ တစ်ယောက် ဖြစ်တယ်။ အဲ့ဒီအချိန်က နယူးယော့မှာ သူမကို လူသိများတယ်။ ဒါပေမဲ့ သီချင်းအများစုက မအောင်မြင်ဘူး။ ဆွဲဆောင်မှုမရှိဘူး။ ၁၉၇၄ ခုနှစ်မှာတော့ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေဆီကို နှုတ်ဆက်ကြောင်း ပေးစာတွေ ဆက်တိုက် ရေးသားခဲ့ပြီး သူမရဲ့ ဗောက်စ်ဝက်ဂွန်ကားနဲ့ အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တယ်။ 

၅။ Ian Mackintosh – 1979 ဇူလိုင် ၇ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တယ်။ မွေးတာက ဇူလိုင် ၂၆ ၊ ၁၉၄၀ ခုနှစ် ၊ စကော့လူမျိုး။ သူက ဗြိတိန်တော်ဝင်ရေတပ်ရဲ့ အရာရှိတစ်ဦး ၊ ဗြိတိန်ရုပ်သံရဲ့ ဇာတ်ညွှန်းရေးသူ ၊ ပြီးတော့ စပိုင်ဝတ္ထုတွေ လျှို့ဝှက်သည်းဖိုဝတ္ထုတွေ ရေးခဲ့တဲ့ စာရေးဆရာတစ်ယောက်ပေါ့။ အပေါ့စားလေယာဉ်ငယ်နဲ့ အလာစကာ ပင်လယ်ကွေ့ကို ဖြတ်သန်းစဉ် လေယာဉ်ပျက်ကျမှု ဖြစ်ပွားတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။ သူတို့ကို ခြေရာခံလို့ မရဘဲ ပဟေဠိဆန်စွာ ပျောက်ဆုံးခဲ့ရပါတယ်။ 

၆။ Daniel Lind Lagerlöf - ဆွီဒင်လူမျိုး နာမည်ကြီး ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ။ ၂၀၁၃ ခုနှစ်မှာ Fjällbackamorden – Strandriddaren ဆိုတဲ့ တီဗီရုပ်သံတစ်ခုကို လွှင့်ဖို့ ပြင်ဆင်နေချိန်မှာပဲ ပျောက်ဆုံးသွားတယ်။ နှစ်ရက်လောက် ပိုက်စိပ်တိုက် ရှာဖွေပြီးတဲ့အထိ သူ့ကို လုံးဝ ရှာလို့ မရခဲ့ဘူး။ ကျောက်ဆောင်ပေါ်က ချော်ကျပြီး ပင်လယ်ထဲ ပြုတ်ကျတယ်လို့ ယူဆကြတာပဲ။ ခုချိန်ထိဆို ငါးနှစ်ကြာခဲ့ပြီ။ သူကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ 

၇။ Khachatur Abovian - ၁၉ ရာစု အာမေးနီးယန်း စာရေးဆရာ ဖြစ်ပါတယ်။ ၁၈၄၈ ခုနှစ်၊ တစ်မနက်မှာ သူ လမ်းလျှောက်ထွက်ရင်း ပျောက်ဆုံးသွားပါတယ်။ သူပျောက်ဆုံးသွားတာ တစ်လလောက် ကြာတော့မှာ ဇနီးဖြစ်သူက Abovian ပျောက်ဆုံးနေကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။ အသတ်ခံရတာလား၊ suicide လား၊ အမျိုးမျိုး တွေးကြ ရှာကြပေမဲ့ ရေရာတဲ့အဖြေ မတွက်ထုတ်နိုင်ခဲ့ပါဘူး။ ခုထိလည်း သူ့ရဲ့ ပျောက်ဆုံးမှုက ပဟေဠိတစ်ပုဒ်အဖြစ် ကျန်ရစ်ဆဲပါ။
 
၈။ Craig Arnold - အမေရိကန် ကဗျာဆရာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက Kuchineorabujima လို့ ခေါ်တဲ့ မီးတောင်ကျွန်းစုတစ်ခုကို တစ်ယောက်တည်း ခြေလျင်တောင်တက်ရင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကပါ။ တောင်စောင်းတစ်နေရာကနေ လိမ့်ကျ သေဆုံးတယ်လို့ ယူဆခဲ့ကြပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ သူဟာ ဂျပန်နိုင်ငံကို စာပေဆိုင်ရာ တွေ့ဆုံပွဲတစ်ခုနဲ့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

၉။ Weldon Knees – Connie Converse လိုပဲ၊ သူဟာ အမေရိကန် ကဗျာဆရာတစ်ယောက် ဖြစ်ပါတယ်။ စာပေဝေဖန်ရေးပညာရှင်၊ ပြဇာတ်ရေးဆရာ၊ ပန်းချီဆရာလည်း ဖြစ်ပါတယ်။ ၂၀ ရာစု အလယ်ပိုင်းရဲ့ အရေးပါတဲ့ ကဗျာဆရာတစ်ဦးအဖြစ် သတ်မှတ်ခံရသူပါ။ တစ်ရက်မှာ တံတားပေါ်ကနေ ခုန်ချချင်စိတ် ဖြစ်ခဲ့ဖူးတယ်လို့  သူ့မိသားစုနဲ့ သူငယ်ချင်းတွေကို ဖွင့်ဟခဲ့ဖူးပါတယ်။ သူပျောက်ဆုံးသွားတဲ့ နေ့ရက်ဟာ ဝမ်းနည်းစရာပါပဲ။ အဲ့ဒီနေ့က မက္ကစီကို,ကို သွားဖို့ စိုင်းပြင်းနေချိန် ၊ ကမ်းလှမ်းထားတဲ့ အလုပ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်အရောင် တောက်ပနေချိန် ၊ ၁၉၅၅ ခုနှစ်။ ဆန်ဖရန်စစ္စကိုရဲ့ Golden Gate Bridge တံတားအနားမှာ သူ့ကားကိုပဲ တွေ့ခဲ့ရပြီး Weldon ကတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ ပြန်ရှာမတွေ့တော့တဲ့ ပျောက်ဆုံးမှုပါပဲ။ 

Ref; blog.paperblanks.com

Related Posts