“အလန်းဆုံးအမျိုးသမီး DJ ပညာရှင် ( ၅ ) ဦး” [Article Entertainment-21]


“အလန်းဆုံးအမျိုးသမီး DJ ပညာရှင် ( ၅ ) ဦး” 

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ သူငယ်ချင်းတွေနဲ့ Night Out ထွက်ပြီး Club မှာ ကဲလေ့ရှိတဲ့ boy တွေ girl တွေ ရောရှိမလားဗျ၊ သောကြာနေ့ညမျိုးမှာ TGIF လုပ်ပြီး Bar နဲ့ Club တွေကိုသွားပြီး အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလေ့ရှိတဲ့သူတွေများ ရှိဦးမလားဗျ၊ ရှိတယ်ဆိုရင်တော့ Wun Zinn Digest ရဲ့ “Entertainment” ကဏ္ဍကနေ ခုဖော်ပြသွားမယ့် အကြောင်းအရာကတော့ “အလန်းဆုံးအမျိုးသမီး DJ ပညာရှင် ( ၅ ) ဦး” ပဲ ဖြစ်ပါတယ်။ Club ထဲရောက်တဲ့အခါ DJ ကလည်းလန်း၊ DJ တီးတဲ့ ကောင်မလေးတွေကလည်း လန်း ဆိုရင်တော့ boy တွေ ချောင်းပေါက်အောင် သွားကြမှာ အသေအချာပါပဲ။ 

ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာတဲ့ DJ Culture အောက်မှာ အမျိုသားတွေသာမက အမျိုးသမီး DJ ပညာရှင်တွေလည်း အများအပြား ထွက်ပေါ်လာကြပါတယ်။ အခုဖော်ပြမယ့် မိန်းကလေး ( ၅ ) ဦးကတော့ ၂၀၁၈ ခုနှစ်အတွက် အလန်းအဆုံး အဟော့ဆုံး တွေပဲ ဖြစ်ပါတယ်။ 

၁။ DJ Seherezade - သူမကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းကစလို့ နာမည်ကျော်ကြားလာတဲ့ DJ သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ DJ လည်း မြူးတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကြောင့် နာမည်ကြီးတဲ့သူမဟာ အရင်တုန်းက နာမည်ကြီး FHM မဂ္ဂဇင်းအတွက် ဓာတ်ပုံမော်ဒယ်အဖြစ် လျှောက်လှမ်းခဲ့ဖူးပါတယ်။ ရူပကာကလည်းတောင့်၊ DJ ကလည်း မြူးပြီး သူမတီးတဲ့ party တိုင်းကို ရောက်သွားသူတိုင်း ပျော်ရွှင်ကြရတယ်လို့ ဆိုပါတယ်။

၂။ DJ Ane Teri - နာမည်ကြီး VIP Club နဲ့ Party တွေတိုင်းမှာ အဟော့ဆုံးနဲ့ လူတိုင်းရဲ့စိတ်ကို ဖမ်းစားနိုင်ဆုံးသူကတော့ ယူကရိန်းသူဖြစ်တဲ့ DJ Ane Teri ကတော့ sexy ကျတဲ့ DJ Girl တစ်ယောက်ပဲ ဖြစ်ပါတယ်။ အလန်းဆုံး DJ Girl တွေရဲ့ Top 3 စာရင်းဝင်သူဖြစ်ပြီး ညှို့အားပြင်းပြီး ယောက်ျားလေးတွေအတွက်တော့ ဂီတနဲ့ ပြုစားတဲ့ မိဖုရားတစ်ပါးလို့တောင် ဆိုကြပါတယ်။

၃။ DJ Tenasher - ကောင်လေးတွေကို ရူးသွပ်သွားစေအောင် ဂီတနဲ့သာမက ရူပကာနဲ့ပါ ပြုစားနိုင်သူကတော့ အာရှသူလေး Tenasher ပဲ ဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေက သူမရဲ့ DJ တီးတဲ့စတိုင်ကို ထူးခြားနေစေပါတယ်။ 

၎။ DJ Mari Ferrari - သူမကိုတော့ ဖက်ရှင်အကျဆုံး DJ သမားလို့ သတ်မှတ်လေ့ရှိကြပါတယ်။ အထက်စားကျကျနဲ့ ခေတ်မီတဲ့ ကလပ်တွေအမှာ DJ တီးလေ့ရှိပြီး အသားရေလှလှ၊ ဖက်ရှင်ကျကျနဲ့ ညိုမှောင်တဲ့ဆံနွယ်စတွေနဲ့ ဖမ်းစားတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ DJ လောကမှာတော့ နာမည်တစ်လုံး ရေးထိုးနိုင်ခဲ့သူဖြစ်ပြီး သူမအတွက် ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 

၅။ DJ Jucy M - နာမည်ရင်းကတော့ Marta Martus ပဲ ဖြစ်ပြီး DJ လောကမှာတော့ Jucy M အဖြစ် ပရိသတ် အခိုင်အမာရှိပြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အလှကတော့ ယူကရိန်းရဲ့ အလန်းဆုံး အမျိုးသမီးစာရင်းထဲမှာလည်း ပါဝင်နေတာပါ။ သူမရဲ့ video တွေကတော့ အထူးသဖြင့် You Tube မှာ နာမည်ကြီးပြီး သူမရဲ့ မြူးမြူးကြွကြွ ကိုယ်ပိုင်ဂီတသံစဉ်တွေကြောင့် DJ လောကရဲ့ နာမည်ကြီးတစ်လက်ဆိုလည်း မမှားပါဘူး။

"ဝန်ဇင်းပရိသတ်ကြီးလည်း သူတို့ရဲ့ ပုံရိပ်တွေနဲ့ ဂီတတွေကို You Tube မှာ ရှာဖွေနိုင်ပါတယ်" 
 
Ref; www.wonderslist.com

ဝန်ဇင်းသတင်းစကား ။      ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာရှင် Celebrities များအကြောင်းနဲ့ ရုပ်ရှင် ဂီတ သတင်းများကို Wun Zinn Digest ရဲ့ ‘ဖျော်ဖြေရေးကဏ္ဍ’ ( Entertainment ) ကဏ္ဍမှ အပတ်စဉ် အင်္ဂါနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းပါးလိုက်ပါရစေခင်ဗျာ။

………….

“ဝန်ဇင်းပရိသတ်ကြီအနေဖြင့် ခုတင်ဆက်လိုက်တဲ့ ပို့စ်လေးကို သဘောကျ နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ပြောကြားလိုသည်များကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts