Deadpool 2 [ Movie Review ]


Deadpool 2 [ Movie Review ] 

မင်္ဂလာပါ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးခင်ဗျာ … 

ဒီတစ်ပတ်အတွက် ဝန်ဇင်း ရုပ်ရှင်ချစ်ပရိသတ်များကို တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်အညွှန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တင်ဆက်ခဲ့တဲ့ Deadpool 2 ရုပ်ရှင်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ပထမ ထွက်ရှိခဲ့တဲ့ Deadpool ထက်ပိုကြမ်း၊ ပိုမိုက်လာတယ်ဆိုတာကတော့ ကြည့်ပြီးတဲ့သူအားလုံးရဲ့ နှုတ်ဖျားမှာ ပြောဆုံးပါပဲ။ တကယ်လည်း ကိုယ်တိုင်သွားကြည့်တဲ့အခါမှာ သတင်းထွက်နေတဲ့အတိုင်း CGI အမိုက်စားတွေ၊ လုံးဝကြမ်းတဲ့ Fighting Scene တွေအပြင် Deadpool 2 ရဲ့ ထူးခြားချက်တစ်ခုကတော့ အဓိကဇာတ်ကောင် Deadpool ကို သူနဲ့ လက်ရည်တူ Hero တစ်ယောက်နဲ့ ရင်ဆိုင်ရတဲကိစ္စပါ။ 

ပြီးခဲ့တဲ့ ပထမဇာတ်ကားမှာတော့ X – Force အဖွဲ့ဝင်တွေရဲ့ ပါဝင်မှုက အခု Deadpool 2 မှာတော့ တော်တော်ကြမ်းကြမ်းကို ပါဝင်လာတာပါပဲ။ ဟာသတွေ၊ အရွှန်းဖောက်တာတွေ၊ ပြက်လုံးတွေလည်း အများအပြားပါဝင်ပြီး လုံးဝ သေချာပေါက်ပြောနိုင်တာကတော့ Deadpool 2 ဟာ ပထမကားထက် ပိုကောင်းနေတယ်ဆိုတာပါပဲ။ ဒီတော့ အထွေအထူး မညွှန်းတော့ဘဲ ခုပဲ Deadpool 2 ကို ကြည့်လိုက်ဖို့ တိုက်တွန်းပါတယ်။ 

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးဖြစ်တဲ့ Deadpool အကြောင်း စိတ်ဝင်စားဖွယ် အချက်တွေကိုလည်း ခုလို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။ 

၁။ Deadpool ဟာ ကနေဒါနိုင်ငံသားတစ်ယောက် - သရုပ်ဆောင်သူဖြစ်တဲ့ မင်းသား Ryan Reynolds ရော၊ Deadpool ဇာတ်ကောင်ရောဟာ ကနေဒါနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ဒီအချက်ဟာ မင်းသား Reynolds အနေနဲ့ Deadpool ဇာတ်ရုပ်ကို ပိုပြီးပီပြင်စွာ သရုပ်ဆောင်စေနိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

၂။ ပါးစပ်ကြမ်းသော Deadpool – Deadpool မှာရှိတဲ့၊ အခြား Super Hero နဲ့ Villain တွေအတွက် နှစ်သက်စရာမကောင်းတဲ့အချက်ကတော့ အခြားသူတွေကို လှောင်ပြောင်တတ်တာ၊ ခေတ်ရေစီးကြောင်းကို သရော်တတ်တာနဲ့ ဘဝနဲ့ပတ်သက်ရင် ခပ်ထေ့ထ့ ပြောဆိုနေထိုင်တတ်တာတွေပဲ ဖြစ်ပါတယ်။ အဆဲအဆိုလည်း မိုးမွှန်နေအောင် နည်းလမ်းမျိုးစုံနဲ့ ဆဲဆိုတတ်တဲ့အပြင် ဘယ်သူ့ကိုမဆို အတည်ကြီးတွေ လိုက်စနောက်တတ်လို့ Villain တွေရဲ့ သတ်ဖြတ်မှုကို နည်းမျိုးစုံခံခဲ့ရပြီးပါပြီ။ ဒါပေမဲ့ … သူကတော့ မသေရေးချမသေ။ 

၃။ Deadpool ဟာ အကြမ်းဆုံး - ဟုတ်ပါတယ်။ Super Hero နဲ့ Villain တွေအားလုံးထဲမှာ Deadpool က အကြမ်းဆုံးလို့ ဆိုရမှာပါပဲ။ ရုပ်ရှင်ထဲမှာတော့ နောက်ခံသီချင်းငြိမ့်ငြိမ့်လေးနဲ့ သွားနေပေမယ့် သူ့ရဲ့ ဖိုက်တင်ခန်းတွေမှာတော့ Deadpool က နည်းနည်းမှ ညင်သာတဲ့သူ ကြင်နာတဲ့သူမဟုတ်၊ သတ်တာဖြတ်တာ သိပ်ကိုရက်စက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Deadpool မဖြစ်သေးခင် Wade Wilson ဟာ ကင်ဆာဆဲလ်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် သူဟာ Mutant တစ်ယောက်ဖြစ်လာခဲ့တယ်။ မယုံနိုင်လောက်အောင် လျင်မြန်လွန်းတဲ့ ကိုယ်တိုင်ပြန်လည်ကုသနိုင်စွမ်းကို ရရှိသွားပြီး ဒီအချက်ကပဲ သူ့ကို အသက်ရှင်နေထိုင်ခဲ့စေသလို၊ ဒီအစွမ်းနဲ့ Deadpool တစ်ယောက် ကြမ်းတော့တာပါပဲ။ 

၎။ တကယ်တော့ Deadpool က အပြင်မှာ ကြမ်းသလောက်၊ ပျော်ပျော်နေတတ်၊ စတတ်နောက်တတ်သလောက် သူ့ရင်ထဲမှာတော့ ဝမ်းနည်းကြေကွဲမှုတွေနဲ့ အပြည့်ရှိနေတာပါ - Deadpool 1 မှာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားတဲ့အတွက် သူ့ရဲ့ ရုပ်ပျက်ဆင်းပျက် မျက်နှာနဲ့ ခန္ဓာကိုယ်ကို အခြားသူတွေ မမြင်စေရအောင် တစ်ချိန်လုံး ဝတ်စုံပြည့်ဝတ်ထားရတယ်။ သာမန်လူတွေလို လွတ်လွတ်လပ်လပ် နေထိုင်လို့မရတဲ့သူဟာ တစ်ခါတလေ စိတ်ဓာတ်အရမ်းကျတဲ့အခါမျိုးမှာတော့ မျက်နှာဖုံးခေါင်းစွပ်ကို ချွတ်ထားလေ့ရှိပါတယ်။ 

၅။ Deadpool က လုံးဝကို စမတ်ကျကျ နေထိုင်တတ်သူတစ်ယောက် - ဟာသပျက်လုံးတွေကို အချိန်မရွေးထုတ်လေ့ရှိတဲ့ Deadpool ဟာ ဘာလုပ်လုပ် စတိုင်ကျကျ၊ စမတ်ကျကျ လုပ်တတ်ကိုင်တတ် ပြောဆိုတတ်သူပဲ ဖြစ်ပါတယ်။ Super Hero ၊ Villain နဲ့ Anti – Hero ဇာတ်ကောင်တွေမှာ Deadpool လောက် စတိုင်မိတဲ့သူမရှိဘူးလို့တောင် ဆိုကြပါတယ်။

၆။ Captain America ဟာ Deadpool ရဲ့ Idol တစ်ယောက်ပါတဲ့ - မယုံနိုင်စရာပါပဲ၊ Deadpool လို လူမျိုးမှာ သူလေးစားအားကျတဲ့သူ ရှိနေသေးတယ်တဲ့၊ သူကလည်း အခြားမဟုတ်၊ Captain America ဆိုတော့ … Deadpool က homosexual လား ဘာလား တကယ် idol ဖြစ်သွားတာလား ဆိုတာကတော့ Deadpool 2 မှာ ကြည့်နိုင်ပါတယ်။ 

၇။ Deadpool က ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေကို သိပ်ချစ်တတ်တဲ့သူ - Deadpool ဟာ အသတ်အဖြတ်မှာ လက်ရဲဇက်ရဲ ရက်စက်သလောက် သူ့ရဲ့ ရင်ထဲမှာ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားလည်း ရှိပါသေးတယ်၊ အဲ့ဒါကတော့ ကလေးလေးတွေနဲ့ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးစိတ်ရှိမှုပါပဲ။ ဒီအချက်ကတော့ Deadpool ပရိသတ်တွေအတွက် သူ့ကို ပိုပြီး ချစ်ခင်သွားစေတဲ့ အချက်ဆိုလည်း မမှားပါဘူး။ 
…….
ကဲ … ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးလည်း Deadpool 2 မကြည့်ရသေးဘူးဆိုရင် ခုပဲ ကြည့်လိုက်ပါဦးနော်။ ပြောချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ။ ၏

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts