“Single များကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းများ” [ Movie Review ]


“Single များကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းများ”

မင်္ဂလာပါ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးခင်ဗျာ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ ရည်းစားမရှိ အတွဲမဲ့နေတဲ့ Single တွေ FA တွေများ ရှိမလားဗျ။ သူများအတွဲတွေကိုကြည့်ပြီး အားကျရင်း ကိုယ်ရဲ့ Single ဘဝကို ငြီးငွေ့မနေပါနဲ့၊ FA တို့ Single တို့ဆိုတာ RS တွေကြားထဲမှာ နာမည်သာဆိုးပေမယ့် ဘဝမှာ သိပ်ကို နေလို့ထိုင်လို့ကောင်း၊ လုပ်ချင်တာလုပ်လို့ရတဲ့ လွတ်လပ်မှုအရသာကို ခံစားနိုင်တဲ့ တစ်ခုတည်းသော ဘဝပဲ ဖြစ်ပါတယ်။ 

ပန်းခြံသွားတဲ့အခါ RS တွေကိုမြင်ပြီး စိတ်ဓာတ်မကျပါနဲ့၊ ဘတ်စ်ကားပေါ်မှာ ပခုံးလေးမှီပြီး အိပ်ငိုက်နေကြတဲ့ RS တွေကိုမြင်ပြီး စိတ်ဓာတ်မကျပါနဲ့၊ ရုပ်ရှင်ရုံရောက်တဲ့အခါ အတွဲခုံလက်မှတ်ဝယ်ပြီး ကိုယ့်ဘေးက ပျော်ရွှင်နေတဲ့ RS တွေကိုမြင်ပြီး စိတ်ဓာတ်မကျပါနဲ့ … ။

ဒီ့လိုစိတ်ဓာတ်မကျဖို့အတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ ဒီတစ်ပတ်အတွက် “ရုပ်ရှင်အညွှန်းကဏ္ဍ” မှာဆိုရင် “Single များကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းများ” ကို ဖော်ပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ကဲ … Single တစ်ယောက်ဖြစ်ရတာ ဘယ်လောက်ကောင်းလဲဆိုတာ သိရအောင် ခုဖော်ပြမယ့် ရုပ်ရှင်တွေကို ကြည့်ရှုခံစားကြဖို့ မမေ့နဲ့နော်။ 

Single များကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းများ

၁။ How to Be Single – ဒီရုပ်ရှင်ကတော့ ကိုယ်ကိုယ်တိုင် ဘယ်လို Relationship မျိုးကို တည်ဆောက်ရမလဲဆိုတာကို အတွေးပေါက်သွားစေတဲ့ ဟာသဇာတ်မြူးလေးပဲ ဖြစ်ပါတယ်။ ကောလိပ်ကို လေးနှစ်ကြာတက်ခဲ့ပြီးနောက်မှာတော့ ‘အဲလစ်’ ဟာ သူမနဲ့ တွဲလာတာကြာပြီဖြစ်တဲ့ ‘ဂျော့ရှ်’ နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ ‘အဲလစ်’ တစ်ယောက် နယူရော့မြို့တော်ကို အလုပ်ကိစ္စအတွက် ပြောင်းရွှေ့သွားခဲ့ပြီး နောက်ပိုင်းမှာ ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေဆက်ဖြစ်ကြလဲ ? Relationship တစ်ခုအပေါ် သူမရဲ့ ပြောင်းလဲလာတဲ့ ခံယူချက်သဘောထားနဲ့အတူ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အဖြစ်အပျက်တွေက ရုပ်ရှင်ချစ်သူအဖို့ စိတ်ပျက်ငြီးငွေ့စေမှာ မဟုတ်ပါဘူး။ 

၂။ An Education – ဆယ်ကျော်သက်ကောင်မလေး ‘ဂျင်းနီ’ ၊ သူမရဲ့ အနာဂတ်ဟာ ငွေရောင်တဝင်းဝင်း ရွှေရောင်တလက်လက်နဲ့ပေါ့။ ချောချောလှလှနဲ့ စမတ်ကျကျ ကောင်မလေး ‘ဂျင်းနီ’ ရဲ့ အိပ်မက်ဟာ ကမ္ဘာကျော် အော့စ်ဖိုဒ်ကျောင်းတော်ကြီးကို တက်ရောက်ဖို့။ ဒီ့မတိုင်ခင်မှာတော့ သူမရဲ့ ဘဝထဲကို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ ‘ဒေးဗစ်’ တစ်ယောက်ရောက်လာပြီး နောက်ပိုင်းမှာတော့ ….. ။ 

၃။ Ghost World – ‘နစ်’ နဲ့ ‘ရေဘတ်ကာ’ တို့ သူငယ်ချင်းနှစ်ယောက်၊ အထက်တန်းကျောင်းသူဘဝကတည်းက ခင်မင်ခဲ့ကြသူတွေပဲ ဖြစ်တယ်။ အခြားမိန်းကလေးတွေနဲ့မတူ၊ လောကကြီးကို သူတို့ ရှုမြင်ပုံက တစ်မျိုး၊ နောက်ဆုံး သူတို့နှစ်ယောက် တကယ်ဖြစ်ချင် လိုချင်တာတွေကိုပဲ ရှာဖွေဖန်တီးဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့အခါ ….. ။ 

၎။ ( 500 ) Days of Summer - မိတ်ဆက်စာလေးတွေ ရေးပေးတဲ့အလုပ်ကို လုပ်ကိုင်နေရင်းနဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မဲ့နေသူ ‘Tom’ တစ်ယောက်၊ သူ့ရဲ့ အတွေးအမြင်နဲ့ ဘဝကိုပြောင်းလဲစေမယ့် နွေရာသီ ရက်ပေါင်း ( ၅၀၀ )၊ ဒီလို နွေရက်များစွာထဲမှာ သူနဲ့ သူ့ကောင်မလေးတို့ရဲ့ Relationship က ဘယ်လို အချိုးအကွေ့တွေ ဖြစ်ပေါ်စေမလဲ … ။ 

၅။ Begin Again - အဆိုတော်မလေး ‘ဂရီတာ´ဟာ သူမနဲ့ အချိန်အကြာကြီးတွဲခဲ့တဲ့ ရည်းစားဖြစ်သူနဲ့ မကြာသေးခင်ကမှ လမ်းခွဲခဲ့ကြတယ်။ သူမဟာ ‘ဒန်း’ နဲ့ မတွေ့ခင်အထိ နယူးရော့ခ်ရဲ့ နေ့ရက်များစွာကို တစ်ယောက်တည်း နေထိုင်ဖြတ်သန်းရင်း သူမကိုယ်သူမ ပြန်လည်ရှာဖွေနေခဲ့တာပေါ့။ Bar တစ်ခုကိုသွားရင်းနဲ့ သူမရဲ့ သီချင်းသံကို ‘ဒန်း’ တစ်ယောက် ကြားလိုက်ရပြီးနောက်မှာတော့ … ။ 

ကဲ … ဒီရုပ်ရှင်တွေဟာ Single သမားတွေအဖို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းများပဲ ဖြစ်ပါတယ်ခင်ဗျ။ ရုပ်ရှင်တစ်ကားချင်းစီတိုင်းဟာ ဝန်ဇင်းချစ်ပရိသတ်ကြီးအတွက် Relationship တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး အတွေးတစ်စုံတရာ ရရှိသွားစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ ရုပ်ရှင်စာရင်းတွေထဲက မိမိနှစ်သက်မယ်ထင်တဲ့ ရုပ်ရှင်ကားကို ခုပဲ ကြည့်ရှုလိုက်ရအောင်နော်။ 

Ref; buzzfeed.com
…………
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ကြည့်ရှုပြီးတဲ့ ရုပ်ရှင်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 



Related Posts