Black Panther [Movie Review]


Movie Review
Black Panther 

Black Panther ဟာ Marvel Cinematic Universe ရဲ့. နောက်ဆုံးထွက်ရှိထားတဲ့ Superhero movie ဖြစ်ပါတယ်။ နောက်ဆုံးလို့ပြောထားတာက ဘယ်၂ကားမြောက်လဲ သေချာမသိလို့.. 17 th ကားမြောက်လား..18th ကားမြောက်လား...တော်တော်တော့ များနေပြီ  ???? ထားပါတော့..
ဇာတ်လမ်းအကြောင်းပဲ ပြောရအောင်..
(Spoiler Alert)
ဇာတ်လမ်းကတော့ Wakanda ဆိုတဲ့ ခေတ်လွန်နည်းပညာအဆန်းတွေနဲ့ ကြွယ်ဝချမ်းသာတိုးတက်နေပေမယ့် ဘယ်သူမှမသိအောင် 
လျှို့ ဝှက်ထားတဲ့ အာဖရိကနိင်ငံကြီးရယ်...ဖခင်ဘုရင် နတ်ရွာစံပြီးတော့ ထီးနန်းရလာတဲ့ ဘုရင် T'Challa သို့ Black Panther ရယ်..သူကြုံလာရတဲ့ တိုင်းပြည်အခက်အခဲတွေ၊ အရင်ဘုရင်လက်ထက်က ပြဿနာတွေရယ်..ပြီတော့ ထုံးစံအတိုင်း marvel action scene တွေရယ်ပေါ့။
ဒီကားကို trailer တွေထွက်တုန်းကတော့ အရမ်းကြီး မ hype ထားခဲ့ဘူး..ဒီတိုင်း MCU နောက်တစ်ကား ကွင်းဆက်မိအောင် ကြည့်ထားရမယ့်ကား၊ action တွေ၊ လောက်ပဲ ကြည့်ရမယ်ဆိုပြီး ကြည့်တာပေါ့။ ဒါပေမယ့် မထင်မှတ်ထားတာလေးတွေ ပါတယ်ဗျ။ ဘယ်လိုမျိုးလဲဆိုတော့ Winter Soldier တုန်းကလို Captain America အကြောင်းပဲမဟုတ်ပဲ စစ်ပွဲရဲ့ မကောင်းကြောင်း၊ freedom တွေ fear တွေအကြောင်းတွေကို ပြသလိုပဲ ဒီ Black Panther မှာလဲ နိုင်ငံရေး၊ လူမျိုးရေး အထာလေးတွေထည့်ထားတာတွေ့ရတယ်။ ပိုကြိုက်မိတာက ဇာတ်ကောင်တွေရဲ့. သူတို့ကိုယ်ပိုင်အမြင်တွေ၊ ခံယူချက်တွေကို ဦးစားပေးဖော်ပြထားတာပဲ။ အထူးသဖြင့် Michael B. Jordan သရုပ်ဆောင်ထားတဲ့ Erik Killmonger ဗီလိန်ဇာတ်ကောင်ပဲ။
T'Challa တို့လို Vibranium တွေ ဖင်ခုထိုင်ထားပြီး high tech တွေနဲ့ flex နေရတဲ့အချိန်မှာ Erik က ရပ်ကွက်အထာနဲ့ အပြင်လောကမှာ သူတို့လူမျိုးတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သူကိုယ်တိုင်ရင်ဆိုင်လာခဲ့ရတော့ ' မင်းတို့မှာ ဒီလိုနည်းပညာတွေရှိနေပြီးတော့ ကိုယ့်လူမျိုးတွေ အပြင်မှာဒုက္ခရောက်နေတာကို ဒီတိုင်းလက်ပိုက် ကြည့်နေရကောင်းလား' ပေါ့။ အဲ့တော့ hero ဖြစ်တဲ့ T'Challa သို့ Black Panther ကြီးလဲ သူယုံကြည်ထားတာတွေ၊ လုပ်နေတာတွေ မှားများ မှားနေလားဆိုပြီး ဒွိဟတွေဖြစ်ကုန်ရော။ နောက်ပိုင်း superhero ကားတွေမှာ တွေ့ရများတဲ့ ဗီလိန်က Plainကြီး ကမ္ဘာကိုဖျက်ဆီးတော့မှာကို Hero ကလိုက်တားရတာမျိုးမဟုတ်တော့ ကျေနပ်မိတယ်။
နောက်တစ်ခုက အာဖရိကရိုးရာဝတ်စုံတွေ၊ သရုပ်ဆောင်တွေကိုလည်း အာဖရိကန်လူမျိုးစစ်စစ်တွေကို အများဆုံးသုံးထားတာလည်း တော်တော်မိုက်ပါတယ်။ကျန်တာတွေကတော့ MCU ထုံးစံတွေပဲပေါ့..
လူဆိုးကားအမည်းကြီးတွေနောက်လိုက်တဲ့ အခန်းတွေ၊ လက်နက်ဆန်းတွေသုံးပြတာတွေပေါ့။
Black Panther ရုပ်ရှင်က လုံးဝအပြစ်ကင်းစင်တဲ့ superhero ကားတစ်ကားတော့ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ပြောတာပါ။ လူတိုင်း အကြိုက်ဘယ်တူပါ့မလဲ။ ကျွန်တော်လဲ လုံးဝမကြိုက်တာတော့ မဟုတ်ဘူး...တချို့ အပိုင်းလေးတွေပါ။ ဘာတွေလဲဆိုတော့...Fightingခန်းတွေက နည်းနည်းမှောင်နေပြီး မသေသပ်သလို ခံစားရတယ်။ နောက်ဆုံး Panther နှစ် ကောင်ချတဲ့ အခန်းပိုဆိုးတယ်။ Panther နှစ် ကောင်က အမည်းဝတ်ထားပါတယ်ဆိုမှ အမှောင်ထဲဆင်းသွားချတယ်။ အဲဒီ အခန်းဆို လေထဲမှာ Panther နှစ် ကောင်ဖိုက် ပြီးဆင်းသွားတာဆို ဟိုအရင် Spiderman 3 တုန်းက Spidy နဲ့ Venom ချတဲ့အတိုင်းပဲ CGI က မသေသပ်သလိုဖြစ်နေတယ်။ နောက်ပြီး ဒီကားမှာ Killmonger ဗီလိန်ပါတဲ့ အခန်းမှ ဇာတ်ရှိန်မြင့်လာတာကိုး…
အစပိုင်း သူ့ကို မိတ်ဆက်ပြီး ၁ နာရီ လောက်နီးပါး ဇာတ်လမ်းထဲမှာ ပျောက်နေတယ်။ ဒီထက်ပိုပါရင် ကောင်းမယ်ထင်တယ်။ ပြီးတော့ ပါလာတော့လဲ ဝုန်းဒိုင်းဆိုသလို Black Panther ကို နိုင်ပြီး ထီးနန်းရ..ပုလ္လင်ပေါ်တောင် ကြာကြာမထိုင်လိုက်ရသလိုပဲ နောက်ဆုံးခန်းရောက်သွားတယ်။ hero ဖြစ်တဲ့ Black Panther နလန်ပြန်ထလာတာ တော်တော်မြန်တယ် ။ 

ဒီလောက်ပါပဲ။ အားလုံးချုံပြောရရင်တော့ ရိုက်ထားတွေလှတယ်။ သရုပ်ဆောင်တွေလဲကောင်းတယ်။ 
Black Panther ကြီးထက် villain ဖြစ်တဲ့ Killmonger ကိုပိုကြိုက်တယ်။

#HM
#FilmPlot

Related Posts