“သင် အထီးကျန်တယ်လို့ ခံစားရတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားများ” [ Movie Review ]


“သင် အထီးကျန်တယ်လို့ ခံစားရတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားများ” 

မင်္ဂလာပါ ရုပ်ရှင်ချစ်သူများခင်ဗျ … 

ဝန်ဇင်းပရိသတ်ကြီးထဲမှာ တစ်ခါတလေ ( ဒါမှမဟုတ် ) မကြာခဏ - အထီးကျန်တယ်လို့ ခံစားရလေ့ရှိသူများ ရှိမလားခင်ဗျ။ အထီးကျန်တဲ့စိတ်ကို ဘယ်လိုနည်းလမ်းနဲ့ သက်သာအောင် ကုစားလေ့ရှိကြလဲ ? အချို့ကတော့ အပြင်သွားတယ်၊ မုန့်စားတယ်၊ သူငယ်ချင်းတွေနဲ့ ချိန်းပြီး Night Out ထွက်တယ်၊ ကစားကွင်းသွားတယ်၊ စာဖတ်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ သီချင်းဆိုတယ် … ဒီလိုနည်းလမ်းတွေနဲ့ အထီးကျန်တဲ့ ဝေဒနာကို ကုစားလေ့ရှိကြတယ်။ ဒါပေမဲ့ ဒီလိုမျိုးချည်း ထပ်ကာတလဲလဲ လုပ်နေရမယ်ဆိုရင် တစ်ချိန်ချိန်မှာတော့ ပျင်ရိငြီးငွေ့ပြီး အထီးကျန်တဲ့ဝေဒနာကနေ ရုန်းမထွက်နိုင် ဖြစ်သွားပါလိမ့်မယ်။ 

အဓိကအရင်းအမြစ်ကတော့ ‘အထီးကျန်’ တယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ခံယူချက်အဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ‘အထီးကျန်’ တယ်ဆိုတာ ကိုယ်နဲ့ မဆိုင်သလို ဖြစ်သွားပါလိမ့်မယ်။ ‘အထီးကျန်ခြင်း’ နဲ့ ပတ်သက်တဲ့ ခံယူချက်အတွက် အတွေးအခေါ် ပုံစံသစ်တွေကို ပေးနိုင်မယ့် ရုပ်ရှင်ကားတွေရှိတယ်ဆိုရင် ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်တွေ စိတ်ဝင်စားမလား၊ အထီးကျန်တယ်လို့ ခံစားရသူတိုင်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတွေကို ခုလို ပြန်လည်မျှဝေလိုက်ပါရစေ။ 

၁။ ‘I Am Legend’ - ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား Will Smith ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတစ်ခု။ သူဟာ နယူးရော့ခ်မြို့တော်ကြီးမှာ တစ်ကိုယ်တည်း အထီးကျန်ဖြစ်နေသူ၊ သူကယ်တင်ခဲ့တဲ့ ခွေးတစ်ကောင်နဲ့အတူပေါ့။ ရုပ်ရှင်ရဲ့ သုံးပုံတစ်ပုံလောက် ရောက်တဲ့အခါမှာ သင်ဟာ အထီးကျန်တဲ့ဝေဒနာကို ခံစားရတော့မှာ မဟုတ်ပါဘူး။ သင့်မှာ အိမ်မွေးတိရစ္ဆာန်လေးရှိမယ်ဆိုရင် သူနဲ့အတူ ကြည့်သင့်ပါတယ်။ 
\
၂။ ‘Castaway’ - တစ်ယောက်တည်းနေရတဲ့ အရသာကို စိတ်ကြိုက်ခံစားချင်လား ? ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။ မင်းသားကြီး Tom Hanks ရဲ့ ကမ္ဘာကျော်ရုပ်ရှင်ဖြစ်ပြီး ကျွန်းလေးတစ်ကျွန်းပေါ်မှာ အသက်ရှင်နေထိုင်ဖို့ ရုန်းကန်လှုပ်ရှားရတဲ့ ဘဝကြမ်းကြမ်းကို တင်ဆက်ထားတယ်။ ကျွန်းပေါ်မှာ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းတစ်ယောက်လည်း ရှိသေးတယ်။ နာမည်က Wilson … တကယ်တော့ သူဟာ ဘောလီဘောတစ်လုံးမျှသာ။ 

၃။ ‘Birdesmaids’ - အမေရိကန်မင်းသမီး - Kristen Wiig နဲ့ Maya Rudolph တို့ရဲ့ ဟာသဇာတ်မြူးထဲမှာ ပေါက်ပေါက်တစ်ထုပ် ကိုလာတစ်ဗူးနဲ့ ပျော်ဝင်လိုက်ပါ။ Single Mother ဖြစ်တဲ့ အန်နီနဲ့ သူမရဲ့ သူငယ်ချင်းဖြစ်သူ - လောလောလတ်လတ် စေ့စပ်ထားတဲ့ လီလီယန်၊ ကဲ … ဘယ်လိုဇာတ်မြူးလေးဖြစ်မလဲ ကြည့်လိုက်ဦးနော်။ 

၎။ ‘Melancholia’ - သိပ္ပံဇာတ်လမ်းပါပဲ။ ကမ္ဘာကြီးရဲ့ အဆုံးသတ်နေဝင်ချိန်ကို ဇာတ်အိမ်တည်ထားတယ်။ သိပ်ကို အထီးကျန်နေပြီလား၊ ဒီရုပ်ရှင်က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ တရွေ့ရွေ့နဲ့ နီးကပ်လာနေတဲ့ ကမ္ဘာကြီးရဲ့ နောက်ဆုံးချိန်ကို ညီအစ်မနှစ်ယောက် ဘယ်လိုဖြတ်သန်းကြမယ်ထင်လဲ ?

၅။ ‘Children of Men’ - လူသားမျိုးဆက်ပြတ်သွားမယ်ဆိုရင် ဘာတွေဖြစ်ပေါ်လာနိုင်မလဲ ? ဒီရုပ်ရှင်က အဖြေပေးပါလိမ့်မယ်။ အဆမတန် များပြားလာတဲ့ ကမ္ဘာ့လူဦးရေထူထပ်မှုနှုန်းရဲ့ နောက်ကွယ်က ခက်ခဲစွာ အသက်ရှင်နေထိုင်ရမှုတွေကို မြင်တွေ့ရမယ်။ အဖြေရှာဖို့ တော်တော်ခက်ခဲတဲ့ ပြဿနာက သင့်ခေါင်းထဲ ရောက်လာပါလိမ့်မယ်။ 

၆။ ‘Never Been Kissed’ – သင်ဟာ ဒီရုပ်ရှင်ကားထဲက Josie Grosie ခံစားရတဲ့ ကိုးရို့ကားယား ဖြစ်ရပ်မျိုးတွေရဲ့ တစ်ဝက်လောက်ကိုတောင် ကြုံတွေ့ဖူးမယ် မထင်ပါဘူး။ ၁၉၉၀ ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပေမဲ့ ခုထိ ကြည့်လို့ကောင်းနေဆဲ၊ ဇာတ်လမ်းလေးက အောက်စီဂျင်အပြည့်နဲ့ လတ်ဆတ်နေဆဲပါပဲ။ 

၇။ ‘Frank’ - ကြောင်တောင်တောင်နိုင်တဲ့ ခေါင်းစွပ်မျက်နှာဖုံးကြီးကို ဝတ်ပြီး ပတ်ဝန်းကျင်လူသားတွေရဲ့ မျက်မှောက်ကနေ ပုန်းရှောင်နေသူ ရော့ခ်သမားကြီးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့ဟာ နည်းနည်းတော့ ပြင်းတယ်ဗျ။ ရုပ်ရှင်ကြည့်နေရင်း သူနဲ့ကိုယ်ဟာ စိတ်ဝိညာဉ်ချင်း ပေါင်းစပ်သွားပါလိမ့်မယ်။ 

Ref; .bustle.com
………….
ဝန်ဇင်းသတင်းစကား ။     ။ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ( Movie Review ) ကဏ္ဍမှ အပတ်စဉ် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။
………
“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ရုပ်ရှင်ချစ်သူတို့ သိချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts