“ဝါးလုံးကွဲအောင် ရယ်မောရမယ့် နာမည်ကြီး ဟာသရုပ်ရှင်များ”[ Movie Review ]


“ဝါးလုံးကွဲအောင် ရယ်မောရမယ့် နာမည်ကြီး ဟာသရုပ်ရှင်များ”

၁။ Dumb and Dumber - နာမည်ကြီး ဟာသသရုပ်ဆောင် Jim Carrey ရဲ့ သရုပ်ဆောင်ကွက်တွေဟာ သင့်ကို ထိုင်ခုံပေါ်ကတောင် ပြုတ်ကျစေလောက်တဲ့အထိ ရယ်မောရပါလိမ့်မယ်။ ရုပ်ရှင်ကြည့်ပြီးသွားရင်လည်း အာရုံထဲမှာ စွဲပြီး ကျန်ခဲ့မယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တယ်။ လူကြိုက်အများဆုံး ဟာသရုပ်ရှင်စာရင်းရဲ့ နံပါတ် ( ၁ ) နေရာမှာ ရှိနေတဲ့ ဒီဇာတ်ကားကို စိတ်လွတ်ကိုယ်လွတ် ရယ်မော ပျော်ရွှင်လိုသူတိုင်း ကြည့်ရှုသင့်ပါတယ်။ 

၂။ Monty Python and the Holy Grail – ဒီရုပ်ရှင်က ဟာသချည်းပဲလည်း မဟုတ်ဘူး။ အတည်ချည်းပဲရယ်လည်း မဟုတ်ဘူး။ အပြောင်အပျက်တွေလည်း ပါသလို အတည်ခန်းတွေလည်း ပါတယ်။ ဟိုးအရင်က အာသာဘုရင်ကြီးအကြောင်းကို တင်ပြထားရင်း ဒီနေ့ခေတ် လူသတ်စုံထောက်ဇာတ်လမ်းနဲ့ တွဲဖက်ထားတဲ့ အက်ရှင်ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ 

၃။ Airplane! – ဒီရုပ်ရှင်ကတော့ တစ်ခါကြည့်ပြီးတာတောင် မဝသေးဘူး။ အထပ်ထပ်အခါခါ ပြန်ကြည့်ချင်စိတ်၊ ကြည့်ပြီး ထပ်ရယ်ချင်စိတ် ဖြစ်လာစေတဲ့ ဟာသဇာတ်ကားပဲ ဖြစ်ပါတယ်။ ဟာသသီးသန့်ချည်း မဟုတ်တဲ့အပြင် သရော်ကွက်တွေလည်း ပါတာမို့ အမေရိကန်မှာတော့ သိပ်ကို ပေါက်သွားတဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ 

၎။ The Hangover – ဒေါ့ဂ်ရဲ့ မင်္ဂလာဆောင်မတိုင်ခင်မှာ သူအပါအဝင် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ လာ့စ်ဗီးဂတ်စ်ကိုသွားပြီး လူပျိုည အပြတ်ကဲမယ်ပေါ့။ အဲ့ … နောက်တစ်နေ့ မနက် နိုးလာတဲ့အခါ သတို့သားလောင်း ဒေါဂ့် ပျောက်သွားတယ်။ သူတို့ ညတုန်းက ဘာတွေလုပ်ခဲ့ကြမှန်းလည်း မမှတ်မိကြ။ အရေးတကြီး သတို့သားလောင်း ရှာပုံတော်က ရက်ရက်စက်စက်ကို ရယ်ရချက်ပဲ။ 

၅။ The Big Lebowski - ဒီကားတော့ နည်းနည်းကြမ်းတယ်။ ကြမ်းတယ်ဆိုတာ အက်ရှင်ဆန်ဆန် ကြမ်းတာကို ပြောတာပါနော်။ အက်ရှင်ဟာသ ဇာတ်ကားပါပဲ။ အတည်ပေါက်ကြီးတွေနဲ့ ဟာသဖြစ်မှန်းမသိ ဖြစ်နေတယ်လို့ ဆိုရမှာပဲခင်ဗျ။ ဂျက်ဖ်တစ်ယောက်ရဲ့ အလွဲကြီးလွဲချက်တွေက နောက်ဆုံး သူ့မိန်းမတောင် ပြန်ပေးဆွဲခံရတဲ့အထိပဲ။ ဒါနဲ့ သူ့မိန်းမကို ပြန်ရွေးဖို့ ခပ်မိုက်မိုက် အချေတစ်ယောက် ငှားဖို့လုပ်တော့ ဇာတ်က ပိုရှုပ်သထက်ရှုပ်။ 

ကဲ … ဒီဇာတ်ကားတွေကတော့ မရယ်ရမနေနိုင် ရုပ်ရှင်တွေပဲ ဖြစ်ပါရဲ့ခင်ဗျာ။ ဆိုတော့ကာ ဒီတစ်ပတ် စနေ တနင်္ဂနွေမှာ ခုပဲ ကြည့်လိုက်ရအောင်ဗျို့။ အပတ်စဉ် ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Wun Zinn App ထဲက ခုလို *အခမဲ့ဖတ်စရာ* ကဏ္ဍလေးကို ဝင်ရောက် ကြည့်ရှုကြဖို့ မမေ့နဲ့နော်။ 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့်။ 

Related Posts