The Darkness Minds ( 2018 ) [ Movie Review ]


The Darkness Minds ( 2018 ) [ Movie Review ] 

ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျ … 

ဒီတစ်ပတ်အတွက် ဝန်ဇင်းရဲ့ Movie Review ကဏ္ဍကနေ တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်အညွှန်းကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ရုပ်ရှင်ရုံတွေမှာ စတင်ပြသနေပြီဖြစ်တဲ့ လူငယ်ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျ။ အဲ့ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ - 

‘The Darkness Minds’

သိပ္ပံအက်ရှင်ဇာတ်လမ်းတစ်ခု ဖြစ်ပြီး လူငယ်ဆန်ဆန်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်အိမ်မျိုးကို မြင်တွေ့ရပါလိမ့်မယ်။ X – Men လို သန္ဓေပြောင်းလူသား စွမ်းအားရှင် ရုပ်ရှင်ကားမျိုးကို သဘောကျတယ်ဆိုရင် ဒီရုပ်ရှင်ကိုလည်း နှစ်သက်မိမှာ အမှန်ပါပဲ။ 

ဇာတ်ညွှန်းတို - ရုပ်ရှင်ထဲမှာ အဓိက သရုပ်ဆောင်တွေက ဆယ်ကျော်သက် လူငယ်တွေပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆန်းကြယ်တဲ့ ပလိပ်ရောဂါပိုး ကူးစက်ခံရသူတွေ အမြောက်အမြားရှိလာပြီး အစိုးရ ကိုယ်တိုင်က စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလာတဲ့ အခါမှာတော့ အဲ့ဒီ ရောဂါပိုး ကူးစက်ခံရသူတွေကို ‘ကုသရေးစခန်း’ ဆီ စုပြီး ပို့လိုက်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ ရောဂါကူးစက်ခံရပြီး ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်ခဲ့တဲ့ လူငယ်တွေကတော့ ထူးခြားတဲ့ သဘာဝလွန် စွမ်းအင်တွေကို ရရှိသွားကြတယ်။ ဒါတွေကို ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းလာတဲ့အခါမှာတော့ ….. 

ရူဘီ ( Ruby ) လို့ ခေါ်တဲ့ အသက် ( ၁၆ ) နှစ်အရွယ် ကောင်မလေး၊ သူမဟာ ဗိုင်းရပ်စ်ကို တွန်းလှန်ပြီး စွမ်းအားရရှိသွားတဲ့ လူငယ်တွေအနက် စွမ်းအားအမြင့်ဆုံး တစ်ယောက်လို့ ပြောရမှာပေါ့။ ကုသရေးစခန်းကနေ ဖောက်ထွက် ပြေးဖို့ ကြံစည်ခဲ့တဲ့ ရုပ်ရှင်ရဲ့ ကနဦး အဓိကဇာတ်ဆောင် တစ်ဦးလို့ ဆိုရမှာပါ။ 

သူ့ရဲ့ ရည်ရွယ်ချက် - သူ့လိုပဲ၊ အစိုးရရဲ့ အပြင်းအထန် ထိန်းချုပ်မှုနဲ့ အရာရာ ဆိုးရွားနေတဲ့ အခြေအနေဆိုးအောက်ကနေ ရုန်းထွက်ပြီး အေးချမ်းတဲ့ နေရာတစ်ခုဆီ သွားဖို့ စိုင်းပြင်းနေတဲ့ အခြား စွမ်းအားရှင်လူငယ်တွေကို စုပြီး၊ သူတို့နဲ့ ဆက်သွယ်ဖို့။ 

မကြာခင်မှာပဲ ရူဘီရဲ့ ရည်ရွယ်ချက်တွေ ပြည့်သွားတယ်ပေါ့။ သူတို့ရဲ့ စွမ်းအားတွေကို စုစည်းမိသွားပြီလေ။ အဲ့ဒီမှာ စတွေ့တာပဲလို့ ဆိုရမယ်။ ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ရဲ့ အနာဂတ် အိပ်မက်တွေကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ အခြားလူငယ်တွေနဲ့ သူတို့တွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အစိုးရရဲ့ တိုက်ခိုက်မှုတွေကြား ဒီ စွမ်းအားရှင် ဆယ်ကျော်သက် အဖွဲ့က တွန်းလှန်နိုင်ပါ့မလား ? 

မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကရော ဘာတွေဖြစ်မလဲ ? 

ရုပ်ရှင်တစ်ခုလုံးကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ၊ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းပြီး အရမ်းမိုက်တဲ့ စွမ်းအားရှင်လေးတွေ ၊ လုံးဝ အကြမ်း တိုက်ခိုက်မှုတွေ ၊ အထူးပြုလုပ်ချက်တွေက သိပ်ကို ပီပြင်ပြီး အသံစနစ်တွေကလည်း အရမ်းလန်းနေတော့ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်တွေလည်း ကြိုက်နှစ်သက်မှာ အသေအချာပါပဲ။ 

ဒါကြောင့် မနက်ဖြန် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဒီရုပ်ရှင်ကို ကြည့်လိုက်ကြဖို့ မမေ့နဲ့နော်။ 

ဝန်ဇင်းသတင်းစကား ။     ။ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ( Movie Review ) ကဏ္ဍမှ အပတ်စဉ် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ရုပ်ရှင်ချစ်သူတို့ သိချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts