The Despicable Me 3[Movie Review]


ဝန်​ဇင်းစာချစ်​သူများ မင်္ဂလာပါခင်​ဗျာ ...

ဒီ​နေ့မှာ​တော့ ဝန်​ဇင်းစားချစ်​သူ​တွေ ရုံးပိတ်​ရက်​မှာ အနားယူရင်း ကြည့်​ရှုနိုင်​ဖို့ Animation ကာတွန်းဇာတ်​ကား​ကောင်း​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​။ အဲ့ဒီဇာတ်​ကား​လေးက​တော့ ဝန်​ဇင်းရုပ်​ရှင်​ချစ်​ ပရိသတ်​​တွေ သိပြီးသားဖြစ်​တဲ့ minions ​လေး​တွေပါဝင်​​သော 'The Despicable Me 3' ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားပဲ ဖြစ်​ပါတယ်​ခင်​ဗျ။

ပြီးခဲ့တဲ့ နှစ်​ကုန်​ပိုင်း​လောက်​မှာ ထွက်​ရှိခဲ့တာဖြစ်​ပြီး Despicable Me Series ​တွေထဲမှာ ​နောက်​ဆုံးထွက်​ရှိထားတဲ့ ဇာတ်​ကားဖြစ်​တဲ့အပြင်​ ​ရှေ့ဇာတ်​လမ်း​တွေမှာ ဖုံးကွယ်​ထားတဲ့ လျှို့ဝှက်​ချက်​​တွေကို ဖွင့်​ချထားတဲ့ Me ကားအသစ်​ဆိုရင်​လည်း မမှားပါဘူး။

ဟာသသရုပ်​​ဆောင်​အဖြစ်​လည်း နာမည်​ကြီးသူ ​အ​မေရိကန်​ ရုပ်​ရှင်​မင်းသား Steven John Carell က ​နောက်​ခံစကား​ပြောအဖြစ်​ သရုပ်​​ဆောင်​ထားတဲ့၊ Minions ဇာတ်​လမ်း​တွေရဲ့ အဓိက ဗိလိန်​ ဇာတ်​လိုက်​တစ်​ဦးဖြစ်​သူ Gru !

တီထွင်​ဖန်​တီးနိုင်​စွန်းမြင့်​မားပြီး နာမည်​​ကျော်​ကြားမှုကို အလိုရှိသူ Bratt ဟာ ကမ္ဘာ့အကြီးဆုံးစိန်​ကြီးကို နည်းမျိုးစုံနဲ့ ခိုးယူဖို့ ကြိုးစား​ ကြံစည်​​နေခဲ့တယ်​။ Bratt ဇာတ်​​ကောင်​ဟာ Despicable Me ဇာတ်​ကား​တွေရဲ့ အရယ်​ရဆုံးနဲ့ စိတ်​ဝင်​စားဖို့အ​ကောင်းဆုံး ဇာတ်​​ကောင်​ဖြစ်​တယ်​ဆိုတာ ဒီရုပ်​ရှင်ထဲမှာ ပိုပြီး ပိုလွင်​လာပါတယ်​။

Dance Fighting Scence နဲ့ Background Music အလန်း​တွေက Bratt ရဲ့ ကာတွန်းဇာတ်​​ကောင်​စရိုက်​ကို ပိုထင်​ရှား​စေသလို ဗီလိန်​ဇာတ်​ရုပ်​ကိုလည်း ပိုပြီး ပီပြင်​​စေခဲ့ပါတယ်​။

သူနဲ့ ​ထိပ်​တိုက်​တွေ့မှာက Gru နဲ့ Minions ​တွေ၊ အ​မေရိကန်​ မင်းသမီး​ကျော်​ ဟာသသရုပ်​​ဆောင်​လည်းဖြစ်​သူ Kristen Wiig မှ ​နောက်​ခံစကား​ပြောအဖြစ်​ သရုပ်​​ဆောင်​ထားသူ Lucy မင်းသမီး၊ သူတို့ အဖွဲ့ရဲ့ Bratt ကို စုံစမ်း​ထောက်​လှမ်းမှုဟာ ​အောင်​မြင်​ခဲ့​ပေမယ့်​ တကယ်​ ထိပ်​တိုက်​​တွေ့တဲ့အခါမှာ​တော့ ......

ဒီဇာတ်​ကားမှာ ဖွင့်​ချထားတဲ့ လျှို့ဝှက်​ချက်​က​တော့ Gru ရဲ့ ညီ Dru ​ပေါ်​ပေါက်​လာခြင်းပဲ ဖြစ်​ပါတယ်​။ နည်းပညာအရ​ရော၊ ကြွယ်​ဝချမ်းသာမှုအရပါ Gru ထက်​ သာတဲ့သူ Dru ကို အကိုဖြစ်​သူက သိပ်​ အသိအမှတ်​မပြုချင်​။

ဒီလိုနဲ့ပဲ Bratt ကို တိုက်​ခိုက်​ရာပါ သူတစ်​​ယောက်​ ပါဝင်​လာတဲ့အချိန်​မှာ​တော့ မ​မျှော်​လင့်​ထားတဲ့ အဖြစ်​အပျက်​​တွေ၊ အံ့သြဖို့ကောင်းတဲ့ ဇာတ်​လမ်းအလှည့်​အ​ပြောင်း​တွေကို မြင်​​တွေ့ရမှာပါ။

ကဲ ... Minions ချစ်ပရိသတ်​​တွေလည်း ဒီရုပ်​ရှင်​​လေးကို သ​ဘောကျ နှစ်​သက်​သွားမယ်​ဆိုတာ အာမခံပါတယ်​။ ဒီ​တော့ Despicable Me ရဲ့ ​နောက်​ဆုံးထွက်​ဇာတ်​ကားထဲမှာ ဘာ​တွေမြင်​​တွေ့ရမလဲ ခုပဲ ကြည့်​ရူ့လိုက်​ရ​အောင်​လားခင်​ဗျ။

"ဒီရုပ်​ရှင်​​လေးကို ကြည့်​မယ်​ဆိုရင်​ ဒီပို့်​စ်​​လေးကို Like နဲ့ Share ​ပေးခဲ့ဖို့ မ​မေ့နဲ့​နော်​"

ဝန်​ဇင်းပရိသတ်​ကြီးကို ​မေတ္တာများစွာဖြင့်​ ချစ်​ခင်​လျက်

Related Posts