ဥပါဒါန် [Movie Review]


ဥပါဒါန် [Movie Review]

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့မှာ Wun Zinn ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှ တင်ဆက်ပေသွားမယ့် ရုပ်ရှင်ကားကတော့ ပြီးခဲ့တဲ့လပိုင်းကမှ ရုံတင်ပြသသွားတဲ့ “ဥပါဒါန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ 

ငယ်စဉ်ကတည်းက ဘာသာတရားပေါ်ပဲ စိတ်အာရုံထားပြီး အစဉ်တစိုက် တရားအားထုတ်လာတဲ့ ဦးဇင်းလေးတစ်ပါးကို ငယ်ရွယ်ချောမောပြီး ချမ်းသာကြွယ်ဝတဲ့ မိန်းမပျိုလေးတစ်ဦးက မြင်မြင်ခြင်း သိပ်ကိုကြည်ညိုမိသွားတယ်။ ဒီ့နောက်မှာတော့ ဦးဇင်းလေးရဲ့ ဝေယာဝစ္စမှန်သမျှကို ဒကာမတစ်ဦးအဖြစ် ကုသိုလ်ပြု ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ မိန်းမပျိုလေးဘက်မှ ဝေယာဝစ္စပြုမူဆောင်ရွက်မှုက အတိုင်းထက်အလွန်ဖြစ်လာတဲ့အခါမှာတော့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ဓလေ့ထုံးတမ်းနဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အံမဝင် ခွင်မကျဖြစ်ပြီး ဘေးအသိုင်းအဝိုင်းရဲ့အမြင်မှာ အဆင်မပြေမှုတွေ ဖြစ်လာတော့တယ်။ 

ဘာသာရေးနောက်ခံဖြစ်လို့ ကြည့်ရှုရတာ ငြီးငွေ့ရလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီမှာပါတဲ့ ရှုခင်းရိုက်ချက်တွေ၊ CGI ကို သဘာဝနဲ့တူအောင် သေသေသပ်သပ် သုံးပေးထားတာ၊ ကင်မရာထောင့် အယူအဆတွေက တော်တော်လေးကို ကောင်းနေတာ တွေ့ရမှာပါ။ ရုပ်ရှင်စပြပြချင်းမှာ သတိထားမိသွားမှာကတော့ အရောင်အသွေးစုံစုံလင်လင်ကို ပြတ်ပြတ်သားသားနဲ့ စိုပြေလှပနေတာကို မြင်တွေ့မိမှာပါ။ နောက်ခံ အသံကလည်း ရုပ်ရှင်ဇာတ်လမ်းနဲ့ ကိုက်ညီစွာ စပ်ဟပ်ပေးထားတော့ ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်တွေက ဒီဇာတ်ကားလေးကို ကြည့်လိုက်တာနဲ့ မျောသွားမှာ အသေအချာပါပဲ။ 

ရုပ်ရှင်ဇာတ်ကားဒါရိုက်တာ ဗန်းကြီး၊ သရုပ်ဆောင်များဖြစ်တဲ့ ခိုင်ထူးသာ၊ ခင်ဇာခြည်ကျော်၊ မြွေမလေးအဖြစ် မိညို နဲ့ သူ့ရဲ့ဆရာ ဦးစိန်တင်တို့ကို တကူးတက ဝိုင်းဖွဲ့ပြီး တွေ့ဆုံမေးမြန်းခန်းပြုလုပ်ရတဲ့အထိ ဒီရုပ်ရှင်ဇာတ်ကားက နာမည်တစ်လုံး ထွက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ သုံးထားတဲ့ မြွေဟာဆိုရင် တောကြီးမြွေဟောက်အစစ်ဖြစ်နေတာကတော့ ထူးခြားချက်တစ်ခုပါပဲ။ 

ခြုံပြောရရင်တော့ သတိထားဆရာ၊ ဆင်ခြင်သင့် ဆင်ခြင်စရာတွေကို သဘာဝကျကျ ဖော်ပြထားတယ်။ အနုပညာအရည်အသွေး ပြည့်မီတဲ့ ရုပ်ရှင်အဖြစ် ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက် တင်ပြပုံကောင်းတဲ့အတွက် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ပြီးသွားတဲ့အခါမှာလည်း ရင်ထဲမှာ တစ်ခုခု ကျန်ရစ်စေခဲ့တဲ့ ဇာတ်ကားမျိုးဖြစ်တာမို့ … 

ကဲ … ဝန်ဇင်းရုပ်ရှင်ချစ်ပရိသတ်ကြီးရေ။

ဒီရုပ်ရှင်လေးကို တင်နေဆဲဆိုရင်တော့ ခုချက်ချင်း သွားရောက်ကြည့်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ 

“ဝန်ဇင်းပရိသတ်ကြီးက မြန်မာရုပ်ရှင်ဇာတ်ကားကောင်းကောင်းကို ကြည့်ရှုလိုတယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကိုအားပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းပရိသတ်ကြီး ကြည့်ရှုချင်တဲ့ဇာတ်ကားများကိုလည်း ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်”

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့်။ 

Related Posts