“ကာဗွန်ဒိုင်အောက်ဆိုဒ်” [ Movie Review ]


“ကာဗွန်ဒိုင်အောက်ဆိုဒ်” [ Movie Review ] 

မင်္ဂလာပါဗျို့ …

ဝန်ဇင်းပရိသတ်ကြီးကို မင်္ဂလာညနေခင်းပါလို့ နှုတ်ခွန်းဆက်လိုက်ပါရစေ …..။

ဒါနဲ့ … ဟဲဟဲ ၊ CO2 ကို ကြည့်ပြီးသွားပြီလားဗျ။ မကြည့်ရသေးတဲ့သူတွေ၊ ဒီနေ့မှာပဲ လက်မှတ်ကြိုဝယ်ထားလိုက်တော့ဗျ။ ဘာလို့ဆို … ကျွန်တော်တောင် ကြားရက်မှာ လက်မှတ်ဝယ်တာ နှစ်ရက်လောက် ကြိုဝယ်လိုက်ရတယ်။ ဒီတော့ မနက်ဖြန် သန်ဘက်ခါဆို စနေ၊ တနင်္ဂနွေ ရုံးပိတ် ကျောင်းပိတ် အလုပ်နားရက်ဖြစ်နေတော့ ရုပ်ရှင်ရုံတွေမှာ လူတွေ ကြိတ်ကြိတ်တိုးမယ့် နေ့ပေါ့ဗျာ။ အထူးသဖြင့် CO2 ပြနေတဲ့ ရုံတွေမှာဆို ဘယ်ပြောကောင်းမတုန်း။ ဒါကြောင့် ခုကတည်း အေးအေးဆေးဆေး လက်မှတ်ကြိုဝယ်ထား၊ နို့မို့ဆို ချွေးပြိုက်ပြိုက်ထွက်ပြီး လူသာပင်ပန်းသွားမယ်၊ ငါးမရရေချိုးပြန်စရာမရှိသလို လက်မှတ်မရလို့ coke ဝယ်သောက်ပြီး ပြန်မယ်ဆိုရင်တော့ သောက်စရာ coke က ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ထပ်ပြီးပြောချင်တာက CO2 အတွက် ရုပ်ရှင်လက်မှတ် ကြိုဝယ်ထားကြပါလို့။ အခု ဘယ်ရုံတွေမှာ ပြသနေလဲဆိုတော့ - 

၁။ မင်္ဂလာရုပ်ရှင်ရုံ ( ဂမုန်းပွင့် ) 
၂။ မင်္ဂလာရုပ်ရှင်ရုံ ( စံပြ )
၃။ မင်္ဂလာရုပ်ရှင်ရုံ ( ဝဇီရာ ) 
၎။ မင်္ဂလာဒိုင်းမွန်းရုပ်ရှင်ရုံ 
၅။ သမ္မတရုပ်ရှင်ရုံ
၆။ သွင်ရုပ်ရှင်ရုံ
၇။ Top Royal ရုပ်ရှင်ရုံ ( ပါရမီစိန်ဂေဟာ )


………………..

ကဲ …. CO2 ရဲ့ ဖန်တီးရှင် - ဒါရိုက်တာ ဝိုင်း ရဲ့ ကြိုးစားအားထုတ်မှုတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရလိမ့်မယ်။ ရုံမတင်ခင်ကတည်းက ပေါက်နေတဲ့ CO2 ဟာ ရုံလည်းတင်ပြီးရော ရုပ်ရှင်ကြည့်နေရင်း အီးတောင်မပေါက်ရဲလောက်အောင် ကြောက်ဖို့ကောင်းတယ် ဆိုပဲခင်ဗျ။ မယုံလို့ ကြည့်မိတဲ့သူတွေလည်း စိတ်ထဲမှာ စွဲပြီးကျန်ခဲ့တယ်၊ တချို့ဆို အိမ်မှာတောင် တစ်ယောက်တည်း မနေရဲလောက်အောင် စိတ်ထဲ စွဲသွားတဲ့ သရဲကားပါတဲ့။ ပြီးတော့ ဒီရုပ်ရှင်ကြည့်မယ်ဆိုရင် တစ်ယောက်တည်း မကြည့်ပါနဲ့၊ RS ချိတ်ပြီး ကိုယ့်ကောင်မလေးနဲ့ အတူကြည့်ပါလို့ Single တွေ FA တွေကိုတောင် ဖဲ့ခံရသေးတယ်။ ဒီလောက်တောင် ဖြစ်လှတာ၊ တစ်ယောက်တည်း ကြည့်မယ်ကွာလို့ ရဲတင်းပြီး ကြည့်ခဲ့တဲ့ အခိုက်မှာတော့ …..

-	အကယ်ဒမီဖွေးဖွေး
-	ရတနာဗို
-	အလင်းရောင်
-	ကျော်ထက်အောင် 

ရုပ်ရှင်ထဲမှာ လူသစ်တွေကို ပွဲထုတ်ထားတယ်။ အလင်းရောင်ကို ဖန်သားပြင်ပေါ်မှာ မြင်ဖူးနေကျ ဇာတ်ဆောင်စရိုက်မျိုးနဲ့ မဟုတ်တဲ့အပြင် ကျော်ထက်အောင်ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားတယ်။ ရုပ်ရှင်စဖွင့်ကတည်းက ….. ဒီတစ်ခေါက် မြန်မာသရဲကားဟာ

-	ရိုက်ချက်တွေ အရမ်းကောင်းတယ်ဆိုတာကတော့ ဝန်ခံရလိမ့်မယ်။
-	ပြီးတော့ သရဲကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ 
-	အသံစနစ်နဲ့
-	မိတ်ကပ်ပညာကလည်း
-	အရင့်အရင့် သရဲကားများထက် သာတာကို တွေ့ရတယ်။

ဝတ္ထုက ‘မီမီ’ ၊ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိတယ်၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ အားလုံးသိပြီးတဲ့ ‘ဝိုင်း’ ၊ သရုပ်ဆောင်တွေက အထက်မှာ ပြောခဲ့သလိုပဲ။ ဒီနေရာမှာ ပြောချင်တာက ဇာတ်လမ်းကျောရိုး …..
-	ကိုယ့်ချစ်သူဆီက အချစ်ကိုရရှိဖို့ အောက်လမ်းပညာကို အသုံးချဖို့ ဖန်တီးရာက ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေဟာ ရုပ်ရှင်ရဲ့အမည် CO2 ( ကာဗွန်ဒိုင်အောက်ဆိုက် ) နဲ့ သိပ်ပြီး ကီးမကိုက်လှဘူးလို့ ထင်စရာရှိမယ်။

Message - ရုပ်ရှင်က ပေးချင်တဲ့ message ကတော့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာမယ်ဆိုတာလေးပေါ့။ ဒါပေမဲ့ ဒီလို  ရိုးရှင်းတဲ့ message ကို ဘာလို့ သရဲ့ကားအဖြစ် ရိုက်ကူးတာလဲ၊  ရုံတင်တော့မယ်ဆိုကကတည်းက လိုင်းပေါ်မှာ ဖွေးဖွေးရဲ့ ဗီဒီယိုကလည်း နာမည်ကြီးနေပြီး CO2 CO2 နဲ့ တတူးထဲ တူးနေကြတဲ့အထိ ပေါက်သွားမယ့် သရဲကားထဲမှာ ဒီလို message ကို ဘယ်လိုနည်းနဲ့ ပရိသတ်ဆီရောက်အောင် ပေးသွားနိုင်မလဲ၊ CO2 ကို ကြည့်တဲ့အခါ ဒါတွေကိုလည်း လေ့လာဝေဖန်ခဲ့ဖို့ မမေ့ပါနဲ့ဦး။

ရုပ်ရှင်ရုံထဲမှာ …..

-	အော်သံဟစ်သံတွေကြားလို့ ဘာများဖြစ်သလဲဟလို့ ထမကြည့်ပါနဲ့။ 
-	အားလုံးက သရဲကားထဲမျောသွားရင်း ထိတ်လန့်ခြောက်ခြားသွားတာပါ။
-	တကယ်ကြောက်လို့ အော်တဲ့သူတွေလည်း ရှိတယ်။
-	တမင်အော်ရင်းနဲ့ တကယ်ကြောက်သွားသူတွေလည်း ရှိတယ်။
-	တချို့ဆို ပိတ်ကားကို မကြည့်ရဲလို့ ယောင်ယမ်းပြီး ဖွဘုတ်ပွတ်နေသူတွေလည်း တွေ့ရမယ်။ 
-	အများဆုံးတွေ့ရတာကတော့ ခြေထောက်ကို အောက်မချဘဲ ထိုင်ခုံပေါ် ဒူးကွေးပြီး တင်ထားကြတာပါပဲ။ 
-	
နောက်ဆုံး ညွှန်းဆိုချက် ။     ။ ဆက်တင်တွေကောင်းတယ်၊ အသံစနစ်ကောင်းတယ်၊ သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် ရိုက်ကူးထားတယ်၊ ပြီးတော့ သရဲကားဆိုတဲ့ နာမည်နဲ့ လိုက်အောင်ကို ကြောက်ဖို့ကောင်းတယ်။ ဒါကြောင့် ဝန်ဇင်းရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ သရဲကားကောင်းကောင်း ကြည့်ချင်တယ်ဆိုရင်တော့ CO2 ရုံမချခင် အပြေးကလေး သွားကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ဝန်ဇင်းသတင်းစကား ။     ။ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် Wun Zinn Digest ရဲ့ “ရုပ်ရှင်အညွှန်း” ( Movie Review ) ကဏ္ဍမှ အပတ်စဉ် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်။

………

“ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ရုပ်ရှင်ချစ်သူတို့ သိချင်လိုတဲ့ အကြောင်းအရာများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts