Toilet [Movie Review]


Toilet (2017)

ကီရှက်နဲ့ ဂျာရာ

သူတို့ရဲ့ချစ်ခြင်းက အစမှာ ဖန်စီဆန်ဆန် ပျော်စရာ အဖြစ်အပျက်မျိုး ရင်ခုန်လှုပ်ရှားဖွယ်ရာ ကြည်နူးဖွယ်ရာတွေနဲ့ပြည့်နေတယ်။ နိုင်ငံခြားပညာတော်သင်ပြန်လာ ပြီး ခေတ်ဆန်ပေမဲ့ အမျိုးသမီးဝါဒီတစ်ဦး လည်းဖြစ် အရာရာကို ထက်ထက်မြက်မြက် ရဲရင့် စွာပြုမူနေထိုင်တတ်တဲ့ ဂျာရာဆိုတဲ့ကောင်မလေးကိုကီရှက် အလွန်မြတ်နိုး သည်။ဂျာရာတို့မိသားစုက ဗဟုသုတပြည့်စုံ ခေတ်အမြင်ရှိပြီးပျော်ပျော်နေတတ်သည်။

ကီရှက်က ရှေးရိုးစွဲ ထုံးတမ်းဓလေ့ဆေ့ကိုအလွန် အယူသည်းသော ဖခင် တစ်ယောက် ပျော်ပျော်နေတတ်သောညီတစ်ယောက်ရှိတဲ့ စက်ဘီးဆိုင် ပိုင်ရှင်။ ဇာတာ အယူရ လက်ပွားရှိတဲ့မိန်းကလေးသာ လက်ထပ်ရမယ် ဟောပြောချက်ကြောင့် ယခုအချိန်ထိ လက်မထပ်ရပဲ အသက် ၃၀ကျော် ထိ လူပျိုကြီး ဘ၀နဲ့သာ နေနေရသူတစ်ဦး။သူ့မှာ ယတြာအရ လက်ထပ်ထားသော နွားမ တစ်ကောင်တော့ ရှိတယ်။

ဂျာရာနဲ့ဆုံပြီးချိန်မှာ သူ့ဘ၀လေး လုံးဝပြောင်းလဲသွားသလို ခံစားရခဲ့သည်။ အချစ်စစ်ကိုစတင်ခံစားမိသည်ပေါ့။ချစ်သူဖြစ်ပြီး နောက် လက်ထပ်ဖို့ စီစဉ်ကြတော့ အယူကြီးတဲ့ဖခင် ကြီးကို ဂျာရာအတွက်လက်ပွားအတုလုပ်ပြီး စေ့စပ်ကြ လက်ထပ်ကြသည်အထိ အဆင်ပြေနေသေးသည်။
ပြသနာက မင်္ဂလာဦးညပြီးနောက်မနက်မှ စလာသည်။ မနက်၅နာရီ သူမ အခန်းတံခါးကို အပြင်မှ မီးအိမ်ကိုယ်စီကိုင်ထားကြတဲ့ ကောင်မလေး အုပ်စု လာပုတ်သည် 
"အမ အမ ထ ထ တောထဲသွားရမယ် မကြာခင် နေထွက်တော့မယ်"

ဂျာရာ ခေါင်းကို မိုးကြိုး အစင်း၂၀ပစ်ခံရသလို ထူပူသွားသည်။
"ယောကျာ်း ထ ထ ...ထ စမ်း "
"မထနိုင်တော့ဘူး မိန်းမရေ မင်းငါ့ကို တညလုံး နှိုးနေတာ ၃ခါ ၄ခါရှိပြီ ဒီတခါတော့ အိပ်ပါရစေဦး " 
"ကျွန်မကို ရွာထဲက ကောင်မလေးတွေလာနှိုးနေတယ်..ဒီမှာ"
"အခင်းသွားဖို့နေမှာပေါ့ လိုက်သွားပါလား "
"ဘာရယ် ရှင့်အိမ်မှာအိမ်သာ မရှိဘူးလား"
"အိမ်သာ ???" ကီရှက်တခါမှ မကြားဖူးသော ဝေါဟာရတစ်ခုလို တွေဝေနေသည်။
......
"အူကြောင်၂လုပ်မနေနဲ့ အိမ်သာ အိမ်သာ ...ရှင်မသိဘူးလား"
"မရှိဘူး ရွာမှာတစ်ရွာလုံး အိမ်သာမဆောက်ကြဘူးဒီလိုပဲ တောထဲသွား ကိစ္စပြီးရတာ "ကီရှက်ပြန်အဖြေမှာ ဂျာရာ မျက်နှာမီးဝင်းဝင်းတောက်သွားခဲ့သည်။
"ဘာ......."
ပြသနာသည် ထိုမျှနှင့်မရပ်ခဲ့ပေ။ဂျာရာက "ရှင့်အိမ်မှာအိမ်သာ မရှိခဲ့တာကြိုသိခဲ့ရင် ရှင့်ကိုကျွန်မ လက်ထပ်ခဲ့မှာမဟုတ်ဘူး"တတွတ်တွတ်ပြောစကားကိုသူ မခံစားနိုင်တော့ .... ဖခင်ဖြစ်သူက အယူကြီးလွန်းသည်က ခက်သည်။

သူတို့ဘာသာဓလေ့ အယူက အိမ်ဝိုင်းအတွင်း အညစ်အကြေးကိုမထားရပေ။ နတ်ဘုရားတွေက မကြိုက်ဘူးဆိုတဲ့ သတ်မှတ်ချက်က သားစဉ်မြေးဆက် လက်ကမ်းလာသည်ပဲ။ အိမ်သာဆောက်ဖို့မ၀ံ့မရဲပြောမိတော့ ဖခင်က ကမိုးမီးလောင်အောင် သောင်းကျန်းသွားသည်။ မိန်းမက ဆက်မနေနိုင် ကွာမည်ဟု ပြောလာသည်။ သူ့ဘ၀ မသာယာတော့ပေ ။ ကြင်စဦး ကီရှက်ဘ၀မှာ ဒီအိမ်သာ ကိစ္စကြီးက အနှောင့်အတားတစ်ခု ဖြစ်နေပြီ..ရွာက.လူတွေကလဲ အိမ်ဝင်းထဲ အိမ်သာဆောက်ချင်နေသော သူနဲ့ဂျာရာကို တိုးတိုးတမျိုး ကဲ့ရဲ့ကြပေပြီ၊ ကီရှက် ဘာဆက်လုပ်မလဲ....

Toileဇာတ်ကားဟာ မင်းသားအက်ရှလေကူးမားသရုပ်ဆောင်ပြီး ဒါရိုက်တာ Shree Nayaren Sing ပုံဖော်ဖန်တီးခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ အယူစွဲကြီးပြီး ဓလေ့ ထုံးတမ်း သတ်မှတ်ချက်ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက် ကို မီးမောင်းထိုးပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ ၄၀%ဟာ အိမ်သာမဆောက်ပဲ တောထိုငိတတ်တဲ့ဓလေ့ကို ကျင့်သုံးကြပါတယ်။

ဒီအဖြစ်အပျက်ကို ရှုထောက်ပြီး Toiletရုပ်ရှင်နဲ့ လူတွေကို အမြင်ပြောင်းလဲခဲ့ပြီး အိန္ဒိယ တစ်လွှားကျေးရွာတွေမှာ အိမ်သာဆောက်လုပ်ရေးအတွက် ရန်ပုံငွေတွေ အိမ်သာတွေ ကို လှူဒါန်းဆောက်လုပ်ခဲ့ပါတယ်။

အက်ရှလေကူးမားဇာတ်ကားကတော့ ထုံးစံအတိုင်း messageတစ် ခုကိုရည်ရွယ်တဲ့ ဇာတ်ကားပေမဲ့ အိန္ဒိယ ဇာတ်ကားကောင်းကြိုက်သူတွေ အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဆိုတာ ပြောကြားရင်း Toiletဇာတ်ကားလေးကို ညွှန်းလိုက်ရပါတယ်။

#Hay Man
#Movie week end
#Film lot

Related Posts