ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ရာဇဝင်ထဲက၊ ဒဏ္ဍာရီထဲက၊ ကမ္ဘာကျော်ဝတ္ထုတွေထဲက အချစ်ဖြင့်လောက်ကျွမ်းတောက်ပသူတွေအကြောင်း ရေးဖွဲ့တင်ပြထားတဲ့ ဆရာချစ်ဦးညိုရဲ့ လက်ရာကောင်းတစ်အုပ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းပရိသတ်ကြီးထဲက စာချစ်သူ၊ စာသမားများစောင့်စားနေတဲ့ ဝန်ဇင်းရဲ့ “ရုံးပိတ်ရက်မှာအခမဲ့ဖတ်စရာ” အစီအစဉ် လာပါပြီခင်ဗျာ။ ဒီတစ်ပတ်အတွက် ဝန်ဇင်းမှ *အခမဲ့* ရယူဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ စာချစ်သူတို့အားလုံး ရင်းနှီးပြီးဖြစ်သူ စာရေးဆရာ ဆရာချစ်ဦးညိုရဲ့ “အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူများ” ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ 

စာရေးသူဟာ သူဖတ်ရှုခဲ့တဲ့ သမိုင်းထဲက ပုဂ္ဂိုလ်အကြောင်းတွေ၊ ဝတ္ထုကြီးတွေထဲက ဇာတ်ဆောင်တွေကို ပြန်လည်ခံစား ရေးဖွဲ့ထားတာပါ၊ ထူးခြားချက်ကတော့ တဏှာပေမလို့ခေါ်တဲ့ ယောက်ျားနှင့်မိန်းမအချင်းချင်း တဏှာလောဘရဲ့ အစွမ်းဖြင့် ချစ်ခြင်း သိင်္ဂါရ၊ ဂေဟသိတပေမလို့ဆိုတဲ့ မိဘနှင့်သားသမီး၊ ညီအစ်ကို မောင်နှမကြားက ချစ်ခင်တွယ်တာမှု၊ နောက်ဆုံး … မေတ္တာပေမလို့ ခေါ်ဝေါ်တဲ့ သာယာအေးမြတဲ့ ချစ်ခြင်းတရားတွေနဲ့ ရစ်ပတ် လုံးထွေး ငြိတွယ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ရှုထောင့်အသစ်ကနေ ရေးသားတင်ပြထားတာပဲ ဖြစ်ပါတယ်။ 

ပထမဆုံးဖတ်ရှုရမှာက ကမ္ဘာကျော်စာရေးဆရာကြီး ဆာဝေါလ်တာစကော့ ( Sir Wlater Scott ) ရဲ့ ‘အိုင်ဗင်ဟို’ ( Ivanhoe ) ဝတ္ထုကို ပြန်လည်ခံစားပြီး ရှုထောင့်တစ်ခုကနေ ပြန်တင်ပြထားချက်ပါပဲ။ ရာမဇာတ်တော်ထဲက ဒဿဂီရိကို မတူညီတဲ့ ရှုထောင့်ကနေ မင်းသားအဖြစ် ပြန်တင်ထားသလိုပေါ့၊ အိုင်ဗင်ဟိုဝတ္ထုထဲက ဘရိုင်ယန် - ဆာ ဘရိုင်ယန် ဒီ ဘိုးဂီးလ်ဘတ်ရဲ့ ချစ်ခြင်းမီးလျှံထဲကို ဝင်ရောက်ခံစားထားတယ်။ ရဲတိုက်ကြီးနဲ့ ကိုယ်ပိုင်စစ်တပ်ကြီးကို ပိုင်ဆိုင်ထားပြီး နော်မန်သူရဲကောင်းမျိုးဖြစ်တဲ့ မြေရှင်ကြီး ဘရိုင်ယန်ဟာ စည်းစိမ် အာဏာ အခြွေအရံကအပြည့်၊ ကြောက်မက်ဖွယ် ရန်သူတွေကို မကြောက်သလို အင်္ဂလန်ရဲ့ အလှသရဖူ ‘လေဒီရိုဝင်နာ’ ကိုလည်း ဒူးမထောက်၊ သူ့နှလုံးသား အခစားဝင်ရောက်လိုက်တာက ဂျုးမကလေး ‘ရေဘက်ကာ’ ၊ ခရစ်ယာန်သာသနာကျောင်းတော်ရဲ့ ဆူးငြှောင့်ခလုတ်တွေအဖြစ် သတ်မှတ်ခံကြရတဲ့ ဇာတ်နိမ့်ဖြစ်နေသူ ဂျူးအနွယ်လေး ရေဘက်ကာကိုမှ ချစ်ကြင်နာမိသူက ကျောင်းတော်ကို ကာကွယ်တဲ့ တပ်ပလာလူစွမ်းကောင်းအဖွဲ့ရဲ့ အကြီးအကဲတပ်မင်း … ကဲ၊ ဇာတ်လမ်းကတော့ ‘အိုင်ဗင်ဟို’ ဝတ္ထုကို ဖတ်ရှုဖူးသူတွေအတွက် သိပြီးဖြစ်ပေမဲ့ ဆရာချစ်ထုတ်ပြလိုက်တဲ့ ရှုထောင့်လေးကတော့ စာချစ်သူတို့ရဲ့ ရင်ကို လှုပ်ခတ်သွားစေမှာပါ။ ဆာဘရိုင်ယန်ရဲ့ နှလုံးခုန်သံကို ဘယ်လိုရေးဖွဲ့ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

နောက်တစ်ပုဒ်ကတော့ ဝန်ဇင်းစာချစ်သူများ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ ‘စူဠသုဘဒ္ဒါမိဖုရား’ အကြောင်း၊ စာဆိုစလေဦးပုညရဲ့ “ဆဒ္ဒန်ဆင်မင်းဝတ္ထု” ထဲကို ခံစားဝင်ရောက်ပြီး မဟာသုဘဒ္ဒါ၊ ဆဒ္ဒန်ဆင်မင်းနဲ့ စူဠသုဘဒ္ဒါတို့အကြား သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းကို စာရေးဆရာက ထိတွေ့ခဲ့တယ်၊ ပြီးတော့ အငြိုးကြီးသော၊ ကလဲ့စားချေသော၊ အမုန်းအားပြင်းသော၊ ရက်စက်သော အခြင်းအရာတွင် အခေါင်အချုပ်ဖြစ်တယ် ဆိုတဲ့အထိ သတ်မှတ်ရပြီး မိန်းမတို့ရဲ့ ကြောက်စရာကောင်းပုံတွင် ထိပ်ဆုံးမှ ပြယုဂ်အဖြစ် တင်စားထားခြင်းခံရတဲ့ စူဠသုဘဒ္ဒါရဲ့ အချစ်မီးလျှံကို အနုစိတ် ထွန်းညှိပြသွားတယ်၊ စာချစ်သူများ ဖတ်ရှုခံစားကြည့်လိုက်ပါ၊ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါလိမ့်မယ်။ 

ဆက်လက်ပြီး ဆရာချစ်က ကမ္ဘာ့စာပေဘက်ကို လှည့်လိုက်ပြန်တယ်၊ ကမ္ဘာ့စာပေကို ကိုင်လှုပ်ခဲ့တဲ့ ဆိုဗီယက်ရုရှားစာရေးဆရာကြီး ဂေါ်ကီ ( Maxim Gorky ) ရဲ့ “အမေ” ဝတ္ထု၊ စက်ရုံအလုပ်သမားတစ်ယောက်ရဲ့ အမေအကြောင်း ရေးသားထားတဲ့ ဒီဝတ္ထုနဲ့ ဆက်စပ်ပြီး ဂေါ်ကီရဲ့ ‘အီတလီပုံပြင်များ’ ( Tales of Italy ) ထဲက ‘သစ္စာဖောက်တစ်ဦး၏ မိခင်’ ( Mother of a Traitor ) မှာပါတဲ့ ‘အမေ’ ရဲ့ ချစ်ခြင်းမီးလျှံကို ထုတ်ပြ ရေးသားထားပုံက လက်ရာမြောက်လှပါတယ်။ 

ရှိပါသေးတယ်၊ ဂရိဒဏ္ဍာရီတွေကို စိတ်ဝင်စားသူတွေအဖို့တော့ ရေကန်အသင့်ကြာအသင့်ပါပဲ၊ အဲ့ဒါကတော့ စာရေးသူ ထွန်းညှိလိုက်တဲ့ ချစ်ခြင်းမီးလျှံနောက်တစ်ခုဖြစ်တဲ့၊ ကမ္ဘာကျော် အင်္ဂလိပ်ကဗျာဆရာ ရှယ်လီ ( Shelley ) ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ “ပရိုမီးသီးယပ်စ်လွတ်မြောက်ခြင်း” ( Prome theus unbond ) ထဲက ဂရိဒဏ္ဍာရီလာ နတ်ဒေဝတာငယ်လေး၊ မဟာမေတ္တာဝါဒီဖြစ်တဲ့ ပရိုမီးသီးယစ်ရဲ့ ချစ်ခြင်းမီလျှံကို စာရေးသူက တောက်ပစေစားလိုက်ပြန်ပါတယ်။ 

နောက်ဆုံး တွေ့မြင်ရမယ့် အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူကတော့ ရာဇာဓိရာဇ် - သမိုင်းထဲက ရာဇာဓိရာဇ်၏ ဖြစ်ကြောင်းကုန်စင်နှင့် ပြောင်းလဲရှင်သန်မှုအဆင့်ဆင့်ကို စကားလေးခွန်းတည်းဖြင့် ရုပ်လုံးဖော်ပြတဲ့ ဆရာချစ်ဦးညိုရဲ့ ပြောင်မြောက်တဲ့ အရေးအသား၊ သုသျှင်ရာဇာဓိရာဇ်၏ နှလုံးအိမ်မှာ တရှိန်ရှိန်စွဲငြိတောက်ပခဲ့တဲ့ အချစ်များနဲ့ မစဲမပြတ် တောက်လောင်ခဲ့တဲ့ ချစ်ခြင်းမီးလျှံတွေကို စာရေးသူက ထိုးဖောက်ဝင်ရောက်ပြီး ကာယကံရှင်ရဲ့ ဝေဒနာ၊ အသိ၊ စရိုက်တို့ကို စာဖတ်သူရဲ့ စိတ်အာရုံထဲမှာ တရိပ်ရိပ် ပြေးလွှားနေအောင် ဖော်ထုတ် ရေးသားနိုင်မှုကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ 

ကဲ၊ ဒီတော့ … ဆရာချစ်ရဲ့ ပရိသတ်တွေ၊ ဆရာချစ်ရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ဖတ်ရှုကြမယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
…….
ဆရာချစ်ဦးညိုရဲ့ လက်ရာကောင်းတစ်ပုဒ်ကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရ၊ တစ်ပတ်တစ်ခါ ခုလို အစီအစဉ်မှာ *အခမဲ့* ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို *အခမဲ့* ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts