ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“လူတို့၏ လောဘ၊ မာယာနှင့် မောဟတို့ကို တင်ပြထားတဲ့ ရုပ်ရှင်လောကနောက်ခံ ဝတ္ထု”

ဝန်ဇင်းစာချစ်သူတို့ရေ မင်္ဂလာညချမ်းပါခင်ဗျ …..

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေအတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အားလပ်တဲ့အခါ ***အခမဲ့*** ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ ဝန်ဇင်းကနေ ဝတ္ထုကောင်းတစ်အုပ်ကို တင်ဆက်လိုက်ပါရစေ။ အဲ့ဒီ ဝတ္ထုကတော့ စာချစ်သူတို့ ရင်းနှီးပြီးသူ စာရေးဆရာ မင်းမြတ်သူရ ရေးသားတဲ့ “နောက်ဆုံးဧကရာဇ်” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။  

ဒီစာအုပ်ဟာ ဆရာမင်းမြတ်သူရရဲ့ ရှေ့၊ အရင်ထွက်ရှိပြီး စာအုပ်တွေနဲ့မတူဘဲ ဇာတ်ကောင်များစွာနဲ့ ဇာတ်အိမ်ဖွဲ့ထားတာကို ဆန်းသစ်ထူးခြားစွာနဲ့ တွေ့မြင်ရမှာပါ။ နောက်ခံအကြောင်းအရာကလည်း ရုပ်ရှင်လောကကို နောက်ခံပြုထားတော့ စာချစ်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းနေမှာ အသေအချာပါပဲ။ 

၁။ ငယ်စဉ်က အရမ်းဆင်းရဲနွမ်းပါးတဲ့ ဘချစ်တစ်ယောက်၊ ချောမောတဲ့ ရုပ်ရည်အခံကို အားပြုပြီး မင်းသားတစ်လက် ဖြစ်လို့တဲ့ သူ့ဆန္ဒရဲ့ တိုက်တွန်းမှုကြောင့် အငြိမ့်ပြဇာတ်တွေကတစ်ဆင့် ရန်ကုန်မြို့ကိုတက်၊ ရုပ်ရှင်ခြံတွေကို သွားရောက်ပြီး မင်းသားဖြစ်ဖို့ အခွင့်အလမ်းရှာခဲ့တယ်။ ဒီလိုနဲ့ မြို့ပေါ်က နာမည်ကြီး ယူနီဘာဆယ်ရုပ်ရှင်ခြံက ကုမ္ပဏီသူဌေးရဲ့ တူမ မနှင်းဆီဟာ မောင်ဘချစ်ရဲ့ ရုပ်ရည်ကို သဘောကျပြီး မင်းသားအဖြစ် စင်တင်ဖို့ သူ့ဦးလေးဖြစ်သူကို လမ်းဖောက်ခဲ့ရာ အဆင်ပြေချောမွေ့စွာနဲ့ပဲ ဘချစ်ဟာ ရုပ်ရှင်မင်းသားကြီး ဘချစ်အဖြစ် အောင်မြင်ကျော်ကြားမယ့် အနုပညာနယ်ထဲကို ဝင်ရောက်ခဲ့တယ်။ မနှင်းဆီနဲ့ အိမ်ထောင်သက် ( ၂ ) နှစ်ကြာတဲ့အခါ သူမကို ထားပြီး ပဲခူးဘက်က ပိုးထည်တိုက်ပိုင်ရှင် မိန်းကလေးနဲ့ ပေါင်းဖက်ပြန်တယ်၊ တက်သစ်စ အောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်တဲ့အပြင် ရုပ်ရည်ချောမောမှုကလည်း ရှိနေတော့ မန္တလေးက ပိုးထည်တိုက်ပိုင်ရှင် မိန်းကလေးနဲ့ ပေါင်းဖက်ပြန်တယ်။ နောက်တော့ အသက်ကြီးလာပြီး စန်းကျလာတဲ့အခါ အရှုံးဒဏ်ကို ရင်မဆိုင်နိုင်တဲ့ ဘချစ်၊ အရက်ကို အဖော်ပြုရင်း ပျက်စီးစ ပြုလာချိန်မှာ သူဌေးသမီး ခင်မေရီနဲ့တွြေ့ပီး ဘဝ ပြန်နာလန်ထလာခဲ့တယ်။ …………

၂။ မြေလတ်ပိုင်းမြို့တစ်မြို့မှာ မွေးစားသားက သားအရင်းနဲ့ သမီးအရင်းကို ရက်ရက်စက်စက်သတ်သွားတဲ့ သတင်းက ဟိုးလေးတကျော်ကျော်၊ အိမ်ရှင်အဘွားကြီးရဲ့ မွေးစားသားဖြစ်သူ မိုက်ခဲက တရားခံအဖြစ် နာမည်ထွက်နေပြီး ပလိပ်တွေ ခြေရာကောက်မရအောင် ခြေရာပျောက်နေတယ်။ …………

၃။ အရေးပိုင်သမီး မမြနွယ်နဲ့ သူမရဲ့ လင်၊ ဒါရိုက်တာ မောင်မောင်စိုးတို့ဟာ ရုပ်ရှင်လောကမှာ နာမည်ကြီး၊ နာမည်ရမယ့် အခွင့်အရေးတစ်ခုကို ဖန်တီးရယူဖို့အတွက် ယူနီဘာဆယ်ကုမ္ပဏီသူဌေး ဦးဘလေးကို ချဉ်းကပ်ပြီး အခြေအနေကောင်းကို စောင့်ကြည့်နေကြသူတွေ။ ………….

၎။ ပင်ကိုရုပ်ရည်ချောမောမှု အရှိန်နဲ့ မင်သားဖြစ်ချင်လွန်းတဲ့ နေဝန်းဟာ သူဖြစ်ချင်လွန်းတဲ့ အိပ်မက်အတွက် ရုပ်ရှင်ခြံပေါင်းများစွာကို သွားရောက်ပြီး အခွင့်အလမ်းရလိုရငြား ရှာကြံနေသူ၊ ဒီလိုနဲ့ပဲ သဘောဖြူ စိတ်ထားလှတဲ့ မြကြေးမုံ နဲ့ အိမ်ထောင်ကျပြီးပေမယ့်လည်း သူ့ရဲ့ မင်းသားဖြစ်လိုတဲ့ ဆန္ဒက နည်းနည်းမှ လျော့မသွား။ …………..

ရုပ်ရှင်လောကတစ်ခုတည်းကို အဓိကနောက်ခံပြုပြီး မတူညီတဲ့ ဇာတ်ကောင်များစွာနဲ့ အဖြစ်အပျက်တွေကြားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အမှုတစ်ခုကလည်း ပါဝင်နေတယ်။ ဒီလူတွေနဲ့ ဒီအမှု ဘယ်လို ပတ်သက်မှုရှိသလဲ …. တည်ငြိမ်အေးဆေးသူ မိုက်ခဲရဲ့ ရှေ့ဆက်ဘဝက ဘယ်လိုဇာတ်ခုံမှာ ကပြရမှာလဲ …. မင်းသားဘချစ်၊ ဒါရိုက်တာ မောင်မောင်စိုးနဲ့ ၊ ကိုယ့် ယောက်ျားသိက္ခာကို ပျော်တော်ဆက်အဆင့်ထိ လျှော့ချရအောင်ထိ မင်းသားဖြစ်ချင်လွန်းတဲ့ နေဝန်း …..။ 

[ “ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး နာမည်ကို စဉ်းစားပြီးပြီလား” …… ထိုအခါ ဒါရိုက်တာ မောင်မောင်စိုးက ခေါင်းညိတ်၍ “နောက်ဆုံးဧကရာဇ် ဆိုရင် မကောင်းဘူးလား” ဟု ပြောလေ၏။ မမြနွယ်က မျက်မှောင်ကြုတ်၍ “နောက်ဆုံးဧကရာဇ်” ဟု တီးတိုး ရွတ်ဆိုကြည့်ပြီး “သိပ်ကောင်းတယ်၊ ဒီနာမည်က ကျွန်မတို့ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးပဲ၊ ကျွန်မတို့အတွက် အရေးကြီးဆုံးက ဇာတ်ကောင်တွေ ရွေးဖို့ပဲ” ] ( စာအုပ်မှ …. ) 

ဒီလိုဇာတ်ကောင်တွေများစွာနဲ့ စိတ်ဝင်စားဖွယ် ဇာတ်အိမ်တစ်ခုကို ဘယ်လိုဖန်တီး ရေးဖွဲ့ထားလဲ၊ ဝတ္ထုထဲက လူတွေရဲ့ လောဘ၊ မာယာနဲ့ မောဟ တွေကလည်း ဆင်ခြင်စရာကောင်းတာမို့ စာချစ်သူတွေ ဒီဝတ္ထုကို လက်လွှတ်မခံပါနဲ့။

ခုပဲ ဝန်ဇင်းမှာ  ***အခမဲ့*** ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ...

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုပါက Like နဲ့ Share လုပ်ဖို့မမေ့ခဲ့နဲ့နော် ......
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် .....။

Related Posts