ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


[ ဝတ္ထုအစမှ အဆုံးတိုင်း ရင်တသိမ့်သိမ့် စိတ်တခုန်ခုန်ဖြင့် ဖတ်ရှုသွားရမယ့် စာအုပ် ]
…..

စာအုပ်အမည် - မင်းအမြဲတောင့်တဖူးတယ်
စာရေးဆရာမ - ပန်းသီခိုင်

ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း ***အခမဲ့*** ဖြစ်ပါသည်။ 

စာအုပ်ဖတ်ညွှန်း - စာရေးဆရာမ ပန်းသီခိုင်ရဲ့ ဒီဝတ္ထုထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ချစ်ခြင်းပုံရိပ်ကို နက်နက်နဲနဲလေး ကောက်ကြောင်းဆွဲထားတယ်။ သူမရဲ့ နာမည်က ရွန်းသို - ရွှန်းသိုဖွယ် ။ ရွှန်းသိုဟာ ပြတ်ပြတ်သားသား လုပ်တတ်ကိုင်တတ်ပြီး စကားပြော ပွင့်ပွင့်းလင်းလင်းရှိတဲ့ အသက် ( ၂၅ ) နှစ်အရွယ် ကောင်မလေးတစ်ယောက် ။ သူမဟာ အရမ်းချစ်ဖို့ကောင်းလို့ သိပ်လည်း သနားဖို့ကောင်းတဲ့ ဘဝနောက်ခံ အကြောင်းတရားတွေက ရှိနေတယ် … ။ 

ရွှန်းသိုဟာ - အထီးကျန်တယ်။ အမေဆိုတာ ဘယ်မှာမှန်းမသိ ။ မျက်နှာများတဲ့ ဖခင်က မွေးဖွားလာသူ ဖြစ်လေတော့ တကယ့်တကယ် လက်တွေ့မှာ အဖေ ဆိုတာနဲ့လည်း အဆက်အသွယ် မရှိ ။ သူမကို ခေါ်ယူထားသူက အမေအရွယ်ရှိပြီဖြစ်တဲ့ အဖေတူ အမေကွဲ အစ်မကြီးရဲ့ အိမ်မှာ … ။ 

ငယ်ငယ်ကတည်းက အုပ်ထိန်းပေးမယ့် သူမရှိ ၊ မိဘမေတ္တာအရိပ်အောက် ခိုလှုံခဲ့ရတာမျိုး မဟုတ်တဲ့အခါမှာတော့ သူမရဲ့ အပြောအဆိုလေးတွေက အရိုင်းဆန်သလို ထင်နေရတယ်။ သူမရဲ့ နှလုံးရေးရာ ခံယူချက်က ကရုဏာသက်ဖွယ် ဖြစ်နေရတာကို ဖတ်ရှုရပါဦးမယ်။

ဒီဝတ္ထုထဲမှာ ဆုလဒ် ၊ ဇော်ထူးပိုင် ၊ ဖုန်းမြင့် နဲ့ နန္ဒ ဆိုတဲ့ ယောက်ျား ( ၄ ) ယောက်ဟာ သူမအကြောင်းကို ပြောပြသွားမယ့် ဇာတ်ကောင်တွေပဲပေါ့။ မေတ္တာ ငတ်မွတ်ခဲ့တဲ့ အလျောက် ရွှန်းသိုဟာ ‘ဆုလဒ်’ ကို သိပ်ချစ်ခဲ့မိပေမဲ့ သူ့မှာတော့ ကာမပိုင် မိန်းမက ရှိနှင့်ပြီးသား … ဒါကို နောက်ကျမှ သိလိုက်ရသူ ရွှန်းသိုရဲ့ ရင်ထဲမှာတော့ နာနာကျင်ကျင်။ နောက်ထပ် ယောက်ျားတွေကရော …..  ။

တစ်ယောက်တည်းဆိုသလို ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို အမဲဖျက်ချင်ကြတဲ့ ယောက်ျားသားတွေကလည်း မနည်းဘူး မဟုတ်လား။ ဒါပေမဲ့ …

ဒါပေမဲ့ ရွှန်းသိုရဲ့ ဘဝထဲကို ရောက်လာသူ နောက်ယောက်ျားတစ်ယောက်က ‘ထင့်ရန်နိုင်’ - သူဟာ ဒီဝတ္ထုရဲ့ အဓိက ဇာတ်လိုက်ပေါ့။ သူတို့နှစ်ယောက် စစတွေ့ချင်းက သိပ်ရယ်ဖို့ကောင်းတယ်။ 

ကိုယ့်ထက်ငယ်တဲ့ ချာတိတ်အရွယ် ကောင်မလေး - ရွှန်းသို - ကို အဒေါ်နေရာထားပြီး တရိုတသေ လေးစားနေရတဲ့ အဖြစ်ပဲလေ။ ထင့်ရန်နိုင်ဟာ စာအုပ်ဖတ် ၊ ပန်းချီဆွဲ ၊ ဂစ်တာတီးရင်း အေးအေးဆေးဆေး နေလိုသူ။ မမျှော်လင့်ဘဲ သူ့ဘဝထဲ ဝင်ရောက်လာသူကတော့ ရွှန်းသိုပဲပေါ့။ 

ကဲ - ချစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်းတဲ့ ရွှန်းသိုရဲ့ ဘဝလမ်းကြောင်းနဲ့ အချစ်ရေးကံမကောင်းမှုတွေကို ထင့်ရန်နိုင်တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ကုစားပေးနိုင်မှာလား ? ဆရာမ ပန်းသီခိုင်ပြောထားတဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းဆိုတာ ဘယ်လိုပုံစံမျိုးရှိမလဲ ? 
ဝန်ဇင်းစာချစ်သူတို့လည်း ဝတ္ထုလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာပဲ *အခမဲ့* ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို အခမဲ့ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts