ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများအတွက် ရုံးပိတ်ရက်မှာ အနားယူရင်း အေးအေးဆေးဆေး ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းမှ *ရုံးပိတ်ရက်မှာအခမဲ့ဖတ်စရာ* အစီအစဉ် လာပါပြီခင်ဗျ။ စာချစ်သူတို့ ဝန်ဇင်းမှအခမဲ့ရယူဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ ကမ္ဘာ့ဂန္ထဝင်စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

စာရေးဆရာ မြသန်းတင့် မြန်မာပြန်ဆိုခဲ့တဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဂန္ထဝင်ဝတ္ထုကြီးရဲ့ မူရင်းစာရေးဆရာ၊ ကမ္ဘာကျော်စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းကို စာချစ်သူတို့ သိကြမှာပါ။ စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကြီးက တကယ်အနှစ်သာရပြည့်ဝတဲ့ စာအုပ်ကြီးဖြစ်ပေမဲ့ ထူလွန်းထည်လွန်းတာကြောင့် မဖတ်နိုင်သူတွေလည်း ရှိကြပါတယ်။ ဒီတော့ ဆရာကြီးတော်လ်စတွိုင်းရဲ့ အခြားလက်ရာတွေကို ဖတ်ရှုခံစားချင်တယ်ဆိုသူများအတွက် … 

ပင်ကိုရေးနှင့် ဘာသာပြန်စာရေးဆရာကြီး ဆရာကျော်အောင် ဘာသာပြန်ရေးသားထားတဲ့ “သင်၏သစ္စာမရှိသော” ( The Kreutza Sonata by Leo Tolstoy ) စာအုပ်ငယ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ စာအုပ်ငယ်လေးပေမဲ့ တွေးတောစရာ အနှစ်သာရတို့ကတော့ အပြည့်ပါ။ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ 

ယနေ့လူအများကျင့်သုံးနေကြတဲ့ လိင်ဆက်ဆံရေး၊ လင်မယားအရာအမြောက်သည့် လက်ထပ်ထိမ်းမြားခြင်း စသည့် အချစ်ဟုခံယူထားသော ကိလေသာအပြုအမူတို့ကို ပြင်းပြင်းထန်ထန်ရေးသားထားသည့် စာအုပ်ကောင်းလေးပါ။ 

တော်လ်စတွိုင်းက ၁၈၈၆ ခုနှစ်မှာ ဒီစာအုပ်ကို ရေးသားခဲ့ပါတယ်။ မူရင်းအမည် ခရုဇာဆိုနာတာက ဗီသိုဗင်ရဲ့ တေးသွားတစ်ပုဒ်အမည်ပါ။ ဇာတ်လမ်းထဲက သူ့မယားကြာခိုသူ ဂီတဆရာက တီးခတ်ခဲ့တဲ့ သီချင်းလေးကို စာအုပ်ခေါင်းစဉ်အဖြစ် စာရေးသူက ယူထားတာ။ 

ဝတ္ထုဇာတ်လမ်းမှာ စာရေးသူက သူယုံကြည်ရာ အယူဝါဒတစ်ခုကို ဇာတ်လမ်းဖွဲ့ပြီး ရေုးပြသွားတယ်။ ရုရှားနိုင်ငံအထက်တန်းလွှာတို့ရဲ့ ကိုယ်ကျင့်တရားယို့ယွင်းမှု၊ အရှက်သိက္ခာကင်းမဲ့မှု၊ အချစ်နဲ့အိမ်ထောင်ရေးကို လိင်အာသာဖြေဖျောက်ရန်နဲ့ မိမိရည်မှန်းချက်တစ်ခုခု ဖြည့်ဆည်းရန် ကြီးပွားချမ်းသာရန်တို့အတွက်သာ အရှက်ကင်းမဲ့စွာ ကျင့်သုံးလာကြတာကို စာရေးသူက စက်ဆုပ်ရွံရှာစွာဖြင့် သူ့အနုပညာစွမ်းအားနဲ့ ဇာတ်လမ်းဖွဲ့ဆိုသွားတာပါ။ 

သူ့ဇာတ်ကောင် ပေါ့ဇညှီရက်ကို ၁၅ နှစ် ၁၆ နှစ်သားအထိ လူပျိုစစ်စစ်လေးအနေနဲ့ ဖွဲ့ဆိုထားတယ်။ ပတ်ဝန်းကျင်သွေးထိုးမှုကြောင့် ပြည့်တန်ဆာအိမ်မှာ လူပျိုရည်ပျက်ခဲ့ရတာကိုပင် အပြစ်တစ်ခုအနေနဲ့ ရှက်ရွံ့နေတဲ့လူငယ်လေး၊ သူတို့ရဲ့ အထက်တန်းလွှာ ပတ်ဝန်းကျင်ကြောင့် သူ့စိတ်ဓာတ်တွေ ပြောင်းလာတယ်။ ကြာတော့ အပျော်အပါးကို အပြစ်တစ်ခုလို့ မမြင်တော့ဘူး။ အပျိုစင်လေးတွေကိုသာ သူမဖျက်ဆီးတာ၊ သူနဲ့ပတ်သက်ခဲ့တဲ့ မိန်းမပျိုတွေ ကိုယ်ဝန်ရသွားတယ်၊ သူ့အကြောင့်အသဲကွဲရတယ် … သူမမှုတော့ဘူး။ အပြစ်တစ်ခုလို့ မထင်တော့ဘူး။ ဒါသဘာဝပါပဲ။ ဒီလိုပဲ သူတွေးတယ်။ ငွေပေးလိုက်တယ်။ 

သူအသက်သုံးဆယ်ဝန်းကျင်မှာ စီးပွားပျက်နေတဲ့ ဆွေကြီးမျိုးကြီးထဲက မိန်းမချောလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ ဟန်းနီးမွန်းကာလမှာတင် အိမ်ထောင်ရေးအဆင်မပြေမှုများနဲ့ စတင်ခဲ့တယ်။ အိမ်ထောင်ရေးဖိုမအချစ်ဟာ တဏှာရာဂအချစ်သက်သက်လို့ သြူ့မင်လာတယ်။ အရောင်းအဝယ်တစ်ခုလို မြင်လာတယ်။ ဆန္ဒပြင်းပြနေချိန်မှာ သူတို့တည့်နေကြမယ်။ သိပ်ချစ်ကြမယ်။ ဆန္ဒအာသာပြေပျောက်ရင် ကိစ္စပြီးရင် အလိုမကျမှုတွေ ရန်စောင်မှုတွေနဲ့ ခရီးဆက်ကြရမယ်။ ဒီလိုနဲ့ သူ့အိမ်ထောင်ရေးဟာ အဆင်မပြေမှုတွေ ရန်လိုမှုတွေ ဝန်တိုမှုတွေနဲ့ စတင်ရာက နောက်ဆုံးမှာ ပေါ့ဇညီရှက်က သူ့မယားကို ဂီတဆရာတစ်ယောက်နဲ့ မသင်္ကာဖြစ်ပြီး သူကိုယ်တိုင်ပဲ သတ်လိုက်တယ်။ 

ဇာတ်လမ်းလေးက ဒါပါပဲ … သို့ပေမဲ့ ယခုစာအုပ်လေးက တော်လ်စတွိုင်းရဲ့ အခြားသောစာအုပ်များနည်းတူ စာရေးသူ၏ အတွေးအခေါ်များနဲ့ ဖတ်ရှုသူအတွက်ပါ တွေးတောစရာလေးတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးမို့ စာရှုသူတို့အတွက် အကျိုးရှိနိုင်မည်ဟု ထင်မိပါကြောင်း။ အတွေးအမြင်စာအုပ်ကောင်းမို့ ဖတ်သင့်သည့် စာအုပ်တစ်အုပ်အနေနှင့် ညွှန်းဆိုအပ်ပါတယ်။ 
…….
ကဲ၊ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ **အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ ဝတ္ထုတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”

“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် …

Related Posts