ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါ။ 

ဝန်ဇင်းစာချစ်ပရိသတ်တွေအတွက် ရုံးပိတ်ရက်မှာ အေးအေးအနားယူရင်း ၊ အခမဲ့ ဖတ်ဖို့ မိတ်ဆက်ပေးချင်တာက စာရေးဆရာ မအိုစာ ရေးသားထားတဲ့ တစ္ဆေခြောက်တဲ့ကုတင်ကြီး ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ ထိတ်လန့်သည်းဖို ဇာတ်လမ်းတွေကိုမှ နှစ်သက်တတ်တဲ့ ဝန်ဇင်းစာချစ်သူတွေ တကယ်အကြိုက်တွေ့စေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါလိမ့်မယ် ။

“ ဟာ . . . မင်းဘယ်လိုလုပ်လိုက်တာလဲ ၊ ဟိုမှာ မသာကိုမှန်သွားပြီကွ၊ မင်းတော့ပြဿနာပဲ ”
ထိုအချိန်
ရိပ်ဖြူထမ်းစင်ကြီးကိုထမ်းထားတဲ့ ရွာသားတွေဟာ ဒေါက်ခနဲ အသံကြောင့် တစ်ဦးမျက်နှာတစ်ဦးကြည့်လိုက် ကြသလို ၊ ခြေလှမ်းတုံ့သွားကြတယ်။ 
ပြီးတော့ . . .
ထိုလူတွေက အလောင်းကိုတစ်လှည့် ပတ်ဝန်းကျင်ကိုတစ်လှည့် ကြည့်လိုက်တယ်။ 
“ ဟာ . . .ဦးရီးသာလှတို့ကြည့်နေပြီကွ ၊ လာ . . . ငါတို့အမြန်လစ်မှဖြစ်မယ်။ မင်းလက်သရမ်းမှန်းသိလို့ ဘကြီးကို သွားတိုင်ရင် မင်းပဲ ဗျောတီးခံရမှာကွ ”
သာထူး က ထိုသို့ပြောရင်း ချစ်အောင် ရဲ့လက်ကို အမြန်ဆွဲပြီး အပြေးတပိုင်းခေါ်သွားတယ်။ 
“မင်းကွာ မသာကိုမှ ဂွနဲ့ပစ်ရသလား မင်းကို မသာက မကျေနပ်လို့ခြောက်ရင် ၊ ဘယ်လိုလုပ်မလဲကွ ၊
မင်းမကြောက်ဘူးလားဟင် ။”
သာထူးရဲ့အမေးကြောင့် ချစ်အောင်တစ်ယောက်ခြေလှမ်းရပ်ပြီး မျက်နှာငယ်သွားတယ် ။ . . .
( တစ္ဆေခြောက်တဲ့ကုတင်ကြီး မှ  )

ကဲ ဝန်ဇင်းစာချစ်သူတို့လည်း ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ***အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးဗျ ...





Related Posts