ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“စစ်သူကြီး မဟာဗန္ဓုလရဲ့ ပုံရိပ်ကို အပြည့်အဝမြင်တွေ့ရမယ့် စာအုပ် - မဟာသေနာပတိ - ကို ဝန်ဇင်းမှာ အခမဲ့ ရယူဖတ်ရှုလိုက်ပါ”
…….
ဝန်ဇင်းစာချစ်သူပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

ဒီနေ့ကတော့ ဝန်ဇင်းစာချစ်သူများအတွက် တကယ့်နေ့ကောင်းလေးပဲပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ဝန်ဇင်းကနေ စာအုပ် *အခမဲ့* ဖတ်ခွင့်ရမှာ မဟုတ်လား။ ‘ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ’ အစီအစဉ်လေးက ဒီနေ့မှာ ကျရောက်လာပြီမို့ … ကဲ၊ ရုံးပိတ်ရက်မှာ ဘယ်စာအုပ်ကို အခမဲ့ ဖတ်လို့ရမလဲ ကြည့်လိုက်ရအောင်။ 

စာအုပ်အမည် - မဟာသေနာပတိ
စာရေးဆရာ - ချစ်ဦးညို 

ဖတ်ညွှန်းတို - စာရေးသူကတော့ ဝန်ဇင်းစာချစ်သူတွေ ရင်းနှီးပြီးဖြစ်တဲ့၊ သမိုင်းထဲက ဖြစ်ရပ်နဲ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေရဲ့ စရိုက်ကို ရုပ်လုံးပေါ်အောင် ရေးသားဖွဲ့နွဲ့ရင်း စာဖတ်သူရဲ့ စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိသူ စာရေးဆရာ ချစ်ဦးညိုပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်ကတော့ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲမှာ အထင်ကရ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဘုတလင်သား စစ်သူကြီးမဟာဗန္ဓုလရဲ့ အတ္ထုပ္ပတ္တိကို ဝတ္ထုဆန်ဆန် ဖတ်ရှုခံစားရမှာပါ။

“သျှောင်ကို အညာတဘတ်ဖြင့် ပတ်ထားသည်။ ဖျင်ကြမ်း ခါတိုအင်္ကျီမှာ နှင်းများရွှဲစိုနေပြီး အောက်ပိုးကျိုက်ထားသည့် မဲပုဆိုးမှာလည်း ရွံ့စက်များ ပေကျံနေသည်။ သူ့မှာ ဘာပစ္စည်း ဘာအထုပ်မျှလည်း ပါဟန်မရှိ။ ငှက်ကြီးတောင်ဓားတစ်စင်းကို ဟောင်းနွမ်းလှသော ဓားအိမ်ဖြင့် လွယ်ထားသည်။ ပါးလွှာသော နှုတ်ခမ်းများမှာ စကားတစ်လုံးတလေ ထုတ်ဖော်ရန် ခဲယဉ်းသည့်အလား တင်းတင်းစေ့နေသည်။ ထိုင်နေသောကြောင့် သူ့အရပ်အမောင်းကို ခန့်မှန်းရန် ခဲယဉ်းသော်လည်း ကျစ်လစ်လှသည့် ကြွက်သားများကိုမူ သူ့လက်မောင်း လက်ဖျံများဆီတွင် အထင်းသား တွေ့ရသည်။” ( ငသစ် )

အမရပူရရွှေမြို့တော်ကြီးရဲ့ ခိုက်ခိုက်တုန်အောင် ချမ်းလှတဲ့ နံနက်ခင်းမှာ ငတေ၊ ငခါး၊ သွေးသောက်ကြီး ရဲမင်းထင်နဲ့ ငသစ်တို့ ကင်းစောင့်ရဲမက်လေးဦးသား အကြော်ဆိုင်မှာ နံနက်စာ,စားရင်း အိမ်ရှေ့မင်း အကြီးတော်ရဲ့ ညီနဲ့နောက်လိုက်တွေ ရောက်လာပြီး အကြော်သည်ကို နိုင်ထက်စီနင်း ရန်ရှာမှုကြောင့် မဟုတ်မခံစိတ်ရှိတဲ့ ရဲမက်ကလေး ငသစ်နဲ့ ရန်စမီး ထတောက်တဲ့အချိန်မှာ ကြားကနေ ဝင်ဟန့်တားပြီး စောင့်ကြွားစောင့်ကြွားနိုင်တဲ့ နန်းတွင်းသားတွေကို ဆုံးမလိုက်သူက မောင်ရစ်၊ ရဲမက် ငသစ်တို့အဖွဲ့ဟာ သူ့ကိုယ်သူ ငရစ်လို့ မိတ်ဆက်ပြီး မဟုတ်မခံ စိတ်ဓာတ်နဲ့အတူ ပြတ်သားရဲရင့်တဲ့ သတ္တိတို့နဲ့ ပြည့်ဝတဲ့ မဟာဗန္ဓုလဖြစ်လာမဲ့ မောင်ရစ်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သွားကြပုံနဲ့ ဝတ္ထုကို စတင်ထားတယ်။
 “ရွာမှာ နှမ်းခင်းလုပ်တယ်လေ၊ အလုပ်အကိုင် မကောင်းလှပါဘူး။ မကောင်းတာထက် ကျုပ်က ဝါသနာ မပါတာခက်တယ်။ ကျုပ်က မင်းမှုထမ်းပြီး စစ်တိုက်ချင်တာ။ ဒီအမရပူရက တံခါးမှူးကြီး ဦးအောင်ဆိုတာ ကျုပ်အဘိုးပဲ၊ အဘိုးဆီလာခဲ့တယ်” ( မောင်ရစ် )

ဒီစာအုပ်ထဲမှာ ဘိုးတော်မင်းတရားကြီးရဲ့သားတော် သီရိမဟာ ဓမ္မဘိဇယ သီဟသူရ ဘွဲ့တံဆိပ်တော်ခံ အိမ်ရှေ့စံကိုယ်တော်ကြီး ကံကုန်တဲ့ မြန်မာသက္ကရာဇ် ( ၁၁၇၀ ) ပြည့်နှစ်နောက်ပိုင်း ကာလ သမိုင်းနောက်ခံ အဖြစ်အပျက်တွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဘိုးတော်မင်းတရားရဲ့ လွှဲအပ်မှုနဲ့အတူ အိမ်ရှေ့ကိုယ်တော်ကြီး အရိုက်အရာကို ဆက်ခံလိုက်တဲ့ စစ်ကိုင်းမင်း လက်ထက်က နန်းတွင်းဖြစ်ရပ်တွေနဲ့အတူ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲအတွင်း မဟာဗန္ဓုလဦးစီးကွပ်ကဲတဲ့ တိုက်ပွဲတွေအကြောင်းကိုလည်း စိတ်ထက်သန်စွာနဲ့ ဖတ်ရှုကြရမှာပဲ ဖြစ်ပါတယ်။

စစ်သူကြီးမဟာဗန္ဓုလရဲ့ ဘဝဖြတ်သန်းမှု ဘယ်လိုရှိခဲ့သလဲ၊ အိမ်ရှေ့မင်းထံမှာ ကိုယ်ရံတော်အဖြစ် အမှုထမ်းစဉ်က ဖြစ်ရပ်တွေ၊ ငယ်ရွယ်ပေမယ့် သတ္တိဗျတ္တိနဲ့ ပြည့်စုံတဲ့အပြင် စစ်ရေးစစ်ရာ ကျွမ်းကျင် ထက်မြက် ဖျတ်လတ်မှုကြောင့် နေမျိုးသူရရဲခေါင်ဘွဲ့ရတဲ့ ဒီပဲယင်းမြို့ဝန်လေးအဖြစ် … မောင်ရစ်ရဲ့ ပထမဆုံး တိုက်ပွဲဖြစ်တဲ့ မဏိပူရကို နေမျိုးမင်းလှနော်ရထာ ဦးဆောင်စစ်ချီတက်စဉ် … ပထမအင်္ဂလိပ် - မြန်မာစစ်ပွဲအစဖြစ်တဲ့ ရှင်မဖြူကျွန်းအရေးမှာ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ မောင်ရစ်ခေါ် စစ်သူကြီး မဟာဗန္ဓုလရဲ့ ပုံရိပ်တွေကို သူ့ရဲ့ ပင်ကိုယ်ဖြစ်တဲ့ မဟုတ်မခံ ပြတ်သားပြီး ထက်မြက်တဲ့ စိတ်ဓာတ်နဲ့ လေးစားဖွယ် အမူအကျင့်တွေကို ဆရာချစ်ဦးညိုက ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းအောင် ရုပ်လုံးဖော်ရေးသားထားတယ်ဆိုတာ ……

ကဲ … ဒါကြောင့်မို့ … သမိုင်းထဲက သူရဲကောင်းကြီးဖြစ်တဲ့ စစ်သူကြီးမဟာဗန္ဓုလအကြောင်းကို ဝတ္ထုပုံစံနဲ့ စိတ်ဝင်စားဖွယ် ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဆရာချစ်ဦးညိုရဲ့ “မဟာသေနာပတိ” စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ *အခမဲ့* ရယူ ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို အခမဲ့ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts