ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်းပရိသတ်ကြီးရေ မင်္ဂလာပါခင်ဗျာ ....
ဝန်ဇင်းစာချစ်ပရိသတ်ကြီးအတွက် ရုံးပိတ်ရက်မှာ အေးအေးအနားယူရင်း အခမဲ့ ဖတ်ဖို့ စာရေးဆရာ မင်းမြတ်သူရ ရေးသားတဲ့ " ဆားပုလင်းမင်းအောင်နှင့် အနီရောင်မိန်းကလေး " ဝတ္ထုကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ….။
ဆားပုလင်းမင်းအောင်ပါလာပြီဆိုတော့ ဘယ်လို ခန့်မှန်းရခက်တဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေးတွေ ရှိမလဲဆိုတာ စိတ်ဝင်စားစရာပဲဗျ၊ ဒီဝတ္ထုရဲ့ အစမှာတင် ဆားပုလင်းမင်းအောင်ဆီ လာအပ်တဲ့ အမှုတစ်ခုနဲ့ စတင်ထားတယ်။ ရှေးဟောင်းပစ္စည်းရှာဖွေ စုဆောင်းသူ ကိုအုန်းမြင့်က သူလေလံအောင်ထားတဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးပိုင် ကြေးမုံမှန် ပျောက်ဆုံးမှုနဲ့ ဇာတ်လမ်းပျိုးထားပါတယ်။ ကိုအုန်းမြင့်ရဲ့ ထောက်ဆိုချက်အရ ကြေးမုံမှန်ပျောက်ဆုံးမှုမှာ ပန်းချီဆရာလေး မောင်အေးနဲ့ ဆက်နွယ်နေတာ သိလိုက်ရတဲ့နောက် ဇာတ်လိုက်ကျော် ဆားပုလင်းမင်းအောင် စုံစမ်းတဲ့အခါ ... 
ပန်းချီဆရာကို သတ်မှုနဲ့ အမှုလာအပ်သူ ကိုအုန်းမြင့်ကို ဖမ်းဆီးလိုက်တယ်။ 
ဇာတ်လမ်းရဲ့ စ,စချင်းမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းနဲ့ စာဖတ်သူကို မိတ်ဆက်ထားတယ်၊ စိတ်ဝင်စားဖို့ကောင်းတာက ခုလို ဖမ်းဆီးလိုက်တာက မှန်ရဲ့လား၊ ဒါမှမဟုတ် ဆားပုလင်းမင်းအောင်ကပဲ တမင်ဖန်တီး ဖမ်းဆီးလိုက်တာလား ဆိုတာ ဝတ္ထုထဲ ဆက်လက်ဖတ်ရှုရမှပါ။ စာအုပ်နာမည်အရ အနီရောင်မိန်းကလေးက ဘယ်သူ့ကို ရည်ညွှန်းသလဲဆိုတာကလည်း ပဟေဠိတစ်ခုပါပဲ။ 

ကဲ .. ဒီလိုဆိုရင် ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ***အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လား ခင်ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့ပါနဲ့ဦးဗျ ...


Related Posts