ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


‘အချစ်ရဲ့ ခမ်းနားလှပမှုကို ခံစားလိုသူတိုင်းအတွက် စာရေးဆရာ လင်းညို့သွေးရဲ့ ဝတ္ထုတစ်ပုဒ်”
………….
ဒီနေ့ကတော့ ဝန်ဇင်းစာချစ်သူများအတွက် နေ့ကောင်းလေးပဲပေါ့ခင်ဗျာ။ ဘာလို့ဆို၊ ဒီနေ့က ဝန်ဇင်းမှာ စာအုပ် *အခမဲ့* ဖတ်ရှုနိုင်မှာမို့ပေါ့။ သူက *ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ* အစီအစဉ်ပဲလေ။ ဝန်ဇင်းစာချစ်သူတိုင်း စာအုပ် အခမဲ့ ဖတ်နိုင်မယ့် အစီအစဉ်ပဲပေါ့။ ဒါဆို ဒီတစ်ပတ်အတွက် စာချစ်သူတို့ အခမဲ့ ဖတ်နိုင်မယ့် စာအုပ်က ဘာဖြစ်လဲ ကြည့်လိုက်ရအောင် ! 

အက်မင် ရွေးချယ်ထားတဲ့ စာအုပ်လေး ရှိတယ်။ အဲ့ဒါလေးကို ပြန်ညွှန်းမယ်လေနော်။ 

စာအုပ်ရဲ့နာမည်က - ရွှေမင်းသမီးရဲ့ ပျော်တော်ဆက်
စာရေးဆရာက - လင်းညို့သွေး

ဒီစာအုပ်လေးဟာ ….

လွမ်းလွမ်းဆွတ်ဆွတ်လေး ခံစားဖတ်ရှုနေရမယ့် ပုံပြင်ဆန်ဆန် အဖြစ်အပျက် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်တယ်။ လွမ်းစရာတွေကိုလည်း ခံစားရမှာ ဖြစ်သလို စိတ်ပျော်စရာ အသောဟာသလေးတွေကိုလည်း မြင်တွေ့ရဦးမယ်။ ပြီးတော့ - စိတ်လှုပ်ရှားစရာ လျှို့ဝှက်တဲ့ ဇာတ်လမ်းကိုလည်း ဖတ်ရှုရဦးမှာဗျ။ 

“သူပြောတာ ဟုတ်ပါတယ်။ စိတ်ပျက်စရာတွေကြောင့် ခြောက်သွေ့အထီးကျန်တဲ့ တို့ဘဝဟာလည်း သူ့ရဲ့ အားပေးမှုတွေ၊ ဟာသလေးတွေကြောင့် စိုပြေလာခဲ့တာပါ။ တို့ဘဝမှာ ပျော်ရွှင်စရာတွေ ပျောက်ဆုံးသွားခဲ့တာ ကြာပါပြီ၊ ဒက်ဒီဆုံးပါးသွားကတည်းက ဆိုပါတော့လေ” ( ပန်းမကိုဋ် )

ဝတ္ထုလေးရဲ့ အစကတော့ အင်တာနက်ထဲမှာ G – talk နဲ့ စကားပြောလိုက်၊ e – mail တွေပို့လိုက်နဲ့ ရင်ခုန်သံချင်း ရင်းနှီးသွားကြသူနှစ်ဦးဖြစ်တဲ့ ‘သူရ’ နဲ့ ‘ပန်း’ ဆိုတဲ့ ကောင်မလေး။ ရယ်မောပျော်ရွှင်နေရမယ့် ဟာသလေးတွေ ကြားထဲမှာ သူရဟာ ပန်းအတွက် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သူ၊ ပန်းရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေ လန်းဆန်းပွင့်လန်းသွားစေသူ။ 

ဒီလိုနဲ့ စာရေးဆရာ လင်းညို့သွေးက သူတို့နှစ်ဦးရဲ့ ရင်ခုန်သံ သမိုင်းတစ်ခုကို ပြန်လည်တူးဖော်ပြထားတယ်။ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းလေးကို ပုံပြင်ဆန်ဆန်လေး ပြောပြထားတယ်။ ဒီဇာတ်လမ်းလေးဟာ အင်တာနက်လောကထဲမှာ စတင် သန္ဓေတည်ခဲ့တာပေါ့။ အင်တာနက်ထဲကနေ တွေ့ဆုံပြီး အံ့သြဖို့ကောင်းအောင် ချစ်သူရည်းစားတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ဦးဟာ - 

တစ်ခါက …
တိုးတက်မှု နည်းပညာထဲမှာ …
နာမ်ဝိညာဉ်သက်သက်နဲ့ 
သူတို့ ရင်ခုန်သံချင်း စပ်ယှက်ခဲ့ကြတယ်။
တစ်ခါက …
ကြိုး ပြတ်မယ်မှန်း သိပါလျက် …
အဲ့ဒီ စောင်းတစ်လက်တည်းကိုပဲ
သူတို့ ထပ်တလဲလဲ တီးခတ်ခဲ့ကြတယ်။ …….

ဟာသဓာတ်ခံရှိတဲ့ နယ်ဘက်ကျေးလက်က သူရဟာ သူ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး ဖြေသိမ့်နိုင်လိမ့်မယ်လို့ ယုံစားထားခဲ့ပေမဲ့ မြို့ကြီးသူကောင်မလေး၊ အနုပညာရှင်ပေါက်စဖြစ်တဲ့ ပန်းနဲ့ တွေ့ဆုံချစ်ကြိုက်ပြီး နောက်မှာတော့  -

-	ရင်ခုန်စရာ နူးညံ့လှပတဲ့ ချစ်ခြင်းတွေ
-	သိပ်ကို ကြည်နူးဖို့ကောင်းတဲ့ ဟာသလေးတွေ ထုံးမွှန်းနေတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းဟာ

စွန့်လွတ်အနစ်နာခံမှု နဲ့ လွမ်းဆွတ်ကြေကွဲမှုတွေ ပါဝင်လာတယ်။ ဒါပေမဲ့ ဝတ္ထုလေးက happy ending ဖြစ်တာမို့ ၊ ဒါ့အပြင် ဝတ္ထုထဲမှာ မထင်မှတ်ထားတဲ့ ဝှက်ဖဲလေးတွေလည်း ပါတယ်။ ဒါကြောင့် ဝန်ဇင်းစာချစ်သူတို့လည်း ကြိုက်မှာသေချာတယ်။ 

ဒီတော့ - ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ စာချစ်သူတို့လည်း ဒီစာအုပ်လေးကို ဝန်ဇင်းမှာ *အခမဲ့* ရယူပြီး ခုပဲ ဖတ်ရှုလိုက်ရအောင်နော်။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်က အခမဲ့ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။


Related Posts