ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ဝန်ဇင်းစာချစ်သူများ စိတ်အမော၊ ဦးနှောက်အမော၊ ဘဝအမောတွေ ပြေပျောက်စေဖို့ သရော်စာဝတ္ထုတိုများကို *အခမဲ့* ဖတ်ရှုနိုင်ပါပြီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများ စောင့်ဆိုင်းနေတဲ့ ဝန်ဇင်းရဲ့ အပတ်စဉ်အထူးအစီအစဉ်ကတော့ ယနေ့မှာ ကျရောက်လာပါပြီ။ အဲ့ဒါကတော့ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” အစီအစဉ်လေးပဲ ဖြစ်ပါတယ်ခင်ဗျ။ အခုတင်ဆက်ပေးတော့မယ့် စာအုပ်ကို စာချစ်သူများအနေနဲ့ Wun Zinn App ထဲမှတဆင့် *အခမဲ့* ရယူဖတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ယခုတစ်ပတ်အတွက် ဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ ဝန်ဇင်းစာချစ်သူများ စိတ်အမော၊ ဦးနှောက်အမော၊ ဘဝအမောတွေ ပြေပျောက်စေမယ့် စာအုပ်ပါ။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ မောင်ရင့်မာ ( ကျောင်းကုန်း ) ရေးတဲ့ ‘စမ္ပနဂိုရ်ပြားသွားပြီ’ နှင့် ဝတ္ထုတိုများဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ကဲ … စာအုပ်အညွှန်းလေးကို ဖတ်ရှုကြည့်လိုက်ရအောင်လားခင်ဗျာ။ 

“စမ္ပနဂိုရ်ပြားသွားပြီ” နှင့် ဝတ္ထုတိုများ … 

မောင်ရင့်မာ ( ကျောင်းကုန်း ) ၏ “စမ္ပနဂိုရ်ပြားသွားပြီ” ဝတ္ထုတိုပေါင်းချုပ်မှ စမ္ပနဂိုရ်ပြားသွားပြီ သရော်စာဝတ္ထုတိုကို ဝန်ဇင်းစာဖတ်ပရိသတ်များအနေဖြင့် မဖြစ်မနေ ဖတ်ကြည့်စေချင်ပါတယ်။ သာဝ ဆိုတဲ့ ရူးတူးတူး ကြောင်တောင်တောင်ဇာတ်ကောင်ကို အကြောင်းပြု မဏ္ဍိုင်ထား၍ စမ္ပနဂိုရ်ရွာအတွင်း ဟိုးလေးတကျော်ကျော် အုတ်အောင်သောင်းတင်း ထိတ်လန့်တကြား ကမ္ဘာအရပ်ရပ် အထူးအဆန်းသတင်းများကြောင့် သူကြီးမှအစ တစ်ရွာလုံး အငြိမ်မနေရဘဲ ဦးနှောက်ခြောက် ခေါင်းစားရတဲ့ အဖြစ်များနှင့် ဝတ္ထုတိုတစ်ပုဒ်လုံးကို တစိမ့်စိမ့်တွေးလေ ပြုံးမိပျော်မိ ဝါးလုံးကွဲရယ်မိစေသည်အထိ ပညာသားပါပါ ရေးဖွဲ့ထားရာ တစ်မျက်နှာ စဖတ်မိသည်နှင့် နောက်စာမျက်နှာများကို တောက်လျှောက် ဆက်ဖတ်မိသွားစေမည့် သရော်စာ ဝတ္ထုကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရုံးပိတ်ရက် အားလပ်ချိန်မှာ ဦးနှောက်ဆေး အပန်းဖြေလိုသူများအတွက် ဒီဝတ္ထုတိုလေးကို အထူးဦးစားပေး ဖတ်ကြည့်သင့်ကြောင်း ပြောပါရစေခင်ဗျာ။ 

ဆက်လက်ပြီး ညွှန်းရမယ်ဆိုရင်တော့ ‘မျက်နှာပေး’ ဝတ္ထုတိုမှာ ကားဒရိုင်ဘာတစ်ယောက်၏ တွေးတောချိန်ဆမိဟန်ဖြင့် ရေးဖွဲ့ထားပြီး ပဟေဠိတစ်ခု ထည့်သွင်းကာ စာဖတ်သူကို အတွေးပွားစေ စဉ်းစားတွေးတောစေမိသော အဆုံးသတ်ဖြင့် ဝတ္ထုတိုကို ဖွင့်ပေးထားသောကြောင့် ဆက်လက်စဉ်းစားဖွယ်ဖြစ်သောလည်း စာရေးသူ၏ ရေးဟန်မှာ ရိုးရှင်းသွက်လက် ပေါ့ပါးလှသဖြင့် ဖတ်ထိုက် ဖတ်ကောင်းသော ဝတ္ထုတိုတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကိုဝမ်းဆိုတဲ့ ဇာတ်ကောင်တစ်ဦးရဲ့ ခဏတာကိုယ်တွေ့အဖြစ်အပျက်ကို ပီပြင်စွာ သရုပ်ဖော်ထားပြီး နွမ်းပါသော်လည်း ဘဝအပေါ်မျှော်လင့်ချက်၊ ထက်သန်သည့်မာနနှင့် တိုးတက်ကြီးပွားလိုသည့် လူငယ်တစ်ဦး၏ အိပ်မက်ကိုပါ ထုတ်ပြထားတယ်။ စာချစ်သူတို့ နှစ်ခြိုက်မိမှာ အသေအချာပါပဲ။ 

‘ငန်းရုပ်ကလေး’ ဝတ္ထုတိုမှာတော့ ကချင်ပြည်နယ်နောက်ခံဖြင့် ရေးဖွဲ့ထားတယ်။ ဘုရားပွဲဈေးမှာ သားသမီးအတွက် ငြူစူပြီး ပိုက်ဆံ ၂၀၀ အကုန်မခံနိုင်သော်လည်း တဏှာရာဂ ရမ္မက်ဇောအတွက် ကိုယ်ကျင့်တရားပျက်ပြားနေသော မိသားစုမေတ္တာခေါင်းပါးလှတဲ့ အဖယုတ်တစ်ယောက်၏ ငွေကြေးဖြုန်းတီးပုံကို အထင်းသား ပေါ်လွင်အောင် စာရေးသူက စာလုံးရေနည်းနည်းဖြင့် ရေးဖွဲ့ထားတယ်။ စာချစ်သူတို့ အကြိုက်တွေ့စေမယ့် ဝတ္ထုတိုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 

‘မြစ်အနောက်ဘက် တောင်တန်းများ’ ဝတ္ထုတိုမှာတော့ ဥစ္စာဓနပေါကြွယ်ဝလာခြင်းဟာ ပေါ့တန်လေ့ရှိသူတွေအတွက်တော့ အိတ်ခ်ျ အိုင် ဗွီ ဗိုင်းရပ်ဝင်သွားသလိုပါပဲဟု စာရေးသူက ကြားဝင်မှတ်ချက်ပြုထားပြီး အိမ်ထောင်ရေးဖောက်ပြန်တဲ့ လင်ယောက်ျားအပေါ် သဘောထားကြီးလှပါတယ်ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းမှ ညစ်ညမ်းသည့် လျှို့ဝှက်ချက်ကို ကဗျာဆန်စွာ ရေးဖွဲ့ပြထားတယ်။ ဝတ္ထုတို မဆုံးမီအထိ စာဖတ်သူက ဇာတ်ဆောင်အမျိုးသမီးအပေါ် လေးစားစိတ်ဝင်နေစေပြီးမှ ဇာတ်လမ်းအဆုံးမှာ ထင်မှတ်မထားတဲ့ လှည့်ကွက်နဲ့ အဆုံးသတ်ထားတယ်။ ဝတ္ထုအရေးအသား အသိမ်းအနုတ် ကျွမ်းကျင်လှတာမို့ အထူးညွှန်းစရာမလိုသော ဝတ္ထုတိုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ 
………….

စမ္ပနဂိုရ်ပြားသွားပြီ နှင့် ဝတ္ထုတိုများစာအုပ်ထဲမှာ ရသအရောင်အသွေးစုံတဲ့ ဝတ္ထုတိုပေါင်း ( ၁၄ ) ပုဒ်ပါဝင်ပြီး ဆရာဝန်စာရေးဆရာ ဂျိုဇော်၏ အမှာစာ၊ နာမည်ကြီးစာရေးဆရာမ ခင်ခင်ထူး၏ အမှာစာတို့ဖြင့် မြိုင်ဆိုင်စွာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဝန်ဇင်းစာချစ်ပရိသတ်ကြီးအနေဖြင့် အားလပ်ချိန်တွေမှာ စိတ်အမော၊ ဦးနှောက်အမော၊ ဘဝအမောများ ပြေပျောက်စေဖို့ ခုလို ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ညွှန်းဆိုလိုက်ရပါတော့တယ်။ 

ဒီတော့ … ဝန်ဇင်းစာချစ်သူတို့လည်း စနေ၊ တနင်္ဂနွေ အားလပ်ချိန်တွေမှာ ဒီစာအုပ်လေးကို ဖတ်ရှုနိုင်ဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ခုပဲဝန်ဇင်းမှာ *အခမဲ့* ရယူလိုက်ရအောင်လားခင်ဗျာ။ 

ခုလိုမျိုး ဖတ်ရှုရ အကျိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ကို ဝန်ဇင်းမှာ အခမဲ့ဖတ်ရှုလို့လည်းရ၊ ဖတ်ချင်တဲ့ စာအုပ်များကို ဈေးနှုန်းအလွန်သက်သာစွာဖြင့် ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ “ဒီနေ့ကို သင်ဘယ်လိုဖြတ်သန်းမည်လဲ” စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ဝန်ဇင်းမှတင်ဆက်ပေးတဲ့ ရုံးပိတ်ရက်မှာအခမဲ့ဖတ်စရာ အစီအစဉ်လေးကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts