ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


မိုးတွေရွာနေလို့ စိတ်တွေထိုင်းမှိုင်းပြီး တွေမနေနဲ့၊ လန်းသွားအောင် ဒါရိုက်တာချာတူးလန်ကို ဖတ်ကြည့်၊ ဒါနဲ့ ဒီစာအုပ်က *အခမဲ့* ဖတ်ရမှာနော် …

စာအုပ်အမည် - ဒါရိုက်တာချာတူးလန်
စာရေးဆရာ - နတ်ရွာမိုး
ဖတ်ညွှန်း - ရပ်ကွက်ထဲက ကာလသား ကိုလူချောတို့ဆီ ‘မမ’ တစ်ယောက် ရောက်လာပြီးကတည်းက စလိုက်တဲ့ အလွဲတွေကို စာဖတ်သူတို့ ပြုံးရုံမက ဟားတိုက်ရယ်မောရင်း မြင်တွေ့ရပါလိမ့်မယ်။ တိမ်ကညို့ညို့ မိုးကသဲသဲနဲ့ စာချစ်သူတို့စိတ်တွေ ထိုင်းမှိုင်းနေတယ်ဆိုရင်တော့ မပူပါနဲ့။ ဒီစာအုပ်က တွေဝေငေးငိုင်နေတဲ့ စိတ်ကို နတ်ရေကန်ထဲ ပစ်ချလိုက်သလို ချက်ချင်း လန်းဆန်းသွားစေမှာ အသေအချာပဲလို့ သေသေချာချာ ညွှန်းလိုက်ပါရစေခင်ဗျ။ 

-	ရှင်က .. အချစ်စာရေးဆရာ ဆိုတော့ကာ ၊ တိတိကျကျ ဖြေပါ .. မေးမှာ … ၊ ကဲ .. မေးပြီ၊ အချစ်ဆိုတာ ဘာလဲ ?
-	ကမ္ဘာဦးအစကတည်းက ရှိခဲ့တာ၊ ယနေ့ထိ လူပြောအများဆုံး အကျော်ကြားဆုံးအရာ၊ လူမျိုး ဘာသာမရွေး စားသုံး ဖွဲ့လို့ဆိုကို မဆုံးတဲ့အရာ၊ ဘာလို့ ဖွဲ့ဆိုလို့ မဆုံးသလဲ ဆိုတော့ကာ ဘာမှန်းကို မသိကြသေးလို့ပါ … ။ အဲ့ဒါ .. အဖြေပါခင်ဗျာ၊ အတိအကျပါ။
-	မိန်းမကို ဘာလို့ ဒီလောက်နိုင်တာလဲဗျ ?
-	ညှိထားတာပေါ့၊ လူရှေ့သူရှေ့ ငါနိုင်ကြေး၊ ကွယ်ရာ မင်းနိုင်ကြေး၊ ဒါလေးများ … ။ 
-	‘နေတတ်ရင် ကျေနပ်စရာတဲ့’ ၊ စကားစုလေးပါပဲ။ ဒါပေမဲ့ ကျေနပ်အောင် နေတတ်ဖို့၊ ပေးဆပ်ရတဲ့ အရင်းအနှီးက ….. ။ 
-	ဆရာကောင်းတပည့်မှန်း မသိတဲ့ ဆရာဟာ၊ တပည့်ကောင်းရဲ့ဆရာ … မဖြစ်သင့်ဘူး၊ တပည့်အထာကို မသိရင် … ဧဝကံ … ချာတူးလန်ဆရာပဲ …. ။ 

ကဲ .. ဝတ္ထုထဲက ဒါရိုက်တာ ချာတူးလန်က ဘယ်သူဖြစ်မလဲ ? ဘယ်လိုမျိုး အလွဲအချော်တွေနဲ့ ချာတူးလန်နေမလဲ သိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။ 

အခြားစာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ် ခင်ဗျာ” 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts