ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“အစဖတ်မိတာနဲ့ အဆုံးထိပါသွားမယ့် ဆရာမိုးသက်ဟန်ရဲ့ ပင်ကိုရေးဝတ္ထု - ကမ္ဘာအတု ကောင်းကင်အတု”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့မှာတော့ ဝန်ဇင်းစာစာချစ်သူ စာဂျပိုးတွေအတွက် ရုံးပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူရင်း ***အခမဲ့*** ဖတ်ရှုနိုင်မယ့် စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ မိုးသက်ဟန်ရဲ့ ပင်ကိုရေးဝတ္ထုဖြစ်တဲ့ “ကမ္ဘာအတု ကောင်းကင်အတု” ဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ စာရေးသူအနေနဲ့ ခေတ်ပြိုင်လက်ရာတွေကို အဓိကဘာသာပြန်လေ့ရှိတဲ့ စာအုပ်တွေကြားက ထွက်ပေါ်လာတဲ့ ပင်ကိုရေးဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဘာသာပြန်အရေးကောင်းသလို ပင်ကိုရေးမှာလည်း စာဖတ်သူပရိသတ်ကို ဆွဲဆောင်ထားနိုင်စွမ်းရှိတယ်ဆိုတာကို ဒီဝတ္ထုကို ဖတ်ကြည့်တဲ့အခါ ခံစားရပါလိမ့်မယ်။ 

ဘာသာပြန်ဝတ္ထုတွေမှာ နာမည်ကျော်တဲ့ မိုးသက်ဟန်ရဲ့ ပင်ကိုယ်ရေးဝတ္ထုအဖြစ် ကမ္ဘာအတု ကောင်းကင်အတုကို ဖတ်ရတဲ့အခါမှာ သင့်ကို စာရေးဆရာ ဖန်တီးထားတဲ့ လောကကြီးထဲ ဆွဲခေါ်သွားပါလိမ့်မယ်။ အစပိုင်းလေး ဖတ်မိတာနဲ့ ဇာတ်သိမ်းအထိဆွဲခေါ်သွားမယ့်စာအုပ်ကောင်းတစ်အုပ်ပါပဲ။ 

ခေတ်ပြိုင်စာအုပ်များကို အဓိကဘာသာပြန်တဲ့ မိုးသက်ဟန်ဟာ ဘာသာပြန်စာပေလောကမှာ နာမည်တစ်လုံးကို ထူထောင်ထားနိုင်သူပါ။ မိုးသက်ဟန်ဟာ ဘာသာပြန်အရေးကောင်းသလို ပင်ကိုယ်ရေးမှာလည်း လက်ရာကောင်းလှပါတယ်။ 

အစမှာ မင်းသားဟာ အလင်းစကလေးတစ်ခုဟာ တံခါးတစ်ချပ်ဆီခေါ်သွားပြီး အဲ့ဒီတံခါးကိုတွန်းဖွင့်သွားတာနဲ့ ဇာတ်လမ်း စထားတယ်။ တံခါးကြီးကို သူတွန်းဖွင့်တော့ သိပ်လှတဲ့ကောင်းကင်၊ လေပြေလေညှင်းတွေရဲ့ထိတွေ့မှုနဲ့ မြို့ကြီးတစ်မြို့ကိုသူတွေ့လိုက်တယ်။ မြို့ဆီခြေလှမ်း ၃/၄ လှမ်းလိုက်တဲ့အခါ တံခါးကြီးဟာလဲ 'ဝုန်း'ဆို ပြန်ပိတ်သွားတယ်ပေါ့။ လျှောက်လာရင်း လျှောက်လာရင်း မြို့ကြီးဟာသူ့ကိုဖမ်းစားလာတယ်။ သူဟာမြို့ကိုစိတ်ဝင်စားဝင်စားစွာလျှောက်နေတုန်း Taxi တစ်စီးတွေ့တာနဲ့ တားပြီး မြို့ကိုလိုက်ပြခိုင်းမိတယ်။ Taxi သမားနဲ့ စကားပြောမိရာကသူဟာဒီမြို့က ပြန်ထွက်လို့မရတော့ဘူးဆိုတာသိသွားခဲ့တယ်။ Taxi သမားကြီးဟာ သူ့ကိုမြို့တစ်ပတ်ပို့ပေးရင်း Hotel တစ်ခုမှချပေးခဲ့တယ်။ နောက်နေ့မနက် Hotel ဧည့်ခန်းဆောင်ထဲဆင်းလာရင်း သတင်းစာကိုကောက်ကြည့်မိတော့ မနေ့က သူဒီမြို့ကိုရောက်လာတဲ့အကြောင်းက သူ့ရဲ့ဓာတ်ပုံတွေနဲ့အတူ မျက်နှာဖုံးသတင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အတော်အံ့ဩစွာနဲ့ Hotel Manager ကိုမေးမိတော့ ဒီလိုပါပဲ အဆင်ပြေသွားပါလိမ့်မယ်။ ဒီမြို့ကိုရောက်လာတဲ့သူတိုင်းက ဒီလိုပါပဲတဲ့။ အဲ့ဒါနဲ့ စကားစမြည်တွေပြောကြရင်း Manager ကHotel မှာနေရတာ ခဏသာဖြစ်ကြောင်း နောက်ဆို တခြားကိုရွှေ့ရမယ်ဆိုကြောင်းပြောတော့ သူ့မှာအဲ့လောက်ကြာကြာနေဖို့ပိုက်ဆံမရှိကြောင်းပြန်ပြောမိတယ်လေ။ အဲ့မှာ မန်နေဂျာက "စိတ်မပူပါနဲ့ ဒီမြို့မှာ ပိုက်ဆံမလိုဘူး"တဲ့။ 
Hotel မှာလေးရက်နေပြီး သူဟာအိမ်ရာတစ်ခုကို ရောက်ရှိလာတော့ အဲ့ဒီကလူကြီးက သူ့ကိုနာမည် John ဖြစ်ကြောင်းနဲ့ ကိုယ်ပိုင်အမှတ် DIL 26412709 ဆိုပြီး သတ်မှတ်ကာ အလုပ်ငါးမျိုးမှာ ဘာလုပ်ချင်လဲမေးသတဲ့။
အင်ဂျင်နီယာ၊ သတင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းတွေရှိပါတယ်တဲ့။

John ဟာ အတော်စိတ်ညစ်လာပြီ။ ပြီးတော့ ဒီမြို့ကသူတွေကလဲ မျက်လုံးတွေက အသေတွေ။ သူရောက်စက ပျော်ပေမယ့်ခုစိတ်ညစ်လာပြီ။ မျက်လုံးတွေက ဘာလို့သေနေတာလဲဆိုတော့ မြို့ကထွက်ပြေးတဲ့သူတွေဟာ ဘယ်လိုမှထွက်ပြေးလို့မရတဲ့အပြင် မိလာခဲ့ရင်လည်း လျှပ်စစ်လှိုင်းတွေနဲ့ မျက်လုံးတွေသေအောင် လုပ်ခံရမယ်တဲ့။

ဒီလိုနဲ့ အားလပ်ရက်မနက်ခင်း သူပတ်ဝန်းကျင်ကိုလေ့လာရေးထွက်တယ်။ မြို့ရဲ့စာကြည့်တိုက်ကြီးကိုရောက်တော့ သူဝင်ဝင်ချင်းပဲ "မင်္ဂလာပါ John .. ရှင့်ကိုစောင့်နေတာကြာပါပြီ၊ ရှင်နဲ့ကျွန်မပူးပေါင်းဆောင်ရွက်စရာတွေရှိပါတယ်" ဆိုတာကိုကြားလိုက်ရတယ်။ အဲ့ဒီကောင်မလေးက မေဖရိုင်းဒေး။ ဂျွန်ဟာ သူ့ဆီလာမယ်၊ သူတို့အတူ ဒီမြို့ကထွက်ပြေးကြမယ်လို့ အိပ်မက်အခါခါမက်ထားတဲ့ကောင်မလေးပေါ့။ 

တစ်နေ့မှာ John ဟာအလုပ်သွားရင်း အတူစီးလာတဲ့ကားသမားကြီးဟာ ကားတိုက်မှုကြောင့်သေသွားရာကနေ ဒီမြို့မှာ သေတဲ့သူမှန်သမျှကို ဖယောင်းသွင်းရုပ်တုအဖြစ်ထားတာကို သိလိုက်ပြိးသကာလ ... ဘယ်သူမှထွက်ပြေးလို့မရတဲ့ စက်ယန္တရားဆန်ဆန်မြို့ကြီးကနေ John နဲ့မေဖရိုင်းဒေးတို့ရော လွတ်သွားမလားဆိုတာ ...
ထင်မှတ်မထားတဲ့ဇာတ်သိမ်းမျိုးနဲ့ မိုးသက်ဟန်ရဲ့ရှားရှားပါးပါးပင်ကိုယ်ရေးလုံးချင်ဝတ္ထုလေးကို ဖတ်ကြည့်ကြပါစို့ .....
ကဲ … ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို “ဝယ်မည်” ကိုနှိပ်ပြီး ***အခမဲ့*** ရယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီလို အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးနော်။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 
…………..
“ဝန်ဇင်းစာချစ်သူတို့က ဆရာမိုးသက်ဟန်ရဲ့ ပရိသတ်လည်းဖြစ်တယ်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုး ဖတ်ရှုရတာ သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts