ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ဝေဖန်သံများ ဆူညံပွက်လောရိုက်ခဲ့သည့် စာရေးဆရာအကြည်တော်၏ မိန်းမဋီကာ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူပရိသတ်ကြီးရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ ဝန်ဇင်း၏ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” အစီအစဉ်လေးကတော့ ဒီနေ့မှာဖြင့် ကျရောက်လို့လာပါပြီ။ ဒီတစ်ပတ်အတွက် ဝန်ဇင်းစာချစ်သူများ *အခမဲ့* ရယူ ဖတ်ရှုခွင့်ရမယ့် စာအုပ်ကတော့ စာရေးဆရာ အကြည်တော်ရဲ့ “မိန်းမဋီကာ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီစာအုပ်ဟာ ထွက်ပြီးမကြာခင်မှာပဲ အမျိုးသမီးစာဖတ်ပရိသတ်ရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်သံတွေ ဆူညံပွက်လောရိုက်သွားခဲ့တဲ့ ဆရာအကြည်တော်ရဲ့ ထူးထူးခြားခြား လက်ရာတစ်ပုဒ်လို့ ဆိုရမှာပါ။ 

-	အမျိုးသမီးများ မဖတ်ကြဖို့
-	မိန်းမတွေအကြောင်း တစ်ဖက်သက်ရေးထားတဲ့ ကိုယ်ရည်သွေးစာအုပ်
-	အကြည်တော် ဒါမျိုးမရေးသင့်ပါ
-	မိလ္လာကားတိုက်ပါစေ
-	မခိုင်လုံတဲ့ အကြောင်းအရာတွေနဲ့ မကောင်းမြင်စိတ်နဲ့ရေးထား
-	ဒီစာအုပ်ထဲမှာ ရေးထားတာ တစ်ခုမှမဟုတ်ပါ
-	မဟုတ်တမ်းတရားတွေ
-	ရေးစရာရှားသလား
-	စာရေးဆရာတစ်ယောက်အနေနဲ့ သေချာလေ့လာပြီးမှရေးသင့် ….

စသည် စသည်ဖြင့် ‘မိန်းမဋီကာ’ ရဲ့ လက်ရာရှင် အကြည်တော်ကို တိုက်ရိုက်တဖုံ သွယ်ဝိုက်တလှည့်ဖြင့် အပျော့ဆွဲနည်းနဲ့ ဆဲကြသလို အပြင်းစားနည်းနဲ့ ဖြဲကြတဲ့ နည်းမျိုးစုံ ဝိုင်းတွယ်ထားကြသော စာတွေကို ဒီစာအုပ်ရဲ့ ရှေ့ဆုံးမှာ မြင်တွေ့ရပါလိမ့်မယ်။ 

ဘာကြောင့်များလဲလို့ မေးစရာရှိနေပါတယ်။ တကယ်တော့ ဒီစာအုပ်ဟာ ‘မိန်းမဋီကာ’ ဆိုတဲ့အတိုင်း “မိန်းမတို့အကြောင်း ဘာလဲဘယ်လဲ” ဆိုတာကို စာသံပေသံ ကျမ်းဂန်သံမပါဘဲ လက်တွေ့လောကထဲက မိန်းမတွေအကြောင်း သောင်းပြောင်းထွေလာ ထုတ်နုတ် စိစစ် တင်ပြထားလို့ပါပဲ။ 

[ မိန်းမမာယာကို သိရင် လူ့လောက စာမေးပွဲမှာ အမှတ်ကိုးဆယ်နဲ့ ဂုဏ်ထူးတန်းတက်နေပြီ။ ] [ မိန်းမတွေက သူတို့သြဇာ သက်ရောက်ဖို့ဆို လူကြားထဲ အော်ထည့် ပြောထည့်လိုက်ဖို့ကိုလည်း ဝန်မလေးပါဘူး။ ] ( အကြည်တော် ) 

စာရေးဆရာ အကြည်တော်ဟာ သူကြုံခဲ့ ဆုံခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ လေ့လာထောက်လှမ်း စူးစမ်းမိသမျှ အချက်အလက်တွေကို ပေါင်းစုပြီး မိန်းမတို့အကြောင်းကို သီအိုရီတွေထုတ်၊ ယောက်ျားထုကြီးအတွက် ရှောင်နည်းတိမ်းနည်း ဖော်မျူလာတွေကို ဖွင့်ချထားပါတယ်။ ဒီစာအုပ်ထဲမှာ -
 
-	မိန်းကလေးတွေမှာရှိတဲ့ သာမန်အားဖြင့် မမြင်နိုင်တဲ့ လျှို့ဝှုက်တိုက်ကွက်တွေကို ဆွဲထုတ်ထားတယ်။

-	မိန်းမတွေရဲ့ ဘာသာစကားနဲ့ အဓိပ္ပါယ်ကို အချက် ( ၁၂ ) ချက်နဲ့ အကျအန ရှင်းလင်းထားတယ်။

-	မိန်းမတိုင်းမှာ အများအားဖြင့် တူညီစွာ ရှိနေကြတဲ့ အမူအကျင့်တွေကို ဖော်ထုတ်ထားတယ်။

-	မိန်းမမာယာဆိုတာကို အပျင်းပြေ သင်္ချာဉာဏ်စမ်းသာသာအဖြစ် တွက်ချက်ထားတယ်။

ကဲ … ဘာလိုသေးလဲ၊ စာဖတ်ပရိသတ် … ။ 

နိုင်ငံငယ်လေးတစ်နိုင်ငံက သာမန်မိန်းကလေးတစ်ယောက်ဟာ ကမ္ဘာမှာ အထင်ရှားဆုံးဖြစ်တဲ့ စစ်တုရင်သမားနှစ်ယောက်ကို တစ်ချိန် တစ်ပြိုင်ထဲမှာ စစ်တုရင်ကစားဖို့ စိန်ခေါ်ခဲ့တယ်၊ အဲ့ဒီသတင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ စစ်တုရင်သမားတွေရဲ့ကြားမှာ တုန်လှုပ်သွားသည်အထိ ရေပန်းစားခဲ့တဲ့ ဖြစ်ရပ်၊ အဆုံးသတ်ရလဒ်ကတော့ ကြားရသူအဖို့ ပါးစပ်အဟောင်းသားဖြစ်စရာ --- ဒီလိုဒီလို ဥပမာ ဥပမေယျတွေနဲ့လည်း သာဓကဆောင်ပြီး တင်ပြထားပါသေးတယ်။ 

စာညွှန်းရဲ့ နောက်ဆုံး နိဂုံးအဖြစ် ဒီစာအုပ်ထဲမှာပါတဲ့ စာရေးသူရဲ့ ရဲရဲတောက် မိန့်ခွန်းခြွေချက်ကို ရှုစားလိုက်ရအောင် … ။ 

[ ကျွန်တော်ပြောပြတဲ့ အကြောင်းအရာတွေ ဖတ်ပြီး 
“ဟာ … ဒါတော့ ငါ့မိန်းမကို စောင်းရေးတာကွ”
“ဟင် … င့ါကောင်မလေးအတိုင်းပါပဲလား” ဆိုတာမျိုးကို ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ထိုင်ကြည့်ပြီးရေးတာ မဟုတ်ပါဘူး။ မိန်းမတွေအားလုံးကိုက ဒီအတိုင်းချည်းပါပဲ။ ] 

ကဲဗျာ … ဆရာအကြည်တော်က ဒီလောက်ညွှန်းနေမှရော့ ကျွန်တော်တို့ ဝန်ဇင်းစာချစ်သူတို့လည်း ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ရအောင်လားခင်ဗျ။ ( အမျိုးသမီးစာဖတ်ပရိသတ်လည်း ဖတ်ချင် ဖတ်ကြည့်လို့ရပါ့ဗျာ ) 
………….
ဝန်ဇင်းစာဖတ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်လေးကို စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှာ *အခမဲ့* ရယူ ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 
…….
ရသစုံဝတ္ထုစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရတဲ့အပြင် ခုလို သောကြာနေ့မျိုးမှာ စာအုပ်ကောင်းတွေကို ***အခမဲ့*** ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။





Related Posts