ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


[ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးထောင်ချခံရပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို တင်ပြထားသည့် စာအုပ်၊ ဇာဂနာ၏ ‘ပထမ’ ]

………….

ဒီနေ့ကတော့ နေ့ကောင်းလေးပဲဗျို့။ ဘယ်လိုနေ့ကောင်းလေးလဲလို့ မေးရင် စာအုပ် *အခမဲ့* ဖတ်လို့ရမယ့် နေကောင်းလေးပေါ့ခင်ဗျာ။ ဒီတစ်ပတ်အတွက် ဝန်ဇင်းရဲ့ ‘ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ’ ကဏ္ဍက ဒီနေ့မှာ ရောက်ရှိလာပြီလေ။ ဒါကြောင့် ဝန်ဇင်းမှာ စာအုပ် *အခမဲ့* ရယူ ဖတ်ရှုဖို့ မမေ့ပါနဲ့ဦး။ ဒီတစ်ပတ်အတွက် အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ - ‘ပထမ’ … ။

စာအုပ်ရဲ့ နာမည်ကတော့ ‘ပထမ’  ပဲ ဖြစ်ပါတယ်။ ရေးသူကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ( လူရွှင်တော် ဇာဂနာ ) ဦးသူရပဲ ဖြစ်ပါတယ်။ ဇာဂနာလို့ပဲ ဆိုပါတော့။ ဒီစာအုပ်ဟာ ဇာဂနာ ရဲ့ - ပထမ ပေါ့။ စာအုပ်အနေနဲ့ဆိုရင်တော့ စာရေးသူ ဇာဂနာရဲ့ ဒုတိယမြောက် ထွက်ရှိလာတဲ့စာအုပ်။ 

ဇာဂနာအကြောင်း အရင်ပြောလိုက်ရအောင် !

သူဟာ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံမှာ ပါဝင်ခဲ့မှုကြောင့် ထိန်းသိမ်းခံခဲ့ရတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး ထောင် ၅ နှစ်ချခံရ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းမှ ပါဝင်ခဲ့မှုကြောင့် အဖမ်းအဆီးခံရ။ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီရင်း ထပ်မံ အဖမ်းဆီးခံ၊ ထောင်ချခံရပြန်တယ်။ မိဘနှစ်ပါးကတော့ သူ ထောင်ကျနေစဉ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။  

ဇာဂနာ ထောင်က ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့တယ်။ ကြိမ်ဖန်များစွာ ပိတ်ပင်ခံခဲ့ရတဲ့ သူ့ရဲ့အနုပညာလုပ်ငန်းတွေကို ပြန်လည် အသက်သွင်းရင်း လူငယ်ထုအတွက် နိုင်ငံရေး အသိပညာပေး လုပ်ငန်းတွေကိုလည်း စတင်ခဲ့တယ်။ ပြီးတော့ သူ ရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကြီးရဲ့ နိုင်ငံရေး ရုပ်ပုံကားချပ်တွေကို တစ်လွှာချင်းခွာချရင်း တစ်ချိန်က စစ်အာဏာရှင်အစိုးရဲ့ လုပ်ရပ်တွေကို စာမျက်နှာပေါ်မှာ ရေးသားရင်း ပြည်သူသိအောင် တင်ပြခဲ့တယ်။ 

ဒီစာအုပ် !

အခု မိတ်ဆက်လိုက်တဲ့ စာအုပ်ကတော့ ဇာဂနာတစ်ယောက်၊ တစ်နည်းအားဖြင့် စစ်အစိုးရဲ့ မတရားဖမ်းဆီး ထောင်ချမှုကို ခံခဲ့ရသူ အနုပညာရှင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထိုအချိန် ထိုကာလမှာ ကြုံတွေ့ခဲ့ရတဲ့ ပုံရိပ်တွေပဲ ဖြစ်တယ်။ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံမှာ ပါဝင်ရင်း 

-	စစ်အစိုးရတက်လာပြီးနောက် ပထမဆုံး အဖမ်းခံရသော အနုပညာသမားများအဖြစ်၊
-	ပုဒ်မ ၁၀ ( က ) ဖြင့် ပထမဆုံး အရေးယူခံရသူများအဖြစ်၊ 
-	မီးလောင်ပြီးစ အင်းစိန်ထောင်တွင်းသို့ ပထမဆုံး အပို့ခံရသော နိုင်ငံရေးအကျဉ်းသားများအဖြစ် ဖြတ်သန်းခဲ့ရတဲ့ ဘဝဖြစ်ပုံကို ဒီစာအုပ်ထဲမှာ တင်ပြထားပါတယ်။ 

ထိုသို့ ပထမဖြစ်ခြင်းများစွာဖြင့် ဇာဂနာက ဒီစာအုပ်ကို ‘ပထမ’ လို့ အမည်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သူ့ရဲ့ ထောင်တွင်းဖြတ်သန်းမှု အခြေအနေကို ရေးသားတင်ပြထားပေမဲ့၊ ကိုယ်တိုင်ကိုက အနုပညာသမားတစ်ဦး၊ ပြည်သူ့ဘက်သား လူရွှင်တော်တစ်ယောက်လည်း ဖြစ်နေပြန်တော့ သူ့ရဲ့ အရေးအသားတွေထဲမှာ ပြက်လုံး၊ ထေ့လုံးနဲ့ လှောင်ပြုံးတွေကို မြင်တွေ့ရပါဦးမယ်။ 

စာအမြည်းအဖြစ် စာပိုဒ်အနည်းငယ် ဖော်ပြလိုက်ပါရစေ။

[ သြော် … သူတို့မျက်နှာကို မြင်သွားမှာ တော်တော်စိုးရိမ်နေရှာကြပါလား။ ကိုယ့်ကို ပြန်မမြင်နိုင်တဲ့သူ ဘာမှ ပြန်မလုပ်နိုင်တဲ့သူတစ်ဦးကိုမှ ဝိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့သတ္တိ မဟုတ်ပါလားလို့ တွေးမိပြီး အနှီပုဂ္ဂိုလ်များကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေရပါတော့သည်။ ] 

“ ခင်ဗျားကလည်း ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မခြွင်းမချန် ပြောစေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေ ရှိပါတယ်။ ကျွန်တော်ကတော့ မလုပ်ပါဘူး။ ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ်”

[ ကျွန်တော့်နားထဲမှာတော့ “တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးပါမယ်၊ တပ်မတော်သားတွေ မိဘပြည်သူတွေနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ်၊ ယဉ်ယဉ်ကျေးကျေး ရှိရမယ်” ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိ … ] 

ကဲ … ဇာဂနာတစ်ယောက်ရဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရမှုက ဘယ်လိုဖြစ်မလဲ၊ အတိတ်သမိုင်းမှာ ဘယ်လိုပုံရိပ်တွေကို မြင်တွေ့ရမလဲ စသဖြင့် သိရှိရအောင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး၊ ဒီစာအုပ်ကို ဝန်ဇင်းမှာသာ *အခမဲ့* ရယူ ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

………….

ဇာဂနာရေးသားသော စာအုပ်များအပြင် အခြား သုတ၊ရသ၊ ဘာသာပြန် စာအုပ်မျိုးစုံကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရတဲ့အပြင် ခုလို အစီအစဉ်ကောင်းတွေကို တင်ဆက်ပေးနေတာမို့ Wun Zinn Page ကိုလည်း နေ့စဉ် ဝင်ရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့ဦး။ Win Zinn app ထဲမှာဆိုရင်လည်း ဘာလာလာ အခမဲ့ ဖတ်ရှုလို့ရမယ့် ‘Digest’ ကဏ္ဍကိုလည်း ဝင်ရောက် ဖတ်ရှုဖို့ မမေ့ပါနဲ့ဦးလို့ ပြောလိုက်ပါရစေခင်ဗျ။ 

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။






Related Posts