ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ဟိုင်း … ငါပါ … အိုင်အိုဒင်းကိုကိုကြီးလေ၊ ဝန်ဇင်းမှာ အခမဲ့ဖတ်လို့ရနေပြီသလား ... အာ့လာပြောတာ????”

စာချစ်သူတို့ မင်္ဂလာပါနော် … 

ဒီနေ့ကတော့ ဝန်ဇင်းရဲ့ လူကြိုက်အများဆုံး အစီအစဉ်ဖြစ်တဲ့ ‘ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ’ ကဏ္ဍ ရောက်လာပြီပေါ့။ ဒီတစ်ပတ်အတွက် ဝန်ဇင်းမှာ **အခမဲ့** ဖတ်လို့ရမယ့် စာအုပ်ကတော့ ဆရာအကြည်တော်ရဲ့ ဟာသဝတ္ထုပဲဗျ။ တော်တော်ရယ်ရတယ်။ စာချစ်သူတို့လည်း သိမှာပါ၊ အိုင်အိုဒင်းကိုကိုကြီးလေ ဟဲဟဲ .. ။

????  စာအုပ်အမည် - အိုင်အိုဒင်းကိုကိုကြီးနှင့် စွန်တန်ဘုရင်၏ ရတနာသိုက်
✍ စာရေးဆရာ - အကြည်တော် 
ဖတ်ညွှန်းတို - အိုင်အိုဒင်းကိုကိုကြီးကို သိတယ်မလား၊ မြန်မာပြည်ရဲ့ အကျော်ကြားဆုံး ကမ္ဘာသိ အလွတ်စုံထောက်ကြီးလေ။ အင်အင်းပါရင်း ထိုင်ရာမထိ အီးတုတ်တစ်ချောင်းထဲနဲ့ ဓားပြလူဆိုးတစ်ယောက်ကို ဖမ်းလိုက်တဲ့ တကယ့် စုံထောက်ပညာ ပါရမီရှင် ပုဂ္ဂိုလ်ကြီးပေါ့ဗျာ။ သိပ်ကိုပင်ပန်း သိပ်ကိုခေါင်းစားပြီး ကျားကုတ်ကျားခဲ လိုက်ခဲ့ရတဲ့ အမှုကြီးပေါ့။ ဒီအမှုကြောင့်ပဲ အိုင်အိုဒင်းကိုကိုကြီးတစ်ယောက် နာမည်ကြီးလာတယ် ဆိုပါတော့။ 

အဲ့ဒါနဲ့ နောက်ပိုင်း အမှုတွေမှာ ဘယ်လို ဆက်ရှင်းမလဲ ? တော်တော်ကြီးကို လွဲပါပေတယ်လို့ သြချယူရမယ့် နာမည်ကျော်စုံထောက်ကြီးရဲ့ ခြေလှမ်းတွေက ဘာတွေဖြစ်မလဲ ? စွန်တန်ဘုရင်ရဲ့ ရတနာသိုက်ကြီးဆိုတာကရော ? စာဖတ်သူရော တခွိခွိနဲ့ ဘယ်လိုတွေ ရယ်ရမလဲဆိုတာ သိချင်တယ် ဆိုရင်တော့ ….

။	။ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဒီစာအုပ်ကို *အခမဲ့* ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

စာချစ်သူများကို အမြဲ ချစ်ခင်လျက် … ဝန်ဇင်း … ။ 
	


Related Posts