ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


[ ကမ္ဘာကျော် စာရေးဆရာကြီးများရဲ့ လက်ရာတွေကိုပါ မြည်းစမ်းခွင့်ရမယ့် ကမ္ဘာ့ သရဲ တစ္ဆေ ဝတ္ထုတိုများ ]

………….

ဝန်ဇင်းရဲ့ ‘ရုံးပိတ်ရက်မှာ အခမဲ့ ဖတ်စရာ’ အစီအစဉ်လေးကတော့ ဒီနေ့၊ မင်္ဂလာရှိတဲ့ သောကြာနေ့လေးမှာ ရောက်ရှိလာပါပြီ။ ဒီတစ်ပတ်အတွက် ဝန်ဇင်းစာချစ်သူများအနေနဲ့ *အခမဲ့* ရယူ ဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ လူငယ် စာရေးဆရာ မင်းခိုက်စိုးစန်ရဲ့ ဘာသာပြန် ဝတ္ထုတို လက်ရာများပဲ ဖြစ်ပါတယ်ခင်ဗျ။ ဝတ္ထုတိုဆိုလို့ အလွမ်းအဆွေး ဒရမ်မာတွေလားလို့ မထင်လိုက်ပါနဲ့ဦး။ စာချစ်သူတို့ ကြိုက်နှစ်သက်မယ့် ကမ္ဘာ့သရဲတစ္ဆေဝတ္ထုတိုများကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ … စာချစ်သူများအတွက် ဒီစာအုပ်ရဲ့ ဖတ်ညွှန်းလေးကို ခုလို မျှဝေလိုက်ပါရစေ။ 

စာအုပ်အမည် >>> ကမ္ဘာ့သရဲတစ္ဆေဝတ္ထုတိုများ

ဘာသာပြန်သူ >>> မင်းခိုက်စိုးစန်

ဖတ်ညွှန်း - မြန်မာစာဖတ် ပရိသတ်အနေနဲ့ ‘ခွေးအူသံ’ ပါနေကြ သရဲတစ္ဆေ ဝတ္ထုတိုတွေကို ဖတ်ရှုရတာ ပျင်းရိ ငြီးငွေ့နေပြီဆိုရင်တော့ ဝန်ဇင်းကနေ ဒီနေ့ တင်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ ဦးစွာ တိုက်တွန်းလိုက်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်စာရေးဆရာ ( ကို ) မင်းခိုက်စိုးစန်ရဲ့ ဒီဝတ္ထုတွေဟာ ဘာသာပြန်တွေ ဖြစ်တဲ့အပြင် စာဖတ်ပရိသတ်အနေနဲ့ ကမ္ဘာကျော် စာရေးဆရာကြီးတွေရဲ့ ဝတ္ထုတို အရေးအသားနဲ့ ဇာတ်ကြောင်း တင်ပြမှု ပုံစံတွေကိုပါ လေ့လာအတုယူလို့ ရမှာပဲ ဖြစ်ပါတယ်။ 

စာဖတ်ပရိသတ် အတော်များများကတော့ သရဲတစ္ဆေ ဝတ္ထုဆိုရင် မြန်မာစာရေးဆရာတွေရဲ့ ဝတ္ထုတွေကို အဖတ်များမိလိမ့်မယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ဝတ္ထုတို လောကမှာလည်း ထိတ်လန့် တုန်လှုပ်ဖို့ကောင်းတဲ့၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လက်ရာမြောက် ခြောက်ခြားဖွယ် သရဲတစ္ဆေဝတ္ထုတိုတွေ ရှိနေပါတယ်။ အခုဆိုရင်တော့ မင်းခိုက်စိုးစန်က ဒီလက်ရာတွေကို စာဖတ်သူဆီ တင်ပြလိုက်ပါပြီ။ ဝန်ဇင်းစာချစ်သူကြီး ဖတ်ရှုခံစားကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

စာအုပ်ထဲမှာ ပထမဆုံး ဖတ်ရှုရမယ့် ဝတ္ထုတိုက 

၁။ အင်္ဂလိပ် ဝတ္ထုရေးဆရာ ဂရေဟမ်ဂရင်းနီးရဲ့ ‘A little place off the Edgware Road’ ဆိုတဲ့ ဝတ္ထု၊ ဒီဝတ္ထုကို ၂၀၁၃ ခုနှစ်မှာ ရုပ်ရှင်လည်း ရိုက်ခဲ့ဖူးတယ်။ ဘာသာပြန်သူကတော့ ‘ရုပ်ရှင်’ အဖြစ် ပြန်ဆိုထားပါတယ်။ လူသေတွေနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အိပ်မက်တစ်ခုကို ခဏခဏ မြင်မက်နေတဲ့ လူတစ်ယောက်၊ သူ့ကိုယ်သူ လူကောင်းလား၊ အရူးလားလို့ မကြာခဏ ပြန်မေးနေရတဲ့ သူဟာ တစ်ရက်မှာတော့ ပြဇာတ်တစ်ခု သွားကြည့်ရာကနေ သေခြင်းတရားနဲ့ ပတ်သက်တဲ့ ကိစ္စကြီးတစ်ခုက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ သူ သေသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝတ္ထုကို ဖတ်နေတဲ့ စာဖတ်သူရဲ့ စိတ်ဟာ ခဏတဖြုတ်လောက် သေဆုံးသွားနိုင်ပါတယ်။ 

၂။ နောက်တစ်ပုဒ်ကတော့ ဝတ္ထုရှည်နဲ့ ဝတ္ထုတို စာရေးဆရာမကြီး အယ်လိဇဘတ်သ်ဘိုဝင် ( Elizabeth Bowen ) ရဲ့ ဝတ္ထုလက်ရာတစ်ပုဒ်ဖြစ်တဲ့ ‘The Demon Lover’ - မင်းခိုက်စိုးစံကတော့ ‘ချစ်သူတစ္ဆေ’ အဖြစ် ဘာသာပြန်ဆိုပြီး ဝတ္ထုတိုထဲက စိတ်တုန်လှုပ်ဖွယ်ရာဖြစ်တဲ့ ခံစားမှုမျိုးကို စာဖတ်သူရင်ထဲ အရောက်ပို့ပေးခဲ့တယ်။ ‘The Demon Lover’ ကတော့ စိတ္တဇဒရမ်မာလို့ ဆိုချင် ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ စာဖတ်သူအတွက် ပဟေဠိတွေ ထားရစ်ခဲ့နိုင်တဲ့ ဝတ္ထုတို တစ်ပုဒ်ပါပဲ။ 

၃။ နောက်ထပ် မြင်တွေ့ရမယ့် လက်ရာတွေကတော့ ကမ္ဘာကျော် စာရေးဆရာတွေရဲ့ လက်ရာတွေပေါ့။ ကိုယ့်ကိုယ်ကို ရေထဲဆင်းပြီး အဆုံးစီရင်သွားခဲ့တဲ့ ကမ္ဘာကျော် အမေရိကန်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ( Virginia Woolf ) ရဲ့ ‘A Haunted House and Other Short Stories’ ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထဲကနေ Chapter တစ်ခုဖြစ်တဲ့ ‘A Haunted House’ ကို ဘာသာပြန်ထားတဲ့ လက်ရာ။ ပင်ကို အတွေးအခေါ်ကိုယ်၌က အများနဲ့ မတူညီတဲ့ ဖောက်ထွက်အတွေးအခေါ်ပိုင်ရှင် တစ်ယောက်ဖြစ်နေတဲ့အပြင် ဗာဂျီးနီးယားဝုဖ်ရဲ့ အရေးအသား လက်ရာတွေမှာလည်း သူမရဲ့ ဆန်းသစ်တဲ့  အတွေးအခေါ်တွေ ထင်ဟပ်နေတာကို တွေ့ရလိမ့်မယ်။

ပြီးတော့ အင်္ဂလိပ်လူမျိုး ကမ္ဘာ့ဂန္ထဝင် ဝတ္ထုရေးဆရာကြီး ချားလ်စ်ဒစ်ကင်း ( Charles Dickens ) ရဲ့  ‘Signal Man’ ကို ‘သင်္ကေတများနှင့် လူ’ အဖြစ်၊ ဂျိုက်စ်ကာရိုးလ်အုတ် (Joyce Carol Oates ) - သူ့ရဲ့ ‘The Others’ ဆိုတဲ့ ဝတ္ထုတိုကို ‘အရင်းနှီးဆုံးသူစိမ်းများ’ အဖြစ် မြန်မာပြန်ဆိုထားတဲ့ ဝတ္ထုတိုတွေက စာဖတ်သူရဲ့ စိတ်ကို အနည်းဆုံးတော့ အဖြေရခက်တဲ့ မေးခွန်းတွေ၊ ပဟေဠိတွေအပြင် ခြောက်ခြောက်ခြားခြား ခံစားမှုမျိုး၊ အတွေးမျိုးကိုပါ ရရှိသွားစေမှာ ဖြစ်ပါတယ်။ 

နောက်ထပ် ဝတ္ထုတွေ ကျန်ပါသေးတယ်။

-	‘နောက်ယောင်ခံလိုက်သူများ’ [ The Followers by Dylan Thomas ] 
-	‘ငွေညှစ်သမား’ [ The Blackmailer by Algernon Blackwood ] 
-	‘ခေါ်သံ’ [ The Call by Robert Westall ]
-	‘ည နှင့် လူ’ [ Night – Fear by L.P Hartley ]  
-	‘ကတ္တီပါလည်စီးနှင့် မိန်းမပျို’ [ The Lady with velvet collar by Washington Irving ]
-	‘စိတ်တစ္ဆေ’ [ Blind Man’s Buff by H-Russell Wakefield ] 

ဒါကြောင့် မြန်မာသရဲတစ္ဆေဝတ္ထုတွေကို ဖတ်ရပျင်းနေပြီဆိုရင် မင်းခိုက်စိုးစန်ရဲ့ မြန်မာပြန်လက်ရာနဲ့အတူ ကမ္ဘာကျော် စာရေးဆရာတွေရဲ့ စိတ်ခြောက်ခြားဖို့ကောင်းတဲ့ ဝတ္ထုတိုလက်ရာတွေကို ဖတ်ရှုခံစားကြည့်ပါဦးလို့ ပြောကြားလိုက်ပါရစေ။ 

ကဲ … ဝန်ဇင်းစာချစ်သူများလည်း ဖတ်ညွှန်းလေးကို ဖတ်ပြီးပြီဆိုရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ အခု မိတ်ဆက်လိုက်တဲ့ ‘ကမ္ဘာ့ သရဲတစ္ဆေ ဝတ္ထုတိုများ’ စာအုပ်ကို ဝန်ဇင်းမှာသာ အခုပဲ *အခမဲ့* ရယူ ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 

အခြား စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ၏ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( သို့မဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်၍ နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 

…………

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

…………

“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို *အခမဲ့* ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”

……

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts