ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“လူငယ်တွေရင်ဘတ်ထဲ ကျန်ခဲ့မယ့် ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ်”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူတွေအနေနဲ့ လာမယ့် စနေ၊ တနင်္ဂနွေ၊ အားလပ်ရက်၊ ရုံးပိတ်ရက်တွေရောက်တဲ့အခါ အိမ်မှာ အေးအေးဆေးဆေး အခန်းအောင်းရင်း စာဖတ်နိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းကနေ သောကြာနေ့ရောက်တိုင်း စာအုပ် ***အခမဲ့*** ဖတ်ရှုနိုင်ဖို့ ဝန်ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျ။ ဒီနေ့မှာလည်း စာချစ်သူတွေ အားလပ်ရက်မှာ ***အခမဲ့*** ဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ ဝန်ဇင်းကနေ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီစာအုပ်ကတော့ စာရေးဆရာ ဝေမှူးသွင် ရဲ့ “တယော” ဆိုတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်။ 

ဒီ “တယော” ဆိုတဲ့ ဝတ္ထုဇာတ်လမ်းလေးကို ဖတ်ရှုပြီးတဲ့အခါမှာ စာချစ်သူတို့ရဲ့ ရင်ထဲ ချစ်စရာကောင်းပြီး ကြည်နူးချမ်းမြေ့ဖွယ်ရာ ခံစားချက်မျိုး ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဝတ္ထုကတော့ လူငယ်နှစ်ယောက်ကြားက အချစ်မေတ္တာ ဇာတ်လမ်းကိုပဲ ရေးဖွဲ့ထားတာပါ။ စကားလုံးတွေကိုဖြတ်ပြီး ဇာတ်ကောင်တွေကို သရုပ်ဖော်ရေးသားမှုက အသက်ပါလွန်းတာကို ဖတ်ရှုမိတဲ့အခါ ဝတ္ထုထဲက “တယော” ဆိုတဲ့ ကောင်မလေးကို အပြင်မှာ ရှာကြည့်ချင်သလို မိန်းကလေး စာချစ်သူတွေကလည်း “တယော” ဇာတ်ကောင် ကောင်မလေးနဲ့ ထပ်တူပြုပြီး ဝင်ရောက်ခံစားမိသွားပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် သတိမထားမိခင်မှာပဲ စာဖတ်သူဟာ ဒီဇာတ်လမ်းထဲမှာ မျောပါနေပြီး ဝတ္ထုဆုံးတဲ့အထိ တစ်ထိုင်တည်း ဖတ်ရှုဖြစ်သွားမှာပါ။ 

“အကယ်၍များ သင်တို့ ပတ်ဝန်းကျင်မှာ စကားပြောလျှင် တယောထိုးသလို ချွဲချွဲအီအီနှင့် အသံကို ခပ်ဆွဲဆွဲလေး ပြောတတ်သော ကောင်မလေးတစ်ယောက် ရှိနေခဲ့ပါက ဒီဝတ္ထုကို လုံးဝဖတ်စရာမလိုကြောင်း အသိပေးလိုက်ရပါသည်” ဆိုပြီး ဝတ္ထုရဲ့အဆုံးမှာ စာရေးသူပြောထားတဲ့ သတိပေးချက်ဆန်ဆန် စာသားလေးရဲ့ ဆိုလိုရင်းက … ဒီဝတ္ထုဖတ်ပြီးသွားတဲ့အခါ ယောက်ျားလေး စာဖတ်သူတွေကို ရည်ညွှန်းပြောဆိုလိုက်သလိုပါပဲ၊ ဝတ္ထုထဲက ‘တယော’ ဆိုတဲ့ကောင်မလေးကို ပြင်ပကမ္ဘာမှာ ရှာဖွေမိတဲ့အထိ စွဲလန်းမိသွားမှာစိုးလို့ ထင်ပါတယ်။ 
……
ဖခင်ရဲ့ လက်ငုပ်လက်ရင်းအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တဲ့ လူငယ်ဖြစ်သူ ‘ဟန်ထွန်း’ မှာ ‘မင်းထွန်း’ ဆိုတဲ့ အကိုတစ်ယောက် ရှိခဲ့တာပေါ့။ ရှိခဲ့တယ်လို့ သုံးလိုက်ရခြင်းကတော့ သူ့အကိုနဲ့ ပြန်ဆုံစည်းပြီး တစ်နှစ်အကြာမှာပဲ ကားမတော်တဆမှုနဲ့ အကိုဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ပါ။ တကယ်တော့ ဟန်ထွန်းရဲ့ မိသားစု အတိတ်ပုံရိပ်ဟာ အက်ရာတွေနဲ့ ကြေကွဲစရာတွေ၊ သုံးနှစ်သားအရွယ်မှာ ဖေဖေနဲ့မေမေဟာ စိတ်သဘောထား မတိုက်ဆိုင်လို့ တရားဝင်ကွာရှင်းပြီး ညီအကိုနှစ်ယောက်လည်း တစ်ဖက်စီ ကွဲကွာခဲ့တယ်။ အမေဖြစ်သူ ကွယ်လွန်သွားလို့ အဖေ့ဆီ ပြန်ရောက်မှ ချစ်ရတဲ့ အကိုနဲ့ ပြန်ဆုံစည်းခဲ့တာပဲ ဖြစ်ပြီး မကြာခင်မှာပဲ အကိုဖြစ်သူ ခွဲခွာသွားတဲ့အခါ ဟန်ထွန်းရဲ့ ကမ္ဘာဟာ နွေးထွေးစိုပြေမှုတို့နဲ့ ကင်းကွာနေခဲ့တယ်။ 

[ “ငါ စောင့်နေတဲ့ဖုန်းက နင့်ဖုန်းလေ တယောရဲ့”
“ဘာ … ဘယ်လို …”
“ငါ နင့်ဖုန်းကို စောင့်နေတာလို့ ပြောလိုက်တာလေ …”
“မဟုတ်ပါဘူး၊ အဲ့ဒါကို ငါကြားပါတယ်။ ငါမေးတာက နင် စောစောတုန်းက ငါ့ကို ဘယ်လိုခေါ်လိုက်တယ် .. တယောဆိုလားပဲ”
ဒီတော့မှ သူ လွှတ်ခနဲခေါ်လိုက်မိတာကို ဟန်ထွန်း ပြန်အမှတ်ရသွား၏။ ဘာတတ်နိုင်တော့မှာလဲ။ အခုမှတော့ ဝန်ခံလိုက်ရုံပဲ ရှိတော့တာပေါ့။ “ဟုတ်တယ်၊ ငါနင့်ကို တယောလို့ ခေါ်လိုက်တာလေ”
သူ့စကားကြောင့် တစ်ဖက်မှ အံ့သြသွားကာ ဝမ်းသာသွားပုံရ၏။
“တယော … ဟုတ်လား” 
“အေးလေ .. တယော …”
“နင်က ငါ့ကို ဘာအဓိပ္ပါယ်နဲ့ အဲဒီလိုခေါ်တာလဲဟင် … ဟန်ထွန်း”
“ဒီလိုဟာ … နင့်အသံလေးကို ငါဖုန်းထဲမှာ ပထမဆုံး ကြားလိုက်ကတည်းက တယောထိုးသံလေးလိုပဲ ခံစားလိုက်ရတာ … ချွဲချွဲအီအီလေးဆိုတော့လေ၊ နင့်အသံက တယောထိုးသံဆိုတော့ နင်က တယောပေါ့ဟ၊ မဟုတ်ဘူးလား”
“သြော် … အဲ့ဒီလိုလား၊ နင်က ငါ့ကို တစ်ခါမှမမြင်ဖူးဘဲနဲ့ အမှတ်တွေ စွတ်ပေးနေတာပေါ့လေ” ]

အကိုဖြစ်သူ ကွယ်လွန်ပြီးရက်ပိုင်းမှာပဲ သူ့အကိုဖုန်းကို ဆက်ကိုင်ထားတဲ့ ဟန်ထွန်းဆီကို “ဗလာ message” တစ်ခု ဝင်လာခဲ့တယ်။ အဲ့ဒီ ဗလာ message ရဲ့ နောက်ကွယ်က ဖုန်းပိုင်ရှင်ကောင်မလေးကတော့ ဟန်ထွန်း သတ်မှတ်လိုက်တဲ့ “တယော” ။ သူမဟာ နောက်အိမ်ထောင်ထူထောင်ထားတဲ့ ဖခင်မေတ္တာကို အပြည့်အဝမရသူ၊ မိတဆိုးမလေး တယောဟာ နှလုံးအားနည်းရောဂါရှိပြီး ကျန်းမာရေးချူချာလို့ တက္ကသိုလ် ပထမနှစ်မှာတင် ကျောင်းထွက်ခဲ့ရသူ တယောဟာ တကယ်တော့ ဂရိုစိုက်မှုနဲ့ မေတ္တာတရားကို လိုအပ်နေတဲ့ ချစ်စရာကောင်မလေးတစ်ယောက်။ 

သူမနဲ့ ဟန်ထွန်းတို့ကြားက ဖြစ်ပေါ်လာတဲ့ ဆက်နွယ်မှုဟာ ကွယ်လွန်သူ ‘မင်းထွန်း’ နဲ့ တိုက်ရိုက် ပတ်သက်နေတာပဲ ဖြစ်ပါတယ်။ ဒီလို အကို့ကြောင့် သိရတဲ့ ကောင်မလေးကို သူ့ကိုယ်ပိုင် နှလုံးသားနယ်မြေထဲကနေ လက်ဆွဲနှုတ်ဆက်ချင်သူ “ဟန်ထွန်း” နဲ့ ‘မင်းထွန်း’ ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးဘဲ ဖုန်းထဲကနေသာ သိခွင့်ရခဲ့တဲ့ “တယော” တို့နှစ်ယောက်ကြားမှာ ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် အဖြစ်အပျက်မျိုးတွေ၊ ဘယ်လိုမျိုး ချစ်စရာကောင်းတဲ့ အကြောင်းလေးတွေ ပေါ်ပေါက်လာမလဲဆိုတာတော့ ……

ကဲ … ခုမိတ်ဆက်လိုက်တဲ့ စာအုပ်လေးကို ခုပဲ ဝန်ဇင်းမှာ ***အခမဲ့*** ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေအသိပေးလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

“ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုပါက Like နဲ့ Share လုပ်ပေးခဲ့ဖို့ မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် .....။

Related Posts