ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေအတွက် ရုံးပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူရင်း ***အခမဲ့*** ဖတ်ရှုဖို့ မိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ စာရေးဆရာ အကြည်တော်ရဲ့ “မိချော” ဆိုတဲ့ စာအုပ်ပါပဲခင်ဗျ။ အကြည်တော် လို့ အသံကြားလိုက်တာနဲ့ စာချစ်တို့ ပြုံးနေပြီထင်ရဲ့။ ဟုတ်ပါတယ်ဗျာ .. ဒီစာအုပ်ကတော့ ပြုံးရုံတင်မက ဝါးလုံးကွဲအောင် ရယ်ရမယ့် ဆရာအကြည်တော်ရဲ့ ဟာသများစွာထဲက ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ။ မိချောဆိုလို့ “မိချောရေ .. မုန့်လုံး” လို့ ရွှေဉာဏ်တော် အထင်တော်မပေါက်ပါနဲ့ဦးနော့။ ဝတ္ထုရဲ့ အစမှာ ရပ်ကွက်ကလေး အဆင့်ကနေ မြို့ကြီးတွေအထိ ရွှေနားတော် ပေါက်ရောက်ကျော်ကြားတဲ့ လက်သမားဆရာကြီး ‘ဖိုးထင်’ ရဲ့ အကြောင်းကနေ အစချီထားတယ်။ သူက ဒီလို …. 

“အိမ်ကောင်းနဲ့ နေချင်သပဆို ဖိုးထင်လက်သာအပ်ဟေ့”
“ဖိုးထက်ဆောက်တဲ့ အိမ်က ဖိုးထင်ထက် အသက်ရှည်မကွ”
“ပင်လယ်ရေတောင်မှ ခပ်ကြည့်ရင် ဖိုးထင်လောက် စရွေးကိုက်မယ် မထင်ပေါင်ဗျာ”
“လူအထင်ကြီးစေချင်ရင် လွယ်လွယ်လေး၊ ဖိုးထင်ဆောက်တဲ့အိမ်က ဆင်းလာရုံ” … သို့ကလို အရည်အချင်းနဲ့ ပြည့်စုံသူ ဖိုးထင်ကို ဖြုတ်လောက်မျှ အထင်တော်မကြီးတာကတော့ ‘ရာသီဥတုနဲ့မိန်းမ’ ရယ်လို ဝတ္ထုထဲ ဖတ်ရသဗျ။ အထင်မကြီးဆို ဖိုးထင်က မိန်းမကို ချစ်ကြောက်သူကိုး ..

[ “မိုးကြီးလေကြီးကျတော့မယ်၊ တော်ကြီးက ခုချိန်ထိ အိမ်ကသိုဏ်းရှူနေတုန်းလား”
“အေးဟ…ငါလည်း ရှိတဲ့ဝါးနဲ့ ဘယ်နားထောက်ရမှန်းမသိလို့ဟ၊ ဘီလူးစွယ်မမီ၊ ခေါင်ရိုးမမီဖြစ်နေလို့”
“တော်ကြီးဟာလေ..ခုချိန်ထိ မမီတာတွေးတုန်း၊ ရှိတဲ့ဝါး နှစ်ပိုင်းဖြတ်ပြီး အိမ်ခြေဆင့်တန်း နှစ်တန်း ခံလိုက်ရောပေါ့”
“ဟေ..ဒီလိုလား” ဘွားချောပြောမှ ကိုဖိုးထင်က “ဒီလိုတော့လည်း အလွယ်သား” ဟု တွေးရင်း … ] ဟဲ…ဟဲ…
“မိချော” ဝတ္ထုထဲက ဖိုးထင်တို့လင်မယားနဲ့ အပေါင်းအပါတွေက စာချစ်သူကြီးရဲ့ စိတ်နှလုံးကို အရယ်အပြုံးတွေနဲ့ ရွှင်လန်းသွားအောင် ဘယ်လိုတွေ အသုံးတော်ခံ၊ ဖျော်ဖြေသွားမလဲ သိချင်တယ်။ ရုံးပိတ်ရက်မှာ ရုံးအလုပ်တွေ၊ စာလုပ်ရမှာတွေကြောင့် စိတ်ဖိစီးရဲ့ဝေးရာကို ခဏငယ်လေးဖြစ်ဖြစ် ပြေးထွက်သွားလိုတယ်ဆိုရင်တော့ဖြင့် အခု မိတ်ဆက်လိုက်တဲ့စာအုပ်ကို ဝန်ဇင်းမှာ ခုပဲ  ***အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လားဗျာ … ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ...
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ......

Related Posts