ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ဖြစ်ရပ်မှန်များကို အခြေခံထားသော တြိစက္ကရဲ့ ဂမ္ဘီရလုံးချင်းဆန်းကြယ်ဝတ္ထု - လူသေရွာ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

စနေ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ဘာစာအုပ်တွေများ ဖတ်ရှုဖို့ စီစဉ်ထားလဲခင်ဗျ။ မစီစဉ်ရသေးဘူးဆိုရင် ခုမိတ်ဆက်မယ့် စာအုပ်လေးကို ဖတ်ရှုဖို့ စဉ်းစားလိုက်ပါတော့။ **အခမဲ့** ဖတ်ရှုရမှာဖြစ်လို့ လက်မနှေးဘဲ ဝန်ဇင်းမှာ ဖတ်ရှုလိုက်ဖို့ မမေ့ပါနဲ့။ အဲ့ဒီစာအုပ်ကတော့ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရဇာတ်လမ်းများကို ရေးသားလေ့ရှိသူ စာရေးဆရာ တြိစက္ကရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ “လူသေရွာ” ပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ဝန်ဇင်းမှ အပတ်စဉ် တင်ဆက်နေကြဖြစ်တဲ့ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” ဝန်ဆောင်မှုလေးပဲ ဖြစ်ပါတယ်ခင်ဗျ။

“လူသေရွာ” ဆိုတာ စာရေးသူရဲ့ စိတ်ကူးယဉ်ဖန်တီးထားတဲ့ နာမည်တစ်ခု မဟုတ်ပါဘူး။ ဒီဝေါဟာရက ချင်းလူမျိုးတို့ သုံးစွဲတဲ့ အသုံးအနှုန်းတစ်ခုပဲဖြစ်ပြီး ၄င်းတို့ရဲ့ ဘာသာယုံကြည်စွဲလန်းမှုအကြောင်းတွေကို ရေးသားဖော်ပြမှာဖြစ်လို့ စာအုပ်အမည် သတ်မှတ်လိုက်တာလို့ စာရေးဆရာက ဆိုပါတယ်။ ရိုးရာဓလေ့တွေအရ “လူသေရွာ” ဟာ တကယ်ရှိတယ်လို့ ယူဆရပြီး သက်ရှိထင်ရှား ရှိစဉ်ကလို ပုံမှန်အတိုင်း လှုပ်ရှားသွားလာ နေထိုင်ကြတဲ့ တမလွန်နောက်ကွယ်က လောကတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ထူးခြားချက်တစ်ခုကတော့ “လူသေရွာ” နဲ့ ပတ်သက်တဲ့ လမ်းညွှန်မြေပုံများ၊ မှတ်တမ်းများပင် ရှိနေပြီး သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ တိုင်းရင်းသားလူမျိုးတို့ရဲ့ ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ နည်းလမ်းများကို ဒီစာအုပ်ထဲမှာ ဖတ်ရှုရတာပဲ ဖြစ်ပါတယ်။ မှတ်တမ်းစာအုပ်များနှင့် ဖြစ်ရပ်မှန်ပြောဆိုချက်များကို အခြေခံပြီး ဖော်ထုတ်ထားတာမို့ စာဖတ်သူရဲ့ စူးစမ်းသိလိုစိတ်ကို နှိုးဆွပေးနိုင်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ 

“လူသေရွာ” အကြောင်းကို စာအုပ်ရှေ့ဆုံးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပြီး၊ နောက်ဆက်တွဲအဖြစ်နဲ့ လူသေရွာကို ရောက်ခဲ့ဖူးတဲ့ “သေရွာပြန်” များအကြောင်း၊ ဒါ့အပြင် မျက်မှောက်ခေတ် လူဝင်စားများနှင့်ပတ်သက်သည့် အယူအဆများနှင့် အတော်ပင် ဆင်တူနေသော တိုင်းရင်းသားတို့ရဲ့ ထူးခြားဆန်းပြား ဓလေ့ထုံးစံများ၊ ရှင်လူနှင့် သေလူတို့ လမ်းခွဲကြတဲ့ နယ်နိမိတ်တောင်၊ ဂျပန်တို့ မြန်မာပြည်ဝင်ရောက် ရွာလုံးကျွတ် မွှေနှောက်ဖျက်ဆီးမှုကို ခံရသော ဒေသများစွာအနက် နာမည်ကြီးတစ်ခုဖြစ်သော ရွှေဘိုနယ်တွင်း ပါဝင်တဲ့ “ကျွန်းတောရွာ” အကြောင်း တဖြည်းဖြည်း ရုပ်လုံးဖော်ရင်း ကျတ်ကုန်းသို့ ရောက်ရှိခဲ့သူနှင့် ပရလောကသားတို့ ရန်ငြိုးခံရသူများ ………….

သေပြီးသူတို့ရဲ့ ဝိညာဉ်များနှင့် တွေ့ဆုံနိုင်ပုံ
အိပ်မက်ဖြင့် တမလွန်မှ မိမိ၏ ဆွေမျိုး၊ သူငယ်ချင်းများကို ဆက်သွယ်နိုင်ခြင်း …………

စတဲ့စတဲ့ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို မပြတ်ဆွဲဆောင်ထားမယ့် ဒီစာအုပ်ဟာ အချက်အလက်ဆန်တဲ့ ဖြစ်ရပ်မှန်များကို အခြေတည်ပြီး ဝတ္ထုဇာတ်လမ်းဆီကို တဖြည်းဖြည်း ပုံပြောင်းသွားတာဖြစ်လို့ ၊ စာရေးဆရာ တြိစက္ကရဲ့ စာဖတ်ပရိသတ်တွေအဖို့ သိပ်ကို နှစ်ခြိုက်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ 

အခုစာညွှန်းပေးထားတဲ့ အချက်အလက်တွေဟာ အမြည်းအစမ်းအနေဖြင့် အနည်းငယ်မျှသာဖြစ်ပြီး စာအုပ်ထဲမှာတော့ အခြား စိတ်ဝင်စားဖွယ် အကြောင်းအရာ အဖြစ်အပျက် အတော်များများကို ဖတ်ရှုရဦးမှာပါ။ 

ကဲ … ဒီတော့ဗျာ၊ ချင်းအပါအဝင် တိုင်းရင်းသားလူမျိုးတွေရဲ့ တမလွန်နဲ့ပတ်သက်ပြီး ယုံကြည်မှု ဓလေ့ထုံးစံတွေ၊ ဖြစ်ရပ်မှန်အထောက်အထားတွေနဲ့ ပေါင်းစပ်ထားတဲ့ ဂမ္ဘီရဇာတ်လမ်းမျိုးတွေကို ဖတ်ရှုချင်တယ်၊ စာဖတ်သူဟာ “သေပြီးနောက်ဘဝ” အကြောင်း စိတ်ဝင်တစားနဲ့ ကျတ်ရွာအကြောင်း စူးစမ်းလိုတယ်ဆိုရင် ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဝန်ဇင်းမှာ **အခမဲ့** ရယူ ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ 
…….
ရသစုံဝတ္ထုစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရတဲ့အပြင် ခုလို သောကြာနေ့မျိုးမှာ စာအုပ်ကောင်းတွေကို ***အခမဲ့*** ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
……
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts