ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ခဏလေးဖြစ်ဖြစ် မျက်စိမခွာမိအောင်ပင် ဆွဲဆောင်မှုအားကောင်းသော ဝတ္ထုတစ်အုပ်”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့၊ သောကြာနေ့မှာဆိုရင်တော့ ဝန်ဇင်းစာချစ်သူပရိသတ်ကြီး စောင့်ဆိုင်းနေကြတဲ့ ကျွန်တော်တို့ ဝန်ဇင်းရဲ့ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” အစီအစဉ်လေး ကျရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် *အခမဲ့* ရယူဖတ်ရှုနိုင်မယ့် စာအုပ်ကတော့ စာရေးဆရာ နွမ်ဂျာသိုင်းရဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ “မိုက်မဲလွန်းသော မိန်းမတစ်ယောက်” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ဗျ။ 

ဒီစာအုပ်ကို ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ ပြီးပြတ်အောင် လုပ်ပြီးမှဖတ်ရှုပါ၊ ထမင်းစားပြီးမှ ဖတ်ရှုပါလို့ ဦးစွာ ပြောချင်ပါရဲ့ဗျာ။ ဘာလို့လဲဆိုတော့ ထမင်းမေ့ဟင်းမေ့ဖြစ်အောင်၊ အလုပ်တွေမေ့သွားအောင်ကိုပဲ ခဏလေးဖြစ်ဖြစ် စာအုပ်နဲ့မျက်နှာ မခွာမိဘဲ တစ်ထိုင်တည်း ဖတ်ရှုမိစေမယ့် ဆွဲဆောင်မှုအားပြင်း စာအုပ်ဖြစ်နေလို့ပါပဲ။

[ “ဒီမှာ မြန်မာတစ်ယောက် မြန်မာလိုရေးထားတဲ့စာကို မြန်မာစာတတ်သားရဲ့နဲ့ အဓိပ္ပါယ်မပေါက်လို့ စိတ်ညစ်နေရတဲ့အထဲ”
“…..”
“ဗျာပါစဟန်၊ သွန်ကပီပီ၊ သုံးချီကျူးလတ်၊ မပြည့်ပတ်ဝယ်၊ ထွတ်ထွတ်လန်လန့်၊ ရွံ့ရွှံ့ချည်းချည်း၊ သို့လည်းအသက် … ဟာ ဘာတွေလဲ”
“အေး … ငါလည်း အဲ့လိုဖြစ်နေတာပဲ၊ စာလုံးလည်းပေါင်းတတ်တယ်၊ အသံထွက်လည်း ထွက်တတ်တယ်၊ ဖတ်မရတဲ့ စာသားတစ်လုံးမှမရှိဘဲနဲ့ အဓိပ္ပါယ်လုံးဝနားမလည်လို့” ] 

အသက် ၁၄ နှစ်အရွယ်၊ ခုနစ်တန်းကျောင်းသားဖြစ်တဲ့ ကြည်ဆွေဟာ သူဖတ်နေတဲ့ နတ်သျှင်နောင်ရတုပေါင်းချုပ်ကြီးထဲက ကဗျာတွေစာတွေကို နားမလည်ဟန်နဲ့ စိတ်ညစ်နေချိန်၊ ဒါတွေကို စိတ်ဝင်စားမှုမရှိတဲ့ သူငယ်ချင်းဖြစ်သူ မြင့်စိုးကို ပေးဖတ်လိုက်တဲ့အခါ ပိုပြီ စိတ်ရှုပ်သွားတဲ့ အဖြစ်အပျက်ကလေးနဲ့ ဝတ္ထုအဖွင့်ကို ဖတ်ရှုရပါလိမ့်မယ်။ တကယ်တော့ ဒါဟာ ကြည်ဆွေအနေနဲ့ နတ်သျှင်နောင်ရတုကို အဓိပ္ပါယ်မပေါက်သလိုပဲ မကြာခင်မှာ ကြုံဆုံရတော့မယ့် ကောင်မလေးတစ်ဦးကိုလည်း နားမလည်နိုင်စွာ ချစ်မိသွားတော့မယ့် ရှေ့ပြေးနိမိတ်တစ်ခု … ။ 

[ “လုံးဝအဓိပ္ပါယ်မရှိဘူး ကြည်ဆွေ၊ တစ်လောကလုံး စုစုပေါင်းမှ သူငယ်ချင်းတစ်ယောက်ပဲ ထားရမယ်ဆိုတဲ့ အယူအဆဟာ လူကောင်းတစ်ယောက်ရဲ့ အယူအဆမဟုတ်ဘူး။ ဒါဟာ စိတ္တဇပဲ။ အဲ့ဒါကို မင်းကပါ လိုက်လက်ခံရင် မင်းလည်း အရူးပဲ”
“ဟုတ်တယ် ကြည်ဆွေ … မင်း အဲ့ဒီကောင်မလေးနဲ့ ဆက်မခင်သင့်တော့ဘူး” ]

သူတို့အတန်းကို ပြောင်းလာတဲ့ ထိုက်ထိုက်ထွန်းလင်း ဆိုတဲ့ သိပ်လှတဲ့ကောင်မလေးတစ်ယောက်၊ တစ်တန်းလုံးမှာ ဘယ်သူနဲ့မှ စကားမပြောသလို ခင်မင်ချင်းလည်းမရှိ၊ တစ်ဦးတည်း သီးသန့်နေတဲ့ သူမဟာ တစ်ရက်မှာတော့ ကြည်ဆွေနဲ့ တိုက်ဆိုင်စွာ တွေ့ခဲ့ကြပြီး ကြည်ဆွေဟာ သူမ အသိအမှတ်ပြုခင်မင်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်လာခဲ့တယ်။ မုဆိုးမဖြစ်သူ အမေနဲ့အတူနေပြီး ဆင်းရဲသားလေးဖြစ်တဲ့ ကြည်ဆွေဟာ သူတို့ရဲ့ ညောင်တုန်းမြို့ကို မကြာခင်က ညောင်တုန်းကိုပြောင်းလာတဲ့ ချမ်းသာတဲ့မိသားစုဝင် အရာရှိတစ်ဦးရဲ့ သမီးဖြစ်သူရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သွားတဲ့အခါ …

[ “သူ့ဆီက မင်း ဘာမှမလိုချင်နဲ့ သူစိတ်ချမ်းသာအောင် သူလိုချင်တာရအောင် သူဖြစ်တာဖြစ်အောင် မင်းလုပ်ပေးနေရတာကိုပဲ မင်းအတွက် ဘဝမှာ ကျေနပ်စရာတစ်ခုလို့ သတ်မှတ်လိုက် … သူနဲ့ ပတ်သက်လာရင် မင်းအတွက် အကောင်းဆုံးကိုင်စွဲထားရမယ့်ဝါဒက … ခွင့်လွှတ်ခြင်းပဲ။ ဆရာပြောတဲ့ စကားလုံးတွေ သိပ်မြင့်သွားလား မောင်ကြည်ဆွေ”
“မြင့်တော့မြင့်တယ်ဆရာ … ဒါပေမဲ့ ကျွန်တော် နားလည်ပါတယ်”
“မဟုတ်ဘူး ကြည်ဆွေ။ ဆရာ့စကားကို ခုချိန်မှာ ဘယ်လိုမှ မင်းကောင်းကောင်းနားလည်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နားမလည်ရင်တောင်မှ မှတ်မိအောင် လုပ်ထား။ နောက်ကျရင် ဘယ်သူမှ ရှင်းမပြဘဲ မင်းပိုနားလည်လာပါလိမ့်မယ်” ]

‘ထိုက်ထိုက်’ ရဲ့ စိတ်နေသဘောထားနဲ့ ခံယူချက်အမြင်တွေဟာ ကြည်ဆွေ့အဖို့ နားမလည်နိုင် အဓိပ္ပါယ်ဖော်ရခက်သလို စာဖတ်သူဟာလည်း ပါးစပ်အဟောင်းသားဖြစ်ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ ပြီးဆုံးသွားမလဲဆိုတာ ရင်တမမနဲ့ ဖတ်ရှုနေရသလို ဘယ်ချိန် ဘာတွေဖြစ်မလဲဆိုပြီး ဇာတ်ကောင်နှစ်ဦးရဲ့ လှုပ်ရှားမှုတွေထဲမှာ စီးမျောသွားမိလောက်အောင်ပါပဲ။ 

“အေး … အဲ့ဒါမှ င့ါသူငယ်ချင်း၊ နင့်ကိုငါခင်တာမှန်တယ်။ ဒီမယ် မှတ်ထား ကြည်ဆွေ … ငါက နင့်ကို သူငယ်ချင်းမို့လို့ တန်ဖိုးထားတာ … င့ါရည်းစားထဲမှာ ငါကစပြီး သွားတွေ့သွားခေါ်တဲ့သူ တစ်ယောက်မှ မရှိဘူး။ တွေ့ချင်ရင် င့ါဆီလာ … ငါတွေ့ချင်စိတ်ရှိရင်တွေ့မယ် … တွေ့ချင်စိတ်မရှိရင် လှည့်ကိုမကြည့်ဘူး။ နင့်ဆီကိုကျတော့ ငါကစပြီး အမြဲတမ်းလာတယ်၊ ခေါ်တယ်၊ နင့်ကိုငါ ဘာစတိုင်မှမလုပ်ဘူး သဘောပေါက်” ( ထိုက်ထိုက် )

“အကြောင်းပြချက် မခိုင်လုံသည့် လှုပ်ရှားမှုအားလုံး၏ အကြောင်းပြချက်သည် အချစ်ဖြစ်၏” ဆိုသော အင်္ဂလိပ်ကဗျာဆရာကြီး၊ စာပေဝေဖန်ရေးပညာရှင်ဖြစ်သူ John Dryden ရဲ့ စကားတစ်ခွန်းဟာ ကြည်ဆွေရဲ့ ထိုက်ထိုက်အပေါ်ထားတဲ့ သံယောဇဉ် အဓိပ္ပါယ်ဖွင့်ဆိုချက်ပါပဲ။ ခုနစ်တန်းကျောင်းသားဘဝကစလို့ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်လာတဲ့အချိန်ထိ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်း၊ သူတို့နှစ်ဦး ( အထူးသဖြင့် ) ထိုက်ထိုက်ရဲ့ စရိုက်သဘာဝဟာ စာဖတ်သူရဲ့ စိတ်ကို ညှို့ယူထားသလို ခံစားရပါလိမ့်မယ်။ တကယ်တော့ စာရေးဆရာ ဆရာ နွမ်ဂျာသိုင်းရဲ့ အမှာစာကို ဖတ်ရှုလိုက်ရကတည်းက ဝတ္ထုအပေါ် စိတ်ဝင်စားမှုက တရှိန်ထိုးမြင့်တက်သွားတာပါ။ အမှာစာကိုလည်း ကြည့်ပါဦး။

[ အခုတော့ အမှာစာမရေး၍ မရတော့ပါ။ အကြောင်းမှာ ယခု အမှာစာရေးချိန်တွင် ဤဝတ္ထုကို မူလ ကျွန်တော် … ထွက်မည်ဟု ပြောထားသော အမည်နှင့် မထွက်နိုင်တော့ကြောင်း သိနေရပြီဖြစ်သောကြောင့်ပင်။ ကျွန်တော့်ပရိသတ်ကို လှည့်စားလို၍ အမည်နှစ်မျိုးပြောင်း ထုတ်ဝေခြင်းမဟုတ်ပါ။ ဝတ္ထုကတော့ မူလအတိုင်းအတာတစ်ခုမှ မပြောင်းလဲပါ။ အမှန်စင်စစ် ဤဝတ္ထုသည် ‘မိန်းမတစ်ယောက်’ အကြောင်းသာ ဖြစ်ပါသည်။ ထို ‘မိန်းမတစ်ယောက်’ သည်လည်း မည်သည့် သက်ရှိထင်ရှား ‘မိန်းမတစ်ယောက်’ ကိုမျှ ရည်ညွှန်းဖွဲ့ ရေးသားထားခြင်းမဟုတ်ဘဲ ……. ] 

ဆရာက သူ့ဝတ္ထုထဲက ‘မိန်းမတစ်ယောက်’ ကို ….. [ ထို ‘မိန်းမတစ်ယောက်’ သည် ဆန်းပြားသော စရိုက်လက္ခဏာရှိ၍ သူမကို ကျွန်တော် နာမဝိသေသန အမျိုးမျိုး တပ်၍ရနေပါသည်။ 
လှသော … အကျည်းတန်သော … မချစ်အပ်သော … သို့တည်းမဟုတ် … အမုန်းနှင့်ပင်မထိုက်တန်သော … မိုက်မဲလွန်းသော … သို့မဟုတ် … သနားစရာကောင်းသော … ဘာမှနားမလည်ရှာသော … မိန်းမတစ်ယောက် ] 

ကဲ … စာချစ်သူတို့လည်း ‘မိုက်မဲလွန်းသော မိန်းမတစ်ယောက်’ ဟာ ဘယ်သူဖြစ်လဲ ဘယ်လိုရသခံစားမှုမျိုးနဲ့ ဒီဝတ္ထုကိုဖတ်ရှုရမလဲ သိချင်ရင်တော့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ ခုပဲ *အခမဲ့* ရယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
…….
ရသစုံဝတ္ထုစာအုပ်ကောင်းတွေကို ဝန်ဇင်းမှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတစ်ဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရတဲ့အပြင် ခုလို သောကြာနေ့မျိုးမှာ စာအုပ်ကောင်းတွေကို ***အခမဲ့*** ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။





Related Posts