ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျ …

ဒီနေ့မှာတော့ ဝန်ဇင်းစာချစ်သူတွေအတွက် ရုံးပိတ်ရက်မှာ အေးအေးဆေးဆေး အနားယူရင်း ***အခမဲ့*** ဖတ်ရှုနိုင်ဖို့ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ရှိပါတယ်။ အဲ့ဒါကတော့ စာရေးဆရာ မင်းသိင်္ခရဲ့ “မြိုင်ဟေဝန်” ဆိုတဲ့ ဝတ္ထုပါပဲ။ လျှို့ဝှက် မြိုင်ဟေဝန်မင်းသမီးလေးနဲ့ ပန်းချီဆရာကိုသက်နှင်းတို့တွေ့ဆုံပြီးနောက်ပိုင်း ကိုသက်နှင်းကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမှာပါ။ 
[ “မြိုင်ဟေဝန်မင်းသမီးလေးဟာ ဆရာလေးပြောသလို မာနကြီးတာမဟုတ်ပါဘူး။ တစ်ရွာလုံးကလည်း သူ့ကို မာနကြီးတယ်လို့ မထင်ကြပါဘူး။ အင်မတန်ချစ်ခင်စရာကောင်းတဲ့ အမျိုးသမီးလေးပါ။ ရွာသူရွာသားတွေကလည်း သူ့ကိုချစ်ကြပါတယ်။”
“ဒါနဲ့ ခင်ဗျားပြောတော့ ရွာသူရွာသားတွေနဲ့ အပေါင်းအသင်းမလုပ်ဘူးဆို၊ သူ့နာမည်ကိုတောင် မသိကြဘူးလို့ ခင်ဗျားပဲ ပြောတယ်မဟုတ်လား”
“ဟုတ်တယ်လေ။ ရွာသူရွာသားတွေနဲ့ မြိုင်ဟေဝန်မင်းသမီးလေးဟာ တစ်ခါမှ စကားမပြောဖူးဘူး။ ဒါကလည်း အခြေအနေကြောင့်ပါ။ သူလေးက ရွာသူရွာသားတွေနဲ့ ခင်ခင်မင်မင်နေချင်ပုံရတယ်။ သူ့မျက်နှာလေးကို ကြည့်ပါလား။ အမြဲတမ်းချိုနေတာပဲ။ လူတိုင်းကိုလည်း ပြုံးရွှင်ပြီး ကြည့်တတ်တယ်။ ဈေးထဲကိုလာရင်လည်း ရိုးရိုးကုပ်ကုပ်ပဲ။ ဒါပေမဲ့ ရွာထဲကိုတော့ လမ်းလျှောက်ထွက်လေ့မရှိဘူး။ ဈေးနေ့မှပဲ ဈေးထဲလာတတ်တယ်။ ဈေးလာရင်လည်း ခဏပဲ” 
“ခင်ဗျားပြောတဲ့ အခြေအနေကြောင့်ဆိုတာက ဘာကိုဆိုလိုတာလဲ ကိုအိုက်ပန်။ မြိုင်ဟေဝန်မင်းသမီးလေးက ဘယ်လိုအခြေအနေကြောင့် ရွာသူရွာသားတွေနဲ့ စကားပြောခွင့် မရတာလဲဗျ” 
“ဟား..ဟား..ဟာ…ဆရာလေးကို ကျုပ်က ဒါကြောင့်ပြောတာပေါ့။ မြိုင်ဟေဝန်မင်းသမီးလေးဟာ သိပ် စိတ်ဝင်စားစရာကောင်းတယ်လို့” ] ……
ရှမ်းပြည်နယ်ကို အနားယူရင်း ပန်းချီဆွဲဖို့ ခဏတာ ရောက်ရှိလာတဲ့ ကိုသက်နှင်းတစ်ယောက်ဟာ မြိုင်ဟေဝန်မင်းသမီးအပြင် ထူးခြားတဲ့ ဘိုးသူတော်ကြီးနဲ့ တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ ဘဝတစ်ခုလုံးကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အဖြစ်အပျက်တွေ ပေါ်ပေါက်ခဲ့တယ်။ ဘလက်ဘရားသားလို့ခေါ်တဲ့ လျှို့ဝှက်အသင်းတစ်ခုရဲ့ ဆက်သွယ်မှုတွေ ပေါ်ပေါက်လာပြီး ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုထဲမှာ ကိုသက်နှင်းတစ်ယောက် ပါဝင်မှန်းမသိ ပါဝင်လာခဲ့တော့တယ်။ အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ …
ဒီဝတ္ထုထဲမှာ သစ်တောဝန်ထောက်လူထွက်ပန်းချီဆရာ၊ မြိုင်ဟေဝန်အိမ်ကြီးနှင့် ကျွန်ုပ်၊ ထူးဆန်းသော ဘိုးသူတော်ကြီး၊ ကြေးစည်သက်သေ၊ သေမင်းနိုင်ငံကသုံးသော မတ်စေ့တစ်စေ့၊ ကျွန်ုပ်ထဲမှ မတ်စေ့ကို ထပ်မံရှာဖွေကြခြင်း၊ သေမင်းနိုင်ငံကို သွားချင်သူများ ကျုပ်ဆီကို လွှတ်လိုက်ပါ၊ ကျောက်စာဝန်ဟောင်း ဦးဘတူရဲ့ သေမင်းနိုင်ငံမတ်စေ့နှင့် စာအုပ်၊ ရွှေကလပ်လေးပေါ်မှ နဖာကလော်လေး …. စတဲ့ အခန်းတွေအပြင် အခြားစိတ်ဝင်စားဖွယ် အခန်းတွေကိုလည်း ဖတ်ရှုကြရမှာပါခင်ဗျ။

ဝတ္ထုထဲမှာ ထူးခြားချက်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်မင်းသားကြီး ဆားပုလင်းနှင်းမောင်က ဝတ္ထုရဲ့ တစ်ဝက်လောက်မှာ စတင်ပါဝင်လာတာပါပဲ။ သူပါဝင်လာပြီဆိုတော့ ဘယ်လိုမျိုး စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွေ ပေါ်ပေါက်လာမလဲဆိုတာကတော့ …..

ကဲ … ခုလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆရာမင်းသိင်္ခရဲ့ “မြိုင်ဟေဝန်” ဝတ္ထုကို ဝန်ဇင်းမှာ ခုပဲ  ***အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လားဗျာ … ။ 

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှဝေဖို့လည်း မမေ့နဲ့ဦးနော် ...

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။ 

ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုပါက Like နဲ့ Share လုပ်ဖို့မမေ့နဲ့ဦးနော် ...
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် .....။


Related Posts