ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်းစာချစ်သူများမင်္ဂလာပါ ။

ဒီနေ့ဝန်ဇင်းစာချစ်သူများအတွက် သင်္ကြန်တွင်း ရုံးပိတ်ရက်မှာ အေးအေးဆေးဆေးအနားယူရင်း၊ "အခမဲ့" ဖတ်ဖို့ မိတ်ဆက်ပေးချင်တဲ့စာအုပ်ကတော့ စာရေးဆရာမ လမင်းမိုမို ရေးသားထားတဲ့ ကိုကြီးရဲ့နတ်သမီးဆိုတဲ့စာအုပ်လေးပါ။ဒီစာအုပ်လေးထဲမှာတော့အသက်(၃၀)အရွယ် ခေတ်ယောက်ျားသားလေးဖြစ်ပြီး တိုက်ပုံကြီးတကားကားနှင့်နေတတ်သူ “ကိုကြီး” ခေါ် “ကြီးခေါင်စော” နဲ့ အရာရာကို ကိုယ့်အကြိုက်ကိုသာ လိုက်ပြီးရှာဖွေတတ်သူ မိန်းမချောလေး “နတ်သမီး” တို့ရဲ့လက်ထပ်ပွဲစီစဉ်ကြပုံနဲ့ ဇာတ်လမ်းကိုစတင်ထားပါတယ်။

တကယ်တော့ ကိုကြီးနဲ့နတ်သမီးတို့ဟာ မိဘတွေရဲ့သဘောအရ လက်ထပ်ခြင်းမျိုးနဲ့နှစ်ယောက်တစ်ဘဝ တည်ထောင်ကြတဲ့အခါ . . . ကလေးဆန်ဆန် ဂျစ်ကန်ကန် နတ်သမီးနဲ့ ဒိတ်အောက်ဖက်ရှင်ဝတ်ဆင်သူကြီး ကိုကြီး တို့ ရဲ့ဇာတ်လမ်းကို ဝန်ဇင်း စာချစ်သူတို့စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။ ဝန်ဇင်းစာချစ်သူများ

အတွက် ဒီစာအုပ်လေးထဲကတချို့ကို ကောက်နှုတ်တင်ပြပေးလိုပါတယ်။

“မေမေတို့က ယူဆိုရင်တော့ ယူပါ့မယ် ၊ ဒါပေမယ့် သူကိုချစ်တော့မချစ်ဘူးနော်”

ဤစကားနှင့် လက်ခံလိုက်တာကို မမလတ်က သိလျှင် . . .

“အံမယ် . . . နင် ငါ့အစ်ကို ကို ချစ်ပါတယ် ယောက်မလေး ရယ် ငါသိပါတယ် ၊ ကိုယ့်ဟာကိုယ် မသိတာ ဟွန်း”

“မမလတ်နော် ဒါဖြင့် မယူတော့ဘူး ၊ ချစ်မှမချစ်တာကို ၊ မမလတ်တို့ကိုချစ်လို့ရယ် ၊ သူကိုတော့ ခင်ရုံခင်တာပဲရှိတာ ”

“အေးပါဟယ် . . . ကောင်းပါပြီ ချစ် ချင် ချစ် ၊ ခင် ချင် ခင် ဟယ် ။ လက်ထပ်ဖို့ ခေါင်းညိတ်တယ်ဆိုရင်ပြီးရော ” (ကိုကြီးရဲ့နတ်သမီး မှ)

အဲ့ဒီလို စကားတက် ချစ်စရာကောင်းတဲ့ကောင်မလေးနဲ့ ဖက်ရှင်ဒိတ်အောက်ဝတ်သူ ကိုကြီးတို့ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဝန်ဇင်းစာချစ်သူများ ဆက်လက်ဖတ်ရှု ခံစားပေးပါဦးနော် ။

ကဲ ... ဒီလိုဆိုရင်​ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်ကို ဝယ်ယူ ဖတ်ရှုဖို့ တိုက်​တွန်းလိုက်​ရပါတယ်​ ...။

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့နဲ့ဦး​နော်​ ... ????

အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်​ဗျ။

ဝန်​ဇင်းပရိသတ်​ကြီးကို ချစ်​ခင်​စွာဖြင့်​ ......

Related Posts