ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“စာချစ်သူများ အခမဲ့ဖတ်ရှုဖို့ ဆားပုလင်းမင်းအောင်နှင့် ပန်းကိုးပွင့်ဒေဝီ”

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူ၊ စာဂျပိုးများအတွက် စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ဝတ္ထုကောင်းကောင်းဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ဝန်ဇင်းရဲ့ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” အစီအစဉ် ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာ စာချစ်သူတွေ ***အခမဲ့*** ဖတ်ရှုလို့ရမယ့် စာအုပ်ကတော့ စာရေးဆရာ မင်းမြတ်သူရရဲ့ “ဆားပုလင်းမင်းအောင်နှင့် ပန်းကိုးပွင့်ဒေဝီဂိုဏ်း” ဝတ္ထုပဲ ဖြစ်ပါတယ်။ 

မိန်းမလှလေးတွေချည်း စုထားတဲ့ မျက်လှည့်အဖွဲ့၊ ဆယ်နှစ်ပွဲဈေးသည်တွေနှင့်အတူ နေရာစုံလှည့်လည်သွားရောက်ရင်း တစ်ဦးစီ ထူးချွန်တဲ့ ပညာရပ်တွေနဲ့ ပရိသတ်ကို ဖျော်ဖြေလေ့ရှိကြတယ်။ မိန်းမပျိုလေးတွေချည်း စုထားတဲ့ ဒီအဖွဲ့ဟာ ခြေဦးတည့်ရာ သွားနေခြင်းမဟုတ်သလို၊ သူတို့ရဲ့ ရည်ရွယ်ချက်က …..

သူတို့ဟာ ခေတ်တစ်ခေတ်မှာ နာမည်ကြီးခဲ့တဲ့ ပန်းကိုးပွင့်ဒေဝီိဆိုတဲ့ ဂိုဏ်းကြီးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဝတ္ထုထဲမှာ သူတို့ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကိုချည်း ဖော်ပြထားတာလို့ မထင်ပါနဲ့။ ဆားပုလင်းမင်းအောင် ပါဝင်ပြီဆိုတော့ ဘယ်လိုမျိုး စိတ်ဝင်စားဖို့အကောင်းတဲ့ အမှုအခင်းတွေ ပါဝင်လာမလဲ၊ ပန်းကိုးပွင့်ဒေဝီရဲ့ နောက်ကြောင်းနဲ့ သူတို့ဂိုဏ်းထဲမှာ အရေးပါတဲ့ ဂန္ဓာမာဆိုတဲ့ မိန်းကလေးရဲ့ အတိတ်၊ ဆားပုလင်းမင်းအောင်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူ ချစ်ပွင့်ဟာ ပန်းကိုးပွင့်ဒေဝီနဲ့ ဆက်စပ်နေတဲ့အခါ။ 

ဘယ်လိုဝတ္ထုဇာတ်လမ်းမျိုးကို ဖတ်ရှုရမလဲဆိုတာ သိတယ်ဆိုရင်တော့ …
 
ကဲ၊ ဒီပို့စ်လေးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်  ဒီစာအုပ်ကို ခုပဲ ဝန်ဇင်းမှာ **အခမဲ့*** ရယူ ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများလည်း ရှိနေမှာဖြစ်လို့ ဒီ စာအုပ်ရဲ့ မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းစာချစ်သူတို့အနေနဲ့ ဆားပုလင်းမင်းအောင်ပါဝင်တဲ့ ဝတ္ထုတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်”
“ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းစာချစ်သူတို့ရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts