ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


‘ဖြစ်ချင်တာတွေ ဖြစ်ချင်တယ်ဆိုရင် ဖြစ်ချင်တာဖြစ်မောင်ဘချစ်ကို ဝန်ဇင်းမှာ အခမဲ့ ဖတ်ရှုလိုက်ပါ’ 

ဝန်ဇင်းစာချစ်သူများ …

မနက်ဖြန် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဘာစာအုပ်တွေများ ဖတ်ဖို့ စီစဉ်ထားကြလဲခင်ဗျ ? 
မစီစဉ်ရသေးဘူးဆိုရင် ဝန်ဇင်းကနေ ခု မိတ်ဆက်လိုက်တဲ့ စာအုပ်ကို ခုပဲ ဖတ်ရှုလိုက်ပါတော့။ 

ဝန်ဇင်းရဲ့ ‘ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ’ အစီအစဉ်ဖြစ်လို့ ဒီစာအုပ်ကို *အခမဲ့* ဖတ်ရှုရမှာနော်။ 

စာအုပ်နာမည်က - ဖြစ်ချင်ရာဖြစ် မောင်ဘချစ်
စာရေးဆရာက - မင်းသိင်္ခ 
ညွှန်းချင်တာက - ကိုယ် ဘာဖြစ်ချင်လဲ ? ဖြစ်ချင်တာတွေ ဖြစ်ချင်တယ်ဆိုရင် ဖြစ်ချင်တာဖြစ် မောင်ဘချစ်ကို ဖတ်ပါလို့ပဲ ညွှန်းလိုက်ပါရစေ။ ဒီဝတ္ထုထဲက ဇာတ်ကောင် မောင်ဘချစ်ဟာ စာဖတ်သူရဲ့ အိပ်မက်တွေ ရည်ရွယ်ချက်တွေ ဖြစ်ချင်တာတွေကို ဖြစ်မြောက်စေဖို့ လမ်းညွှန်သွားပါလိမ့်မယ်။ 

ဒီစာအုပ်ဟာ တက်ကျမ်းမဟုတ်ဘူး။ ဒါပေမဲ့ တက်ကျမ်းဆန်တဲ့ ဝတ္ထုပဲ ဖြစ်တယ်လို့ ဆိုရပါမယ်။ တက်ကျမ်းမကြိုက်ဘူးလား ကိစ္စမရှိဘူး။ ဝတ္ထုအဖြစ် ဖတ်လို့ရတယ်။ တက်ကျမ်းသဘောကျလား ရတယ်။ တက်ကျမ်းဆန်တဲ့ ရသဝတ္ထုကို မဖတ်ဖူးရင်တော့ ဒီစာအုပ်ကိုဖတ် !

ဝတ္ထုထဲက မောင်ဘချစ်ဟာ လူတွေအားလုံး လွတ်မြောက်ချင်တဲ့ ‘ဒုက္ခ’ မှ စထားတယ်။ ဆရာမင်းသိင်္ခက မောင်ဘချစ်လို ဒုက္ခစာရင်း လုပ်ကြည့်စမ်းပါတဲ့။ သူပြောတာက ဒီလို -
ဒုက္ခဖြစ်စေသော အကြောင်းတရားများ

( တစ် ) ခင်ဗျားက အမြဲတမ်း ဒုက္ခ ဒုက္ခနဲ့ ညည်းညူနေတယ်၊ ဒုက္ခကို ဖိတ်ခေါ်နေတယ်။ 
( နှစ် ) ခင်ဗျားက မှိုင်တွေချနေတတ်တယ်။ မောင်ဘချစ်က ဘယ်လိုအကြောင်းနဲ့မှ မမှိုင်တတ်ဘူး။ ဖြစ်ချင်ရာဖြစ်လို့ သဘောထားတယ်။ 
( သုံး ) ခင်ဗျားက မရောက်သေးတဲ့ မနက်ဖြန်ကို စိတ်ကူးပြီး မနက်ဖြန်အတွက် စိုးရိမ်နေတတ်တယ်။ 
( လေး ) ခင်ဗျားက တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး သောကဖြစ်နေတတ်တယ်။ 

မိတ်ဆွေ အကယ်၍ ဒုက္ခဖြစ်လာလျှင် မောင်ဘချစ်ကဲ့သို့ ဒုက္ခစာရင်းကို စနစ်တကျလုပ်ကြည့်စမ်းပါ။ ဒုက္ခ၏ ထွက်ပေါက်များ တွေ့လာလိမ့်မည်။ ဤနည်းကို စာရေးသူကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ်ကြည့်ခဲ့ဖူးပါသည်။ အောင်မြင်ခဲ့ဖူးပြီးသော ပွဲတွေ့နည်း ဖြစ်ပါသည်။ ဒုက္ခကို စာရင်းလုပ်ပြီး ဖြေရှင်းပါ။ ( မင်းသိင်္ခ ) 

ကဲ … မောင်ဘချစ်က ဒုက္ခကို ဘယ်လိုစာရင်းလုပ်သတဲ့လဲ ? မောင်ဘချစ်ရဲ့ ဘဝမှာ ဒုက္ခရဲ့ ထွက်ပေါက်ကို ဘယ်လိုရှာတွေ့ခဲ့လဲ ? သုခဝင်ပေါက်ကိုရော ဘယ်နည်းဘယ်ပုံ ရှာတွေ့ခဲ့လဲ ? အရမ်းဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တယ်ဆိုတာကိုတော့ ဒီစာအုပ် ဖတ်ပြီးတဲ့အခါ စာဖတ်သူတို့ တွေးမိပါလိမ့်မယ်။

ဒါကြောင့် … ဆရာမင်းသိင်္ခရဲ့ စာဖတ်ပရိသတ်တွေအဖို့ ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဒီစာအုပ်ကို ဝန်ဇင်းမှာ *အခမဲ့* ဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

“ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဦးနော်” “ဖတ်ချင်တဲ့ စာအုပ်တွေရှိရင်လည်း comment box ထဲမှာ ရေးသားခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
-	အောင်မြင်သူတိုင်း စာဖတ်သည်။ 
-	သင်လည်း အောင်မြင်ချင်ရင် ဝန်ဇင်းမှာ စာဖတ်ပါ။ 
	


Related Posts